Cyber Security

Two Factor Authentication ဆိုတာဘာလဲ?

🔰 2FA ဆိုတာ သည် authentication ၂ မျိုးကို (လျှို့၀ှက် နံပါတ်နှင့် အခြားသော ကိုယ်ဖြစ်ကြောင်းပြနိုင်သည့် အရာ) အသုံးပြုတဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ်။ 2FA ဟာ မိမိအမှန်တကယ် ဖြစ်ကြောင်း၊ အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ 🔰  ဒီအဆင့်မှာဆိုရင် ထည့်သွင်းရတဲ့အရာတွေကတော့ အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။ (၁)  Mobile Phone သို့ပေးပို့သော SMS Code နှင့် (၂) လုံခြုံရေးစနစ်အတွက် ထားရှိသော အက်ပလီကေးရှင်း (Third-Party Application) သို့ပေးပို့သည့် Code  ဥပမာ – မိမိ အသုံးပြုသော Google Account တစ်ခုအတွက် Mobile Phone နံပါတ်ဖြင့် 2FA […]

Two Factor Authentication ဆိုတာဘာလဲ? Read More »

ဆက်သွယ်ပြောဆိုရေးအတွက် Whatsapp

အရင်တည်းကလည်း လူငယ်တွေကြားအသုံးများပြီး ကမ္ဘာအ၀ှမ်းမှာပါ သုံးစွဲသူပေါင်း 2 billion ကျော်ရှိတဲ့ ဆက်သွယ်ရေး Application ကတော့ Whatsapp ပဲဖြစ်ပါတယ်။ ဒါကြောင့် Whatsapp ကို ဘယ်လိုစတင်အသုံးစွဲပြီး လုံခြုံစွာအသုံးပြုပုံတွေကို မျှ၀ေပေးလိုက်ပါတယ်။ Whatsapp ကိုဘယ်လို sign up လုပ်ပြီး စတင်အသုံးစွဲမလဲ? ဘယ်လိုအသုံးပြုရမလဲ ကိုသိချင်ရင် အောက်ပါ ပုံကိုကြည့်ပြီး စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ Whatsapp ကိုဘယ်လို လုံခြုံအောင် အသုံးပြုမလဲ? လုံခြုံရေး function အနေနဲ့ အဓိကအားဖြင့် – Privacy– Security– Two Factor Authentication ဆိုပြီး ၃ ပိုင်းခွဲလို့ရပါတယ်။ ဒီ function တွေကို ဘယ်လိုစနစ်တကျ အသုံးပြုရမလဲ သိချင်ရင် အောက်ပါပုံကို ကြည့်ပြီး

ဆက်သွယ်ပြောဆိုရေးအတွက် Whatsapp Read More »

သင်၏ Data များအား Backup ပြုလုပ်နည်း

♻️ Data Backup ဆိုတာဟာ မိမိရဲ့ ဖုန်း သို့မဟုတ် ကွန်ပျူတာမှာရှိတဲ့ ဒေတာာအချက်အလက်တွေကို ပျောက်ပျက်သွားတဲ့အခါ ပြန်လည်ရယူနိုင်ဖို့ နည်းလမ်းတွေ ထားရှိခြင်း ဖြစ်ပါတယ်။  ♻️ မိမိရဲ့ Device တစ်ခုကနေ အချက်အလက်တွေကို Flash Drives တစ်ခုထဲကို ကူးယူထားပြီး မူလနေရာကနေ ဖျက်ပစ်တာမျိုးဟာလဲ Flash Drive Backup ထားရှိခြင်း ဖြစ်ပါတယ်။  ♻️ အခုလိုမျိုး ဒေတာ သိမ်းဆည်းမှုတွေကို physical devices တွေ မှာ မဟုတ်ပဲ Cloud Storage မှာ ပြုလုပ်လာကြတဲ့အခါ မျိုးမှာလဲ Microsoft ရဲ့ OneDrive ၊ Google Drive နဲ့ iCloud တွေဟာ အသုံးများတဲ့ Service

သင်၏ Data များအား Backup ပြုလုပ်နည်း Read More »

သင့်ရဲ့ ဖုန်း လုံခြုံအောင် ဘာတွေ လုပ်ဆောင်ထားသင့်သလဲ

ယနေ့ခေတ်မှာ လက်ကိုင်ဖုန်းတွေဟာ လူငယ်တွေရဲ့ ဘ၀ တစ်စိတ်တစ်ပိုင်းလို့တောင်ပြောရလောက်အောင် အနေနီးတဲ့ နေ့စဥ်သုံးပစ္စည်းတစ်ခုဖြစ်နေပါပြီ။ ဒါကြောင့် မိမိအသုံးပြုနေတဲ့ လက်ကိုင်ဖုန်းများကို လုံခြုံမှုရှိရှိ အသုံးပြုနိုင်ရန် သိကောင်းစရာ ၆ ချက် ကိုမျှ၀ေပေးလိုက်ပါတယ်။ ၁။ Update အမြဲတမ်း ပြုလုပ်ပါ။ 🛡 Mobile Device တွေကို လုံခြုံအောင်ထားဖို့ အလွယ်ကူဆုံး နည်းကတော့ Update လုပ်ခြင်းဖြစ်ပါတယ်။ ဖုန်းထဲက App တွေကို Update ရတိုင်း တင်ခြင်း ဖုန်း Version အသစ်ရတိုင်း ကိုယ့်ဖုန်းနဲ့ ကိုက်ညီတဲ့ Version ဖြစ်ကြောင်း လေ့လာပြီး Update လုပ်ထားသင့်ပါတယ်။ Update ရတိုင်း သတိပေးတဲ့ Notification လည်း On ထားလို့ရသလို Auto Update လုပ်ပေးတဲ့

သင့်ရဲ့ ဖုန်း လုံခြုံအောင် ဘာတွေ လုပ်ဆောင်ထားသင့်သလဲ Read More »

Data Reset

🔄 Data Reset လုပ်တယ်ဆိုတာ ဘာလဲ? Data Reset လုပ်တယ်ဆိုတာ ကိုယ့်ဖုန်းထဲက ကိုယ်မလိုချင်တော့တဲ့ Data အားလုံးကို အပြီးတိုင် ဖျက်သိမ်းတာပဲဖြစ်ပါတယ်။ Data Reset ပြုလုပ်လိုက်ပြီဆိုရင်တော့ အဲ့ဒီ Data တွေကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်တဲ့အကြောင်းကိုတော့ သတိပြုဖို့လိုပါတယ်။  တကယ်လို့ကိုယ်က အမှန်တကယ် ဒီdata တွေကို ပြန်မလိုတော့မှာ သေချာတယ်ဆိုရင်တော့ Data Reset ပြုလုပ်နိုင်ပါတယ်။ 🔄 ဒါဆို Data တွေကို Delete လုပ်တယ်ဆိုတာကရော? ဒီစကားလုံးတွေကကြည့်လိုက်ရင်တော့ တူတူလိုပဲ ဒါပေမယ့် တကယ်တော့ မတူပါဘူး  ဘယ်လိုကွာခြားလဲဆိုရင် အတိုချုန်းအရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့  Delete: “ဖျောက်ထားလို့တော့ရတယ်၊ ဒါပေမယ့် တကယ်လိုအပ်လာရင်ရှိနေမယ်” Delete ဆိုတဲ့ စကားလုံးကတော့ အများစုသုံးနေကျစကားပါ

Data Reset Read More »

Malware အမျိုးအစားများ အကြောင်း

Malware အမျိုးအစားဘယ်လိုကွဲပြားလဲ၊ သူတို့က ဘယ်လိုပုံစံတွေလဲ ? Virus – အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်ပြီးအခြားသော File တွေ Program တွေကနေ တဆင့် ကူးစက်တာ ဖြစ်ပါတယ်။ Worm – မိမိအသုံးပြုနေတဲ့  Software တွေရဲ့ လုံခြုံရေး အားနည်းချက်ကနေတဆင့် ဝင်ရောက်နိုင်သလို Spam Email တွေ ကနေတဆင့် Worm တွေ ရောက်ရှိလာနိုင်ပါတယ်။ ထိုဖိုင်တွေကို တစ်ချက်ဖွင့်ကြည့်မိတာနဲ့ ကွန်ပျူတာ အသုံးပြုသူရဲ့ အခြားလုပ်ဆောင်ချက် ဘာမှမလိုပဲ Malicious Website တွေထံရောက်သွားနိုင်ပြီး Worm တွေကို အလိုလျောက် Download သွားတာ ဖြစ်ပါတယ်။ Trojan horse – ဂရိလူမျိုးတွေဟာ ထရိုဂျန်  (Trojan War)စစ်ပွဲအတွင်းမှာ ထရွိုင် (Troy)

Malware အမျိုးအစားများ အကြောင်း Read More »

Malware အကြောင်း သိကောင်းစရာများ

Malware လို့ ကျနော်တို့ခေါ်ကြတဲ့ Malicious Software ဆိုတာဟာ ကွန်ပျူတာနဲ့ အသုံးပြုသူကို အဓိကထားတိုက်ခိုက်တဲ့ Program ဒါမှမဟုတ် File တစ်ခုဖြစ်ပါတယ်။  တိုက်ခိုက်ရတဲ့ အကြောင်းအရင်းတွေကတော့ အချက်အလက်တွေ ခိုးယူဖို့၊ ဖျက်စီးဖို့၊ ပြောင်းလဲဖို့၊ ကွန်ပျူတာထဲက လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဖို့နဲ့ အသုံးပြုသူရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။  အထက်မှာ ဖော်ပြခဲ့သလိုမျိုး Malware ဟာကွန်ပျူတာ တစ်လုံးထဲကို နည်းလမ်းအချို့နဲ့ ဝင်ရောက်လာပါလိမ့်မယ်။ ဥပမာ- USB Drive တစ်ခုကနေ File တွေကူးယူခြင်း နဲ့ Software တစ်ခုကို Download ရယူခြင်း၊ Email မှာပါတဲ့ Link တစ်ခုကို နှိပ်မိခြင်းတို့ကနေ ဖြစ်လာနိုင်ပါတယ်။ မိမိ Devices တွေထဲကို Malware ဝင်ရောက်ခြင်းဟာ

Malware အကြောင်း သိကောင်းစရာများ Read More »

Command and Control Attack ဆိုတာဘာလဲ ?

C&C attack ဟာ တိုက်ခိုက်ခံရတဲ့ ကွန်ပျူတာတစ်လုံးထဲသာမက Network တစ်ခုလုံးကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။  C&C attack က ဘယ်လိုတိုက်ခိုက်မှုမျိုးလဲဆိုရင်တော့  ပထမဦးစွာ ကွန်ပျူတာ တစ်လုံးထဲကို စတင်ဝင်ရောက်ပါတယ်။ သူ့ရဲ့နောက်ကွယ်မှာတော့ ကွန်ပျူတာ စနစ်ကို တိုက်ခိုက်မယ့် attacker တွေ ရှိနေပါတယ်။  C&C attack ရဲ့ ကွန်ပျူတာထဲကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းတွေကတော့  ကွန်ပျူတာ တစ်လုံးထဲကို C&C malware စတင်ဝင်ရောက်နိုင်သွားပြီ ဆိုတာနဲ့ အဆိုပါကွန်ပျူတာကနေ တိုက်ခိုက်သူ (attackers) တွေဆီကို နောက်ထပ် ဘာတွေလုပ်ဆောင်ရမလဲဆိုတဲ့ အချက်ပြ (Signal) ပေးပို့လိုက်ပါတယ်။   အဲ့ဒီအချိန်မှာ C&C malware ဝင်ထားတဲ့ ကွန်ပျူတာဟာ C&C Server ကနေ ခိုင်းစေသမျှအရာတွေ (ဥပမာ- နောက်ထပ် Software

Command and Control Attack ဆိုတာဘာလဲ ? Read More »

Telegram နှင့် Signal တို့တွင် Two-Step Verification (2 SV) အသုံးပြုနည်း

📲 (၁) Two-Step Verification (2 SV) ဆိုတာ ဘာလဲ? 📲 Two-Step Verification (2 SV)လို့ အမည်ရတဲ့ 2 SV ဟာ သင့်ရဲ့ အွန်လိုင်းအကောင့်တွေမှာ Password များ အပြင်သို့ ပေါက်ကြားခြင်း၊ ခိုးယူခံရခြင်း ဖြစ်ရပ်များကို ရှောင်ရှားနိုင်ဖို့အတွက် ထပ်ဆင့် လုံခြုံရေး အလွှာ တစ်ခုအနေနဲ့ ကာကွယ်ပေးတဲ့ function တစ်ခုပဲဖြစ်ပါတယ်။ Two-Step Verification (2 SV) အတည်ပြုခြင်းကို ပြုလုပ်ပြီးပါက သင်ရဲ့ အကောင့်ထဲသို့ ၀င်ရောက်ရန် အဆင့် (၂) ဆင့်ဖြင့် Sign-in ပြုလုပ်ရပါလိမ့်မယ်။ သင့်ရဲ့ password ကဲ့သို့ သင်သာ သိသောအရာတစ်ခုခုသင့်ရဲ့ ဖုန်းကဲ့သို့ သင်သာ ကိုင်ဆောင်နိုင်သော

Telegram နှင့် Signal တို့တွင် Two-Step Verification (2 SV) အသုံးပြုနည်း Read More »

သင့်ရဲ့ အကောင့် password များကို လုံခြုံအောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ

🛡️21 ရာစု နည်းပညာ ခေတ်ကြီးမှာ လူသားတွေဟာ အင်တာနက်ပေါ်ကို အမှီသဟဲ ပြုလာကြရပါတယ်။ စီးပွါးရေးအတွက်ပဲဖြစ်ဖြစ်၊ ပညာရေးအတွက်ပဲဖြစ်ဖြစ် အင်တာနက်ပေါ်ကနေ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲပေါင်းများစွာနဲ့ ရှေ့ဆက်နေကြရပါတယ်။ ဒီအထဲမှာဆိုရင် အီးမေးလ် အကောင့်တွေနဲ့ လူသုံးများတဲ့ ဖေ့စ်ဘုတ် လိုမျိုး ဆိုရှယ်မီဒီယာအကောင့်တွေဟာလဲ အပါအဝင်ဖြစ်ပါတယ်။ 🛡️လူသားတွေဟာ ကိစ္စတော်တော်များများကို အင်တာနက်ပေါ်မှာ အခြေခံလာတာနဲ့အမျှ အင်တာနက်ကနေတဆင့် သတင်းအချက်အလက်ခိုးယူမှုတွေ ၊ ဟက်ခ် ခံရမှုတွေ ဖြစ်တဲ့ Cyber Attack များဟာ တိုးပွါးလျက်ရှိလာပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေ ၊ အကောင့်တွေရဲ့ ပင်မလုံခြုံရေးဖြစ်တဲ့ Password ကို အထူးဂရုပြုထားကြဖို့လဲ လိုအပ်ပါတယ်။ 🛡️ဖေ့စ်ဘုတ်အကောင့်၊ အီးမေးလ် အကောင့်နဲ့ ဘဏ်အကောင့်တွေရဲ့ Password (လျှို့ဝှက်နံပါတ်) ဟာ လုံးဝလုံးဝ တူညီနေလို့မရပါဘူး။လူအများစုဟာ

သင့်ရဲ့ အကောင့် password များကို လုံခြုံအောင် ဘယ်လို ထိန်းသိမ်းနိုင်မလဲ Read More »