Cyber Security

Duo Mobile App အသုံးပြုနည်း

Duo Mobile App ဆိုတာဘာလဲ? Duo Mobile App ဆိုတာ ကိုယ့်ရဲ့ Social Media Accounts တွေကို နှစ်ဆင့်ခံ သော့ခတ်ခြင်း (Two-Factor Authentication – 2FA) ပြုလုပ်လို့ရတဲ့ Application တစ်ခု ဖြစ်ပါတယ်။ Duo Mobile App ကို အသုံးပြု၍ အသုံးများသည့် Social Media များ ဖြစ်သည့် Facebook, Google, Twitter, Instagram နှင့် အခြားသော App များကို 2FA ပြုလုပ်နိုင်ပါတယ်။ Duo Mobile App Download ရယူနည်း Step (1) Duo Mobile App အား Play […]

Duo Mobile App အသုံးပြုနည်း Read More »

Google Authenticator အသုံးပြုနည်း

Google Authenticator ဟာ သင့်ရဲ့ အကောင့်များကို စကားဝှက်ခိုးယူခြင်းမှ ကာကွယ်ရန် အသုံးပြုနိုင်တဲ့ အခမဲ့ လုံခြုံရေး Application တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ အသုံးပြုရလွယ်ကူပြီး  Gmail, Facebook, Twitter, Instagram နှင့် အခြားဆိုရှယ်မီဒီယာ အကောင့်များကဲ့သို့ လူသုံးများသော Platform များတွင် ပါ၀င်သည့် Two-Factor authentication ဟုခေါ်သော 2FA ခံထားရန် အသုံးပြုနိုင်ပါတယ်။ Step (1)Google Authenticator App အား Google Play, Apk Pure အစရှိသည်တို့မှ Download ပြုလုပ်ပါ။ Step (2)မိမိ Google account အား two-step verification ပြုလုပ်ထားပါ။ မိမိ google account ရှိ

Google Authenticator အသုံးပြုနည်း Read More »

Viber ကို လုံခြုံအောင် ဘယ်လို အသုံးပြုနိုင်မလဲ

ကျွန်တော်တို့ အများစု အသုံးများသော Viber ကို စနစ်တကျနဲ့ လုံခြုံစွာ သုံးနိုင်ဖို့ အောက်က အချက်လေးတွေ သေချာလိုက်နာကြဖို့ လိုပါတယ်။ (1) End-to-End Encryption Viber ကိုအသုံးပြုတဲ့အခါမှာ တစ်ဦးချင်းစီပို့တဲ့ One-on-One Chats တွေမှာပဲ ဖြစ်ဖြစ်၊ အဖွဲ့လိုက်စာပို့စနစ်ဖြစ်တဲ့ Group Chats တွေမှာဖြစ်ဖြစ် ပေးပို့လာသည့် အကြောင်းအရာတွေကို စာပို့သူနဲ့ စာလက်ခံရရှိသူသာ ဖတ်ရှုနိုင်ပါတယ်။ ကြားခံ Third Party များ၊ ဥပမာ – ဒါပေမယ့် End-to-End Encryption ဟာ အောက်ပါ Version တွေမှာသာ ရရှိနိုင်ပါတယ်။ iOS/ Android – version 6.0 and newerDesktop – version 6.0

Viber ကို လုံခြုံအောင် ဘယ်လို အသုံးပြုနိုင်မလဲ Read More »

iOS user များအတွက် လုံခြုံစိတ်ချရသော အွန်လိုင်းမလိုတဲ့ Text Nearby

Text Nearby ဟာ iOS ဖုန်းများ အသုံးပြုသူအချင်းချင်း အင်တာနက်မလိုဘဲ ဆက်သွယ်ပြောဆိုနိုင်တဲ့ Offline SMS Application ပဲ ဖြစ်ပါတယ်။ အင်တာနက် (သို့) Wifi မလိုအပ်ဘဲ Bluetooth ချိတ်ဆက်မှုဖြင့် မိမိနှင့် (၃၃) ပေ အကွာအ‌ဝေးအတွင်းရှိ user များနှင့် အခမဲ့ စာ အပြန်အလှန်ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Text Nearby ကို ဘယ်လို အသုံးပြုရမလဲဆိုတာ သိချင်ရင်တော့ အောက်ပါပုံမှာ တစ်ဆင့်ချင်း လေ့လာကြည့်ကြရအောင်။ Text Nearby app အား download ရယူရန်https://apps.apple.com/us/app/text-nearby/id1088624178

iOS user များအတွက် လုံခြုံစိတ်ချရသော အွန်လိုင်းမလိုတဲ့ Text Nearby Read More »

Android user များအတွက် လုံခြုံစိတ်ချရသော အွန်လိုင်းမလိုတဲ့ Silence (SMS App)

ကျွန်တော်တို့ အားလုံး တစ်ယောက်နဲ့ တစ်ယောက် အင်တာနက်ကနေတစ်ဆင့် ပြောဆိုဆက်သွယ်တဲ့အခါ ကျွန်တော်တို့ရဲ့ Privacy တွေ အချိုးဖောက်မခံရဘဲ ပြောဆိုဆက်သွယ်တတ်ဖို့ဟာ အလွန်ပဲအရေးကြီးလာပါတယ်။ ယခု ဆောင်းပါး မှာတော့ အင်တာနက်မရှိတဲ့အချိန် message ပို့ပြီး ပြောဆိုဆက်သွယ်ရတဲ့အခါ ကိုယ်ပို့တဲ့စာတွေရဲ့အကြောင်းအရာကို Telecom Operators တွေ၊ Vendors တွေ နဲ့ အခြားသူတွေ အလွယ်တကူကြည့်ရှုလို့မရအောင်၊ ကိုယ့်ဖုန်းပျောက်ခဲ့ရင်တောင် ပို့ထားခဲ့ဖူးတဲ့ စာတွေမမြင်ရအောင် လုပ်ထားလို့ရတဲ့အကြောင်းလေးကို မျှဝေပေးသွားပါမယ်။ အဲလို လုပ်ထားဖို့ကတော့ Application တစ်ခုသုံးဖို့လိုအပ်ပါတယ်။ အဲ့ဒါကတော့ Silence ဆိုတဲ့ SMS Application ဖြစ်ပါတယ်။ အပိုင်း (၁) Silence App အကောင့်ဖွင့်နည်း အဆင့်ဆင့် 👇👇 အပိုင်း (၂) Silence App Feature

Android user များအတွက် လုံခြုံစိတ်ချရသော အွန်လိုင်းမလိုတဲ့ Silence (SMS App) Read More »

End-to-End Encryption အကြောင်း သိကောင်းစရာ

🔐 ယခုခေတ်ကာလနောက်ပိုင်းမှာဆိုရင် လူအများစုကြားမှာ “ ဘယ် အွန်လိုင်း အပလီကေးရှင်း ကတော့ End-to-end encryption (E2EE) ပါလို့ ပိုပြီး လုံခြုံတယ်၊ ဘယ်အပလီကေးရှင်းကတော့ မပါလို့ သိပ်မလုံခြုံဘူး ဆိုပြီး အွန်လိုင်းကနေ အချင်းချင်းစကားပြောကြတဲ့အခါ message တွေကို encryption နဲ့ပို့ ကြပါ ” စသဖြင့် လူပြောများလာကြပါတယ်။ 🔐 🛡️ End-to-end Encryption ဆိုတာက ဘာလဲ? End-to-end Encryption က လွယ်လွယ် ပြောရရင် သင် message တစ်ခုကို ပို့လိုက်တဲ့ အခါမှာ ပေးပို့သူနဲ့ လက်ခံသူကလွဲပြီး တခြားဘယ်သူမှ (အသုံးပြုတဲ့ application server ကတောင်မှ) 🚫 ဝင်ဖတ်လို့ မရအောင် ပြုလုပ်ပေးထားတဲ့

End-to-End Encryption အကြောင်း သိကောင်းစရာ Read More »

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုး

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုးရှိတယ်ဆိုပေမယ့် အဖြစ်များတဲ့ တိုက်ခိုက်မှုတွေကို လေ့လာကြည့်ရအောင် ဆိုင်ဘာတိုက်ခိုက်မှုပုံစံတွေကို ပြောပြပေးထားတဲ့ ဗီဒီယိုလေးကို ကြည့်ကြည့်ရအောင်

ဆိုင်ဘာတိုက်ခိုက်မှုပုံစံအမျိုးမျိုး Read More »

Email Phishing အကြောင်း သိကောင်းစရာ

Email Phishing ဆိုတာကတော့ အရေးကြီးအချက်အလက်တွေကို လိမ်လည်ရယူတဲ့အခါမှာ လူသိများထင်ရှားတဲ့ Website သို့မဟုတ် မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖြစ် ဟန်ဆောင်ကာ Email ပေးပို့ခြင်းဖြစ်ပါတယ်။ များသောအားဖြင့် Email Phishing ဟာ မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်ကာ ရောက်လာတတ်ပါတယ်။ [ဥပမာ(၁) မိမိ၏ ကုမ္ပဏီမှ အထက်အရာရှိအဖြစ် ဟန်ဆောင်ကာ ဘဏ်အကောင့်တစ်ခုထံသို့ အရေးတကြီး ငွေလွှဲခိုင်းခြင်းများ အဖြစ်များပါတယ်။] ဒါဆိုရင် ဘာတွေ သတိပြု စစ်ဆေးရမလဲ ထိုအခါမှာ ပေးပို့လာသော Email လိပ်စာသည် မိမိအထက်အရာရှိ၏ အီးမေးလ် အစစ်အမှန်ဖြစ်ကြောင်း ဦးစွာ အတည်ပြုရပါမယ်။ ထို့နောက် အီးမေးလ် တွင်ပါသော အကြောင်းအရာတို့ကို ဆီလျော်မှုရှိမရှိ စစ်ဆေးရပါမယ်။ [ဥပမာ (၂) တစ်ခါတစ်ရံတွင် လူသိများသော စီးပွားရေးလုပ်ငန်းများအဖြစ်

Email Phishing အကြောင်း သိကောင်းစရာ Read More »

Social Media Phishing

Social Media Phishing ဆိုတာဟာ လူသုံးများတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတွေကနေတစ်ဆင့် လင့်ခ်များ(Link) ပေးပို့ပြီး အချက်အလက်များ တောင်းခံကာ လိမ်လည်ခြင်း ဖြစ်ပါတယ်။ Social Media Phishing ဖြစ်ရပ်တွေဟာ နေ့စဉ်နဲ့အမျှ ကြောက်စရာ ကောင်းလောက်အောင် များပြားလာလျက်ရှိပြီး 2018 ခုနှစ်မှ 2019 ခုနှစ်အတွင်း 40% အထိမြင့်တက်လာခဲ့ပါတယ်။ ဒီလို လူသုံးများတဲ့ Social Media မှတစ်ဆင့် တိုက်ခိုက်မှုတွေဟာ 66% လောက်အထိ အောင်မြင်မှုရှိကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အသုံးများတဲ့ Facebook ဖေ့စ်ဘုတ် မှတစ်ဆင့် အများဆုံးတိုက်ခိုက်ခံရလေ့ရှိပါတယ်။ ဥပမာ အားဖြင့် – မိမိအကောင့်ထဲမှ သူငယ်ချင်းတစ်ဦးဦးက မက်ဆင်ဂျာမှ တစ်ဆင့် ကုမ္ပဏီတစ်ခုမှ နှစ်ပတ်လည် ကံစမ်းပွဲဟုဆိုကာ ကံစမ်းရန် ပေးပို့လာသော လင့်ခ်ထဲသို့

Social Media Phishing Read More »

Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ 🔍

စာဖတ်ရန် ကြာချိန် (၃) မိနစ် အခုလို ITခေတ်ကြီးမှာ သတင်းအချက်အလက်နဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အရာအားလုံးဟာ online ပေါ်ရောက်လာပါတယ်။ အလုပ်လုပ်တော့လည်း အိမ်မှာပဲလုပ်ရ၊ သင်တန်းတွေတတ်မယ်ဆိုတော့လည်း Online class တွေ ဖြစ်ပြီး အိမ်မှာပဲသင်ရ၊ အိမ်မှာပဲနေနေရတဲ့အခါ လူတစ်ယောက်ရဲ့ တစ်နေ့တာ အချိန်သုံးပုံပုံ နှစ်ပုံလောက်ကို Social Media ပေါ် မှာပဲ ကုန်ဆုံးနေကြရပါတော့တယ်။အားလုံး သုံးနေတဲ့ Social Mediaဆိုတာကလည်း သတင်းနှင့် သုတရသအဖြာဖြာ အစရှိတာတွေကို တစ်နေရာထဲမှာ အစုံအလင်ကြည့်ရှုနိုင်ပါတယ်။ လူတော်တော်များများကလည်း Up To Date သတင်းတွေကို အရင်ကလို တီဗီရုပ်မြင်သံကြားတွေကနေ တစ်ဆင့် ၊ ရေဒီယို တွေကနေ တစ်ဆင့် ဒါမှမဟုတ် သတင်းစာတွေ ဖတ်ရှုခြင်းကနေ မဟုတ်ဘဲ Social Media

Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ 🔍 Read More »