Cyber Security

Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ။

⚠️ဆိုရှယ် မီဒီယာကို နေ့စဉ်နှင့်အမျှ ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုနေကြတဲ့ ခေတ်ကြီးမှာ သတင်းအချက်အလက် ခိုးယူခံရမှုတွေ၊ လိမ်လည်လှည့်ဖျား၍ ငွေညှစ်ခံရမှုတွေဟာ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့တဲ့ စစ်တမ်းများအရ လုပ်ငန်းခွင် (၈) ခုမှာ အနည်းဆုံး (၁) ခုဟာ အင်တာနက်ပေါ်ကတစ်ဆင့် ယခုလို တိုက်ခိုက်တာမျိုး ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။⚠️ ယခုလို အင်တာနက်ကတစ်ဆင့် တိုက်ခိုက်ခံရတဲ့  Phishing ဆိုတာဘာလဲ 🔴 Phishing ဆိုတာဟာ သူ့ရဲ့အသံထွက်အတိုင်း Fishing (ငါးမျှားခြင်း)🎣 နဲ့ အသွင်တူပါတယ်။  🔴 ပထမဦးစွာ ငါးစာအဖြစ်နဲ့ မိမိရဲ့အသိမိတ်ဆွေ၊ မိမိရဲ့လုပ်ငန်းရှင်၊ နာမည်ကြီးစီးပွါးရေးလုပ်ငန်း တို့ရဲ့ Website များအဖြစ် ဟန်ဆောင်ကာ အီးမေးလ် (Email) ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ လင့်ခ် (link) များ […]

Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ။ Read More »

🔍Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ🗞

စာဖတ်ရန် ကြာချိန် (၅) မိနစ် အခုလို ITခေတ်ကြီးမှာ သတင်းအချက်အလက်နဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အရာအားလုံးဟာ online ပေါ်ရောက်လာပါတယ်။ အလုပ်လုပ်တော့လည်း အိမ်မှာပဲလုပ်ရ၊ သင်တန်းတွေတတ်မယ်ဆိုတော့လည်း Online class တွေ ဖြစ်ပြီး အိမ်မှာပဲသင်ရ၊ အိမ်မှာပဲနေနေရတဲ့အခါ ကျွန်တော်တို့တစ်တွေရဲ့ တစ်နေ့မှာ အချိန်သုံးပုံပုံ နှစ်ပုံလောက်ကို Social Media ပေါ် မှာပဲ ကုန်ဆုံးနေကြရပါတော့တယ်။ ကျွန်တော်တို့တွေ သုံးနေတဲ့ Social Media ပေါ်မှာ သတင်းနှင့် သုတရသအဖြာဖြာ အစရှိတာတွေကို တစ်နေရာထဲမှာ အစုံအလင်ကြည့်ရှုနိုင်ပါတယ်။ထိုအခါ ကျွန်တော်တို့တွေဟာ Up To Date သတင်းတွေကို အရင်ကလို တီဗီရုပ်မြင်သံကြားတွေကနေ တစ်ဆင့် ၊ ရေဒီယို တွေကနေ တစ်ဆင့် ဒါမှမဟုတ် သတင်းစာတွေ ဖတ်ရှုခြင်းကနေ မဟုတ်ဘဲ

🔍Misinformation မဖြစ်ဖို့ မှန်ကန်တဲ့ သတင်းတွေကို ဘယ်လိုရှာဖတ်မလဲ🗞 Read More »

🚨Cyber bullying ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 🚨

စာဖတ်ရန် ကြာချိန် (၁၀)မိနစ် လွန်ခဲ့တဲ့ ၁၅၀၀ ပြည့်နှစ်တွေ🗡တုန်းက “Bully” ဆိုတဲ့ စကားလုံးဟာ “ အချစ်လေး အသည်းလေး” လို့ ချစ်စနိုးနဲ့ခေါ်ဝေါ် ရာမှာ ရည်ညွှန်း အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမယ့် နောက်ပိုင်းနှစ်ကာလတွေမှာ ထိုစကားလုံးဟာ “အားနည်းသူများကို နှောင့်ယှက်သူ” အဖြစ် ပြောင်းလဲသုံးနှုန်းလာကြပါတယ်” လို့ Touro University Worldwide ရဲ့ အင်တာနက်စာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။ 🚨Bully တစ်မျိုးပဲရှိတာလား..။အနိုင်ကျင့်ခြင်း သို့မဟုတ် “Bully” ပြုလုပ်တယ်ဆိုတဲ့နေရာမှာ “Traditional Bullying” လို့ခေါ်တဲ့ “ကိုယ်ထိလက်ရောက် သမားရိုးကျ အနိုင်ကျင့်ခြင်း” အပြင် “Cyber Bullying” လို့ခေါ်တဲ့ အွန်လိုင်းဆိုရှယ်မီဒီယာ ပလက်ဖောင်းကိုအသုံးပြုကာ ကီးဘုတ်နောက်ကွယ်ကနေ တိုက်ခိုက်ခြင်းမျိူးလည်း ရှိပါသေးတယ်။အရာရာဟာ နည်းပညာဖြစ်နေတဲ့ ခေတ်ကြီးမှာ Cyberbullying ဟာလည်း လူသားတွေရဲ့

🚨Cyber bullying ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 🚨 Read More »

Cyber Security First Aid💼(မိမိဖုန်းများ၊ accounts များကို လုံခြုံစွာ အသုံးပြုရန်)

အားလုံးသော လူငယ် လူကြီးတွေအနေနဲ့ အင်တာနက်တွေ Digital Devices တွေကို အသုံးပြုရတဲ့ အခါမှာ မိမိရဲ့ အကောင့် သို့မဟုတ် အသုံးပြုတဲ့ ဖုန်းများ device များ လုံခြုံအောင် ပြုလုပ်သင့်တဲ့ အရာတွေကို ကျွန်တော်တို့ သိနားလည်သမျှ ဝေမျှပေးလိုက်ပါတယ်‌။👇 Google Playstore (သို့) Apple Store မှ Application များမဟုတ်ပါက Install မလုပ်ပါနှင့်။ မလိုအပ်သော Application များ မိမိဖုန်းထဲ သို့သွင်းမထားပါနှင့်။ Online တက်ရာတွင် Website လင့် များကို မနှိပ်မှီ သေချာစွာ သတိထားပြီး စစ်ဆေးပါ၊ မိမိ မသိသော Website များကို လုံးဝ ရှောင်ကျဉ်ပါ။ ဖုန်းတစ်လုံးမှ အခြား devices

Cyber Security First Aid💼(မိမိဖုန်းများ၊ accounts များကို လုံခြုံစွာ အသုံးပြုရန်) Read More »

ဆိုရှယ်မီဒီယာတွေ လုံခြုံဖို့ Two-factor Authentication (2FA) 🔐

သင့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ လုံခြုံပြီဆိုတာ သေချာရဲ့လား❓❓⚠️အခိုးယူ မခံရဖို့ သတိထားဖို့လို! ⚠️ ❓ဘယ်လို ကာကွယ်ရမှာလဲ??🔹 လျှို့ဝှက်နံပါတ် (Password – pw) တစ်ခုတည်းနဲ့မရ။🔹️ “နှစ်ဆင့်ခံ သော့ခတ်ရမယ်” Two-Factor Authentication (Two Step Verification) ကို သုံးဖို့လို။ ❓ နှစ်ဆင့်ခံ သော့ခတ်တယ် (2FA) ဆိုတာ ဘာကြီးလဲ?မြမြရဲ့ ဖေစဘွတ်ကို မသမာသူက လှမ်းပြီး အကောင့်ကို ဟခ်မယ် pw ခိုးပြီးဝင်ဖို့လုပ်မယ်။ မြမြ ကငပိန်း မဟုတ်တော့ 2FA app ဒေါင်းပြီး ဖေစဘွတ်နဲ့ ချိတ်ထားတယ်။ မသမာသူသာဂိကို နင်မြမြလား 2FA App မှာအခုပြ​နေတဲ့ ဂဏန်း ၆ခုပေးလို့ ထပ်တောင်းမှာပါ။ သာဂိတစ်ကောင်အဲ့မှာ ဂိမှာပါ။

ဆိုရှယ်မီဒီယာတွေ လုံခြုံဖို့ Two-factor Authentication (2FA) 🔐 Read More »

Password တွေကို အလွယ်တကူ Hack လို့ မရအောင် ဘယ်လိုထားရမလဲ ⚔

တိုးတက် ပြောင်းလဲလာတဲ့ ၂၁ ရာစု ကြီးမှာကောင်းသောပြောင်းလဲခြင်းတွေ ရှိသလို ၊ တိုးတက်မှုရဲ့ ရိုက်ခတ်မှုတွေဟာလည်း မရေတွက်နိုင်အောင်ပါပဲ။ ထိုအထဲမှာ အင်တာနက်ပေါ်မှ ဆက်သွယ်ပြောဆိုနိုင်ခြင်း ဆိုတဲ့ ဒစ်ဂျစ်တယ်တိုးတက်မှု ဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ဒီလို လူမှုကွန်ရက်ချိတ်ဆက်မှုတွေပေါများလာတာနဲ့အမျှ သတင်းအချက်အလက် ပေါက်ကြားခြင်း ဆိုတဲ့ ၂၁ ရာစုရဲ့မလုံခြုံမှုတစ်ခုကို တွေ့ကြုံလာကြရပါတယ်။ယေဘုယျအားဖြင့် သတင်းအချက်အလက် ပေါက်ကြားခြင်းများရဲ့ မူလဇစ်မြစ်ဟာ မိမိထားရှိတဲ့ စကားဝှက်(Password)များ မခိုင်လုံခြင်း၊ ပေါက်ကြားခြင်း တို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။အချို့သော စကားဝှက်(Password)များဟာ အင်မတန်မှ ခန့်မှန်းရန် လွယ်ကူလွန်းလှတဲ့၊ လူအသုံးများလှတဲ့ စကားဝှက်များ ဖြစ်နေတတ်ပါတယ်။ (ဥပမာ-iloveyou)ထိုသို့သော လွယ်ကူရိုးရှင်းတဲ့ စကားဝှက် တွေကို မိမိမဟုတ်တဲ့အခြားသူများ ခန့်မှန်းရခက်စေဖို့အတွက် နံပါတ်(သို့မဟုတ်) သင်္ကေတများထည့်ကာ အသုံးပြုနိုင်ပါတယ်။ ⚔ 📱📱📱📱📱 ⚔MYEOers တို့အနေနဲ့ စကားဝှက်(Password)များကို အထက်ပါ

Password တွေကို အလွယ်တကူ Hack လို့ မရအောင် ဘယ်လိုထားရမလဲ ⚔ Read More »

ခိုင်မာတဲ့ Password တွေကို လုံခြုံစွာ မှတ်မိနေစေဖို့ Password Manager 🚪

၂၁ရာစု နည်းပညာခေတ်ကြီးမှာ ကျွန်တော်တို့ဟာ အင်တာနက်အပေါ် မှီခိုလာရတာနဲ့အမျှ လူမှုရေးအတွက်၊ စီးပွားရေးအတွက်၊ ပညာရေးအတွက် အစရှိသဖြင့် ကိုယ်ပိုင် အကောင့်ပေါင်း များစွာကိုဖွင့်လှစ် အသုံးပြုလာရပါတယ်။ ဥပမာ − Facebook account , Gmail account တို့လိုမျိုးပေါ့ဒါပေမဲ့ အကောင့်တိုင်းမှာ တူညီတဲ့ လျှို့ဝှက်နံပါတ် (Password) ကို အသုံးပြုရင် ဒါမှမဟုတ် တူညီတဲ့လျှို့ဝှက်နံပါတ် (Password)ကိုဘဲ အနည်းငယ်ပြောင်းလဲလိုက်ပြီး အသုံးပြုမိရင် သင့်အနေနဲ့ Cyber Attack အလွယ်တကူ လုပ်ခံရနိုင်တယ်ဆိုတာကို သိပါသလား။ ⁉️🔸 ဟုတ်ပါတယ်။ အလွယ်တကူ cyber attack လုပ်ခံရနိုင်ပါတယ်။ဘာလို့ဆိုရင် သင့်ကို Cyber Attack လုပ်လာတဲ့သူက သင့်ရဲ့ ကိုယ်ပိုင်အကောင့်တစ်ခုကို ရရှိသွားတဲ့အခါကျရင် တခြားကျန်တဲ့ သင့်ရဲ့ အကောင့်တွေကိုလည်း လွယ်လွယ်ကူကူဘဲ

ခိုင်မာတဲ့ Password တွေကို လုံခြုံစွာ မှတ်မိနေစေဖို့ Password Manager 🚪 Read More »

လူတိုင်းရဲ့ဆိုက်ဘာ လုံခြုံရေးအတွက် Signal App📱

အွန်လိုင်းဆက်သွယ်မှုအတွက် ကျွန်တော်တို့အားလုံး app အမျိုးမျိုးကို အသုံးပြုလာကြပါတယ်။ အဲ့လို အသုံးပြုတဲ့အခါမှာ ဆိုက်ဘာလုံခြုံရေးဟာ အထူးဂရုစိုက်သင့်တဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အရေးကြီးတဲ့ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီးOnline Communication Apps တွေထဲမှာ နည်းပညာရှင်တွေ တော်တော်လေး safe ဖြစ်တယ်လို့ ထောက်ခံကြတဲ့ Signal App အကြောင်းကို အားလုံးသိအောင် အောက်က ပုံတွေနဲ့ တစ်ဆင့်ချင်း ပြောပြချင်ပါတယ်။Signal App ကို အသုံးပြုဖို့အတွက် ပုံတွေကို Save ထားပြီး လေ့လာနိုင်သလို App ကိုလည်း အောက်က Link တွေကနေတစ်ဆင့် Download ပြုလုပ်နိုင်ပါတယ်။ 👇👇 Download ပြုလုပ်ရန် (Android)https://play.google.com/store/apps/details…Download ပြုလုပ်ရန် (iOS)https://apps.apple.com/…/signal-private…/id874139669 MYEO ရဲ့ တခြားသော platform တွေမှာလည်း Cyber Security

လူတိုင်းရဲ့ဆိုက်ဘာ လုံခြုံရေးအတွက် Signal App📱 Read More »

Social Media Account များ နဲ့ Mail Account များ၏ လုံခြုံမှု🔏

ဒီ ၂၁ ရာစုအချိန်မှာ လူတိုင်းအားလုံးနီးပါး အလုပ်အတွက်ဘဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအတွက်‌ ကြောင့်ဘဲဖြစ်ဖြစ် Social Media Accounts (Facebook, Twitter, Instagram) တွေ နဲ့ Gmail၊ Email တွေကို အသုံးပြုကြလေ့ရှိပါတယ်။ဒီအရာတွေကို အသုံးပြုကြတဲ့အခါမှာ ကောင်းမွန်စွာ ထိထိရောက်ရောက် အသုံးပြုတတ်ဖို့လိုသလို လုံခြုံစွာနဲ့ အခိုးခံရတာတွေမရှိအောင်လည်း သုံးတတ်ကြဖို့ အရေးကြီးပါတယ်။အခြေခံအလေ့အကျင့်အနေနဲ့ အရေးကြီးတဲ့ Cyber security တွေအချိုးဖောက်မခံရဖို့ဆို ကျွန်တော်တို့ အသုံးပြုတဲ့ Digital App တိုင်းကို Two Factor Authenticator (2FA)လို့ခေါ်တဲ့ ထပ်ဆင့် password ခံခြင်းမျိုးလုပ်ဖို့လိုအပ်ပါတယ်။2FA ခံကြတဲ့နေရာမှာလည်း ဖုန်းနံပါတ်တွေနဲ့ အသုံးပြုတာထက် ပိုပြီးလုံခြုံစိတ်ချရတဲ့ third party app တွေကို အသုံးပြုဖို့အကြံပြုချင်ပါတယ်။ ဖုန်းနံပါတ်ကို အသုံးပြုပြီး 2FA

Social Media Account များ နဲ့ Mail Account များ၏ လုံခြုံမှု🔏 Read More »

အင်တာနက် မရှိရင် အချင်းချင်း ဆက်သွယ်နိုင်ဖို့ Briar 🌐

Briar ဆိုတဲ့ Application က အင်တာနက်မရတဲ့နေရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်သွယ်ပြောဆိုလို့ရအောင် ဒီဇိုင်းဆွဲထားတဲ့ App တစ်ခုဖြစ်ပါတယ်။ဒီ App က တခြား App တွေလို အင်တာနက်ရှိမှ သုံးလို့ရတာမဟုတ်ဘဲ “Mesh network” လို့ခေါ်တဲ့ လူတွေ အများကြီးကနေ Bluetooth ဒါမှမဟုတ် Wi-Fi ကို အသုံးပြုရတဲ့ “Bridgefy” လိုမျိုးလည်း သုံးလို့ရတဲ့ App ပါ။ကျွန်တော်တို့အမြင်အရဆိုရင် ဒီ Briar App က Bridgefy ထက်ပိုပြီး သုံးရတာ Safe ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင်▪️ ဒီ App ကိုအသုံးပြုဖို့ ကိုယ့်ရဲ့ဖုန်းနံပါတ်တွေ၊ Email address တွေကိုပေးစရာမလိုပါဘူး။ ဒီအတွက် ကိုယ့်ရဲ့ သတင်းအချက်အလက်တွေကို ဘယ်သူမှ လွယ်လွယ်ကူကူ ကြည့်ရှုလို့မရပါဘူး။▪️

အင်တာနက် မရှိရင် အချင်းချင်း ဆက်သွယ်နိုင်ဖို့ Briar 🌐 Read More »