Essential Google Tools & Media Literacy

Google Classroom အကြောင်းလေ့လာကြမယ်။

မိမိကိုယ်တိုင် အွန်လိုင်းစာသင်ခန်းတစ်ခု ဖန်တီးတတ်ဖို့နဲ့ အွန်လိုင်းသင်တန်းတွေတက်ရောက်တဲ့အခါမှာ လွယ်ကူအဆင်ပြေစေဖို့ Google Classroom အကြောင်းကို လေ့လာရမှာ ဖြစ်ပါတယ်။ Google Classroom အကြောင်းကို infographic နဲ့ လေ့လာကြည့်ရအောင် Google Classroom ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို အောက်က ဗွီဒီယိုတွေမှာ ကြည့်ရှုနိုင်ပါတယ်။

Google Classroom အကြောင်းလေ့လာကြမယ်။ Read More »

အွန်လိုင်းကနေ တိုက်ရိုက်စကားပြောဖို့အတွက် Google Meet

မီတင်တစ်ခုအတွက် တစ်ချက်နှိပ်ရုံနဲ့ ဖန်တီး ဝင်ရောက်နိုင်တဲ့ Google Meet ရဲ့ အသုံးဝင်ပုံအပြင် သူ့ရဲ့အခြားသော Features တွေအကြောင်းကိုပါလေ့လာကြရမှာပါ။ Google Meet အကြောင်း ‌အသေးစိတ်ကို အောက်တွင် ကြည့်ရှုလိုက်ပါ။ Google Meet အသုံးပြုပုံ ဗွီဒီယိုကို အောက်မှာ ကြည့်ရှုလိုက်ပါ။

အွန်လိုင်းကနေ တိုက်ရိုက်စကားပြောဖို့အတွက် Google Meet Read More »

အချိန်စာရင်းတွေနဲ့ အလုပ်ကိစ္စတွေ စီမံဖို့ Google Calendar

ယခု အပိုင်းမှာတော့ အချိန်စာရင်းတွေဆွဲဖို့၊ အားလပ်ချိန်တွေကို အခြားသူတွေသိအောင် အသိပေးဖို့နဲ့ မီတင်တွေအတွက် ချိတ်ဆက်အသုံးပြုနိုင်ဖို့ Google Calendar အကြောင်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။ Google Calendar အကြောင်း အသေးစိတ်ကို အောက်မှာကြည့်ရှုလိုက်ပါ။ Google Calendar အကြောင်းကို အောက်က ဗွီဒီယိုမှာ ကြည့်ရှုလိုက်ပါ။

အချိန်စာရင်းတွေနဲ့ အလုပ်ကိစ္စတွေ စီမံဖို့ Google Calendar Read More »

Application တွေ Download ရယူဖို့ သင့်လျော်တဲ့ Google Play Store

Google Play Store ဆိုတဲ့ Google App ကနေ မိမိအသုံးပြုချင်တဲ့ Application တွေကို ဘယ်လို Download ရယူမလဲ၊ အလိုလျောက် Download ဖြစ်နေတာတွေကို ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာကြည့်ကြရမှာ ဖြစ်ပါတယ်။ Google Play Store အကြောင်းအသေးစိတ်ကို အောက်ပါပုံကနေ ကြည့်ရှုလိုက်ပါ။ Google Play Store အသုံးပြုပုံကို အောက်က ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Application တွေ Download ရယူဖို့ သင့်လျော်တဲ့ Google Play Store Read More »

တင်ဆက်ပြသမှုတွေအတွက် အသုံးဝင်မယ့် Google Slides

တင်ဆက်ပြသမှုတွေကို သူငယ်ချင်းတွေအပြင်မှာတွေ့ပြီး ပြင်ဆင်နေရတုန်းလား။ onlineပေါ်မှာပဲ တင်ဆက်ပြသမှုတွေကို ပြင်ဆင်ပြီး တင်ဆက်မှုများပြုလုပ်နိုင်တဲ့အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Google Slides အကြောင်းကို အောက်ပါပုံကနေ လေ့လာကြည့်ရအောင်.. Google Slides အသုံးပြုပုံကို အောက်က ဗွီဒီယိုတွေကနေ ကြည့်ရှုရအောင်..

တင်ဆက်ပြသမှုတွေအတွက် အသုံးဝင်မယ့် Google Slides Read More »

စာရင်းပြုစုဖို့နဲ့ တွက်ချက်ဖို့ အတွက် အကောင်းဆုံး Google Sheets

စာရင်းဇယားတစ်ခုထည့်ဖို့ လူဘယ်နှယောက်သုံးနေရလဲ။ ကိုယ်တစ်ယောက်တည်းရှိတဲ့အချိန် စာရင်း​ရေးသွင်းဖို့ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်မယ့် toolအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Google Sheetsအကြောင်းကို အောက်ပါပုံကနေ လေ့လာကြည့်ရှုလိုက်ပါ။ Google Sheets အသုံးပြုပုံကို ဗွီဒီယိုတွေကနေတဆင့် လေ့လာကြည့်ရအောင်…

စာရင်းပြုစုဖို့နဲ့ တွက်ချက်ဖို့ အတွက် အကောင်းဆုံး Google Sheets Read More »

စာရွက်စာတမ်းပြုစုဖို့ အသုံးဝင်တဲ့ Google Docs အကြောင်း။

အခုခေတ်ဟာ စာရွက်တွေပေါ်မှာ စာစီပြီးဝေမျှနေရတဲ့ခေတ်မဟုတ်တော့ပါဘူး။ onlineမှာ လူအများကြီးတပြိုင်နက်တည်း documentတစ်ခုလုံးကို Google Docs နဲ့ ဘယ်လိုပြင်ဆင်နိုင်ကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Google Docs အကြောင်းကို အသေးစိတ်ဖော်ပြထားတဲ့ ပုံနဲ့ အရင်ဆုံးပြောပြပါ့မယ်။ Google Docs အသုံးပြုပုံ ဗွီဒီယိုတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်။ Google Docs ကို အောက်‌ဖော်ပြပါ Link တွေကနေ ဒေါင်းလုဒ်ပြုလုပ်နိင်ပါတယ်။ Google Docs (Play store)- https://play.google.com/store/apps/details?id=com.google.android.apps.docs.editors.docs&hl=en&gl=US Google Docs (App Store) – https://apps.apple.com/us/app/google-docs-sync-edit-share/id842842640 Google Docs (UpToDown) – https://google-docs.en.uptodown.com/android Google Docs (APK pure) – https://m.apkpure.com/google-docs/com.google.android.apps.docs.editors.docs

စာရွက်စာတမ်းပြုစုဖို့ အသုံးဝင်တဲ့ Google Docs အကြောင်း။ Read More »

Google Form အသုံးပြုနည်း

စစ်တမ်းတွေကောက်တာ၊ ထင်မြင်ချက်တွေမေးမြန်တာ၊ သင်တန်းသားရဲ့ အချက်အလက်တွေကို စာရင်းသွင်းဖို့အတွက် စာရွက်ကို အသုံးပြုနေကြတုန်းလား။ ၂၁ ရာစု ဒစ်ဂျစ်တယ်ခေတ်မှာ ဒီလိုစာရွက်တွေကို အသုံးပြုစရာမလိုတော့ပါဘူး။ Google form ကို အသုံးပြုပြီးတော့ ထင်မြင်ယူဆချက်တွေကို မေးမြန်းလို့ရနေပါပြီ။ အရင်ဆုံး အောက်ပါပုံကနေ Google Form အကြောင်း လေ့လာကြည့်ကြရအောင်… Google Form ကို ဖုန်းမှာဆိုရင် ဘယ်လိုအသုံးပြုလို့ရလဲ ဆိုတာကို အောက်က ဗွီဒီယိုလေးကနေကြည့်ရအောင်နော်.. Google Form ကို ကွန်ပျူတာ မှာ ဘယ်လို အသုံးပြုလို့ရလဲ ဆိုတာကို အောက်က ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။ Google Form ကို အသုံးပြုပြီး စစ်တမ်းကောက်တာတွေ ထင်မြင်ချက်ကောက်ယူတာတွေမှာ အဆင်ပြေကြပါစေနော်။

Google Form အသုံးပြုနည်း Read More »

Google Chrome Browser မှာ ရှာဖွေလေ့လာကြမယ်။

21st Century Skill လို့ ပြောလိုက်တာနဲ့ Browsing Skill ကလဲ မပါမဖြစ်ပါပဲ။ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ သိချင်တာတစ်ခုခုကို စာအုပ်တွေမှာ ရှာဖွေမယ်ဆိုရင် အချိန်အများကြီးပေးရမှာ အသေအချာပါပဲ။ သိချင်တဲ့အကြောင်းအရာတစ်ခုခုကို အလျင်မြန်ဆုံး ရှာဖွေသိရှိနိုင်ဖို့ Google Chrome Browser ကို အသုံးပြုကြဖို့ အကြံပြုပါရစေ။ Google Chrome အသုံးပြုပုံကို အောက်ပါပုံကနေ လေ့လာကြည့်ကြရအောင်နော်…… Infographic ကြည့်ပြီးပြီဆိုရင် Google Chrome ကို ဖုန်းမှာအသုံးပြုပုံအကြောင်း ပြောပြပေးထားတဲ့ ဗွီဒီယိုကို ကြည့်ရအောင်နော်… ကွန်ပျူတာမှာရော Google Chrome ကို ဘယ်လို အသုံးပြုနိုင်လဲ ဆိုတာကို အောက်က ဗွီဒီယိုမှာကြည့်ရှုလိုက်ပါ။ Google Chrome ကို အောက်က linkတွေကနေ ဒေါင်းလုဒ်ပြုလုပ်နိုင်ပါတယ်။ Google

Google Chrome Browser မှာ ရှာဖွေလေ့လာကြမယ်။ Read More »

Google ရဲ့ Cloud Storage ဖြစ်တဲ့ Google Drive အကြောင်း။

အခုချိန်အထိ Memory Stick တွေမှာ ဖိုင်တွေထည့်ပြီး သိမ်းဆည်းတာတွေလုပ်နေတုန်းလား။ Digital ခေတ် မှာ ဖိုင်တွေကို Stick နဲ့ သိမ်းဆည်းနေသေးတယ်ဆိုရင်တော့ သင်ဟာခေတ်နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဖိုင်တွေကို သိမ်းဆည်းဖို့ Google ရဲ့ Cloud Storage ဖြစ်တဲ့ Google Drive ကို စမ်းသုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။ Google Drive အသုံးပြုနည်း အသေးစိတ်ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ အခု ထပ်မံပြောပြချင်တာကတော့ Google Drive ကို ဖုန်းမှာ အသုံးပြုပုံ ဗွီဒီယိုပဲဖြစ်ပါတယ်။ အောက်မှာပြပေးမယ့် ဗွီဒီယို ကတော့ Google Drive ကို ကွန်ပျူတာမှာ အသုံးပြုပုံကို ရှင်းပြပေးထားတာဖြစ်ပါတယ်။ ကဲ.. အခုဆိုရင်တော့ Google Drive အသုံးပြုပုံတွေသိသွားပြီဆိုတော့

Google ရဲ့ Cloud Storage ဖြစ်တဲ့ Google Drive အကြောင်း။ Read More »