Mental Wellbeing

ကျန်းမာပြီးပျော်ရွှင်တဲ့ လုပ်ငန်းခွင် တစ်ခုတည်ဆောက်ဖို့ ❤️️🤝

စာဖတ်ရန်ကြာချိန် (၅) မိနစ် အလုပ်ရယ်လို့ စလုပ်ပြီဆိုထဲက Intern ပဲလုပ်လုပ်၊ Part-time ပဲ လုပ်လုပ်၊ Full-time ပဲလုပ်လုပ် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ စိတ်ဖိစီးမှုရယ်လို့ အနည်းနဲ့အများ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အလုပ်စလျှောက်ခါစမှာတော့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ Can Work Under Pressure လို့ရေးခဲ့ပေမယ့် ပြဿနာပေါင်းစုံကို နည်းမျိုးစုံနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ လူငယ်တွေဖြစ်တဲ့အလျောက် ခံနိုင်ရည်တွေ လျော့နည်းလာပါတော့တယ်။ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်း သူ့ဘက်ကိုယ့်ဘက် နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေပြေနဲ့ ပိုပြီး Effective ဖြစ်အောင် တစ်ဦးနှင့်တစ်ဦး စာနာ နားလည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ ပက်သက်ပြီး ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သင်မည်သို့ နားထောင်သည်ကို ပြန်လည်စဉ်းစားပါ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က ပြောသမျှ၊ အထက်လူကြီး ပြောသမျှတွေကို သင့်အနေနဲ့ […]

ကျန်းမာပြီးပျော်ရွှင်တဲ့ လုပ်ငန်းခွင် တစ်ခုတည်ဆောက်ဖို့ ❤️️🤝 Read More »

နားလည်မှုရှိသော မိသားစုကို ပိုင်ဆိုင်ဖို့ 👩‍👩‍👧‍👦

စာဖတ်ရန် ကြာချိန် (၅) မိနစ် “ နင့်ကြည့်လိုက်ရင် 📱အဲ့ဖုန်းပဲ သုံးနေတာပဲ။ ဘာမှခိုင်းလို့လဲ မရဘူး ” ဒီလို စကားသံလေးတွေကို အားလုံးပဲ ကြားဖူးနေကြမယ်ထင်ပါတယ် 👀 ဒါပေမယ့် ဒီလို ကြားရဖန်များလာတဲ့ အခါမှာ မိဘနဲ့ သားသမီးကြားမှာ ကတောက်ကဆလေးတွေ ဖြစ်လာတတ်ပါတယ်။ သားသမီးဘက်က ကြည့်တော့လည်း ဖုန်းသုံးတယ်ဆိုတာ အလုပ်လုပ်နေတာ သို့မဟုတ် စာလုပ်နေတာဖြစ်သော်ငြားလည်း ဖေဖေတွေမေမေတွေ ဘက်ကကြည့်လိုက်တဲ့အချိန်နဲ့ ကိုယ်ကနားတဲ့အချိန် ခဏဂိမ်းဆော့တာကိုတွေ့ပြီး တစ်ချိန်လုံး ဂိမ်းဆော့ နေတယ်လို့ ထင်ပြီး ဆူတော့တာပဲ 😖 အဲ့လိုနဲ့ပဲ တစ်ဦးနဲ့ တစ်ဦး အထင်မြင်တွေ လွဲကာ တစ်ဖက်ကပြောတာကို နားလည် လက်ခံမပေးတော့ပဲ ပြဿနာလေးတွေ တတ်လာပါတော့တယ် 😞ဒါဆို ဒီလို မိဘနဲ့ သားသမီးကြားက ကတောက်ကဆလေးတွေ

နားလည်မှုရှိသော မိသားစုကို ပိုင်ဆိုင်ဖို့ 👩‍👩‍👧‍👦 Read More »

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြမလဲ❓

ဗီဒီယို ကြာချိန် (1:47)မိနစ် ကျွန်တော်တို့ရဲ့ဘဝမှာ ဘာပဲလုပ်လုပ် အချိန်ဘယ်လောက်အတွင်းမှာ ပြီးအောင်လုပ်ရမယ်ဆိုပြီး ကန့်သတ်ထားတဲ့ အချိန်အတိုင်းအတာတွေ ရှိပါတယ်။ကိုယ့်ကို ပေးထားတဲ့တာဝန်တွေကို ပေးထားတဲ့အချိန်အတွင်းပြီးစီးအောင် ကြိုးစားကြရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အချိန်ကို သေချာမစီမံနိုင်တဲ့အခါ သတ်မှတ်ချိန်အတွင်း အလုပ်တွေမပြီးဘဲ စိတ်ဖိစီးမှုတွေသာ တိုးလာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျော့ပါးစေဖို့ အချိန်ကို သေသေချာချာ စီမံခန့်ခွဲနိုင်စေမယ့် အချက်လေးတွေကို အောက်က Video ထဲမှာ ဖော်ပြထားပါတယ်။ 👇 ⏰ သင့်ရဲ့အချိန်ကို ဘယ်လိုတွေ စီမံခန့်ခွဲနေလဲ ဆိုတာ အောက်ကလင့်ခ်ကို နှိပ်ပြီး မေးခွန်းလေးတွေ ဖြေကြည့်လိုက်ပါ ❤️️https://m.me/myeo.hub?ref=tmmq

စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြမလဲ❓ Read More »

စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ကြမလဲ❓

စာဖတ်ရန် ကြာချိန် (၃)မိနစ် ဘ၀မှာ စိတ်ပျက်စရာတွေ၊ ခက်ခဲတာတွေ ကြုံတွေ့လာရတဲ့အခါ စိုးရိမ်ပူပန်မှုတွေကလည်း မြင့်တက်လာကြပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့တွေဟာ စိတ်မရှည်ကြတော့ဘူး။စိတ်တိုင်းမကျတာတွေ များလာတယ်။ထစ်ခနဲဆို ဒေါသနဲ့ ဖြေရှင်းလာတတ်ကြတယ်။အဲ့လို စိတ်ခံစားချက်တွေကို သေသေချာချာ မကိုင်တွယ်နိုင်တဲ့အခါ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။စိတ်ခံစားချက်တွေကို ဦးစားပေးလွန်းရင်လည်း အမှားတွေ ကျူးလွန်နိုင်သလို ကိုယ့်ရဲ့စိတ်ခံစားမှုကို အလေးမထား၊လျစ်လျူရှုခဲ့ရင်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့ ပိုပြီးအရေးကြီးလာပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို သေသေချာချာ စနစ်တကျ ကိုင်တွယ်ထိန်း‌ကျောင်းနိုင်ဖို့အတွက် အောက်မှာ ပြောပြထားတဲ့အချက်လေးတွေကို လိုက်လုပ်ကြည့်နိုင်ပါတယ်နော်👇👇 1) အသက်ကို ပြင်းပြင်းနဲ့ ဝအောင်ရှုလိုက်ပါ။ များသောအားဖြင့် စိတ်ခံစားချက်တွေဟာ ယာယီပဲဖြစ်ပါတယ်။တချို့ပြင်းထန်လွန်းတဲ့ စိတ်ခံစားမှုတွေကသာ အချိန်ကြာတဲ့အထိ တည်ရှ်ိနေကြတာပါ။ဒီလို ခဏတာခံစားမှုတွေ ဖြစ်ပေါ်လာတဲ့အခါ အလောတကြီး မတုံ့ပြန်လိုက်ပါနဲ့။အရင်ဆုံး အသက်ကို ပြင်းပြင်းရှုပြီး

စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ကြမလဲ❓ Read More »

ကိုယ့်ကိုယ်ကို‌ယ် ဂရုစိုက်တတ်ဖို့❗

စာဖတ်ရန် ကြာချိန် (၃) မိနစ် သူငယ်ချင်းတို့ရေ…အကြောင်းအမျိုးမျိုးကြောင့် အိမ်ထဲမှာ ပိတ်မိနေတဲ့အတောအတွင်း တစ်နေ့တစ်နေ့ Screen ရှေ့မှာပဲအမြဲထိုင်နေမိပြီလား⁉️အိပ်ချိန်စားချိန်‌ရော မှန်သေးရဲ့လား⁉️ကိုယ်ချစ်တဲ့သူတွေအတွက်ပဲဂရုစိုက်ပေးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပေးဖို့တောင်မေ့နေပြီလား⁉️ဒီလိုမျိုး နေ့စဉ်တာဝန်တွေ၊ လုပ်ဆောင်ရမယ့်အရာတွေကို မေ့လျော့နေပြီဆိုရင်တော့ မိမိကိုယ်ကို ဂရုစိုက်မှု (Self-care) ဆိုတဲ့စကားလုံးလေးဟာ အားလုံးအတွက်အရေးပါလာပါပြီ🤗🤗 Self-care ဆိုတာဘာလဲ❓❓ Self-care ဆိုတာက ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုပတ်၀န်းကျင်ဆိုင်ရာ နဲ့ စိတ်ခံစားမှုဆိုင်ရာကျန်းမာရေး စသည်တို့ကို မိမိကိုယ်တိုင် ဂရုတစိုက်လုပ်ဆောင်ပေးခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ Self-care ဟာ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေကို တွန်းလှန်ကျော်လွှားနိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ညတိုင်းအိပ်ရေးဝဝအိပ်တာ၊ လတ်ဆတ်တဲ့လေကောင်းလေသန့်လေးရဖို့ အပြင်လေးခဏထွက်လိုက်တာလေးတွေက လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-care) ပါပဲ။ မိမိကိုယ်ကို ဂရုစိုက်ခြင်း

ကိုယ့်ကိုယ်ကို‌ယ် ဂရုစိုက်တတ်ဖို့❗ Read More »

စိတ်ဖိစီးမှုတွေကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေကဘာတွေလဲ❓

ဗီဒီယို ကြည့်ရန် ကြာချိန် (2:30) မိနစ် တစ်ခါတလေ ကျွန်တော်တို့‌တွေဟာ ဘဝမှာ အခက်အခဲတွေ၊ အချိန်မှီ ပြီးစီးရမယ့် တာဝန်တွေ၊ အလျင်အမြန်ဖြေရှင်းရမယ့် အခက်အခဲတွေနဲ့ ဖိစီးလေးလံနေတတ်ပါတယ်။မသေချာမရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်တွေ့ကြုံနေရချိန်မှာလည်း စိတ်ဖိစီးမှုတွေက ပိုပြီး များပြားလာပါတယ်။ဒီတော့ စိတ်ဖိစီးမှုတွေကို စနစ်တကျနဲ့ထိထိရောက်ရောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ?စိတ်ကို လေးလံဖိစီးစေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုလျှော့ချကြမလဲ ဆိုတာ 👇👇အောက်က Video လေးမှာ အားလုံးအတူတူ ကြည့်လိုက်ရအောင်နော်😍 သင့်ရဲ့စိတ်ဖိစီးမှုအတိုင်းအတာ (Stress Level) ကို လေ့လာဆန်းစစ်နိုင်ဖို့ မေးခွန်းလေးတွေကိုလည်း ဖြေကြည့်ရအောင် 👇https://m.me/myeo.hub?ref=slm Reviewed by Dr. Nweni Myo Wynn, MHPSS Specialist

စိတ်ဖိစီးမှုတွေကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေကဘာတွေလဲ❓ Read More »

သင့်ဘဝမှာ တန်ဖိုးအထားဆုံးအရာက ဘာလဲ❓

စာဖတ်ရန် ကြာချိန် (၅) မိနစ် လူတိုင်း ဘဝမှာ တန်ဖိုးထားတဲ့အရာလေးတွေ ရှိကြပါတယ်။ အဲ့ဒီအရာတွေထဲမှာ သင့်ကိုယ်သင် ရောပါရဲ့လား? သင့်ကိုယ်သင်‌ရော တန်ဖိုးထား နေမိရဲ့လား?💎 မိမိကိုယ်ကို တန်ဖိုးထားမှု(Self Esteem) 💎 ဆိုတာ စိတ်‌ဓာတ်ရင့်ကျက်သူ‌တိုင်းဆီမှာရှိတတ်ကြတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပါ။ အနိမ့်အမြင့်တွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ ကိုယ့်ရဲ့စိတ်ကို ကာကွယ်ပေးဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ဒီတော့💎သင့်ကိုယ်သင် ဘယ်လို မှန်မှန်ကန်ကန် တန်ဖိုးထားရမလဲ?💎 သင့်ကိုယ်သင် တန်ဖိုးထားမှု မြင့်တက်အောင် ဘယ်လိုလုပ်ရမလဲ?ဆိုတာတွေကို သိရအောင် Video လေးကို ကြည့်လိုက်ပါ 😍 👇 ဗီဒီယို ကြည့်ရန်ကြာချိန် (2:05) မိနစ်https://youtu.be/GUfJFCKBJEU Self-Esteem နည်းတဲ့ ပြဿနာ ကျွန်တော့်မှာ အရင်တုန်းက ပြဿနာတစ်ခုရှိတယ်ဗျ။အဲ့ဒါက အရမ်း သိမ်ငယ်လွယ်တာပါပဲ။စာတော်တဲ့သူတွေကို ကြည့်ပြီး “ငါကျတော့

သင့်ဘဝမှာ တန်ဖိုးအထားဆုံးအရာက ဘာလဲ❓ Read More »

ဘယ်အရာ တွေက သင့်ကို Motivation ဖြစ်စေတယ် ဆိုတာ သိပြီးပြီလား 🤔

စာဖတ်ရန် ကြာချိန် (၁၀)မိနစ် Motivationဆိုတဲ့ စကားလုံးက တကယ်တော့ လူတိုင်းနီးပါးနဲ့ ရင်းနှီးတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသေးစိတ်ကိုတော့ သိပ်မသိကြပါဘူး။ အခု ဆောင်းပါးလေးမှာတော့ Motivationရဲ့ အသေးစိတ်ကို ပြောပြ‌ပေးသွားမှာပါ 👇 MOTIVATION ရဲ့ Definition က ဘာလဲ ⚠️ MOTIVATION ဆိုတာ ဦးတည်ရာ ပန်းတိုင်တစ်ခု ရောက်ဖို့ အတွက် လိုအပ်တဲ့ ခွန်အားတွေ စိတ်အားထက်သန် မှုတွေ ရရှိဖို့ အဓိက တွန်းအားပေးတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ MOTIVATION နဲ့ ပက်သက်ပြီး အသေးစိတ်တွေကရော 〽️ ပညာရပ်တိုင်းဟာ နက်နဲကျယ်ပြန့် လွန်းသလို MOTIVATION ဟာလည်း လေ့လာလိုသူများအတွက် သီအိုရီ ပေါင်းများစွာ

ဘယ်အရာ တွေက သင့်ကို Motivation ဖြစ်စေတယ် ဆိုတာ သိပြီးပြီလား 🤔 Read More »

သင့်မှာရော ဘယ်လို Empathy မျိုးကို ပိုင်ဆိုင်ထားလဲ❓

စာဖတ်ရန် ကြာချိန် (၆) မိနစ် ဘဝမှာ နေထိုင်ရတာ အဆင်ပြေဖို့၊ ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် မရှိမဖြစ်လိုအပ်တာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Empathy လို့ခေါ်တဲ့ တခြားသူရဲ့နေရာမှာဝင်ပြီး မျှဝေခံစားနိုင်ခြင်းပါပဲ။ ပြည့်ပြည့်စုံစုံပြောရရင်တော့ “Empathy ဆိုတာ တခြားလူတစ်ယောက်၊တိရစ္ဆာန်တစ်ကောင်ရဲ့ အ‌တွေးတွေ၊ခံစားချက်တွေကို သိမြင်နားလည်ပြီး မျှဝေခံစားနိုင်တဲ့စွမ်းရည်” ကို ပြောတာဖြစ်ပါတယ်😍😍 လူတွေဟာ တစ်ယောက်တည်းသီးသန့်နေထိုင်ကြတဲ့သတ္တဝါတွေ မဟုတ်ကြပါဘူး။အချင်းချင်း ပေါင်းဖွဲ့စုစည်း နေထိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံးပေါင်းသင်းဆက်ဆံနိုင်ရန်အတွက် Empathy ရှိဖို့ အလွန်‌အရေးကြီးပါတယ်။လူငယ်တွေအနေနဲ့လည်း ဘဝမှာအောင်မြင်ဖို့အတွက် Empathy ဆိုတဲ့စိတ်ပိုင်းဆိုင်ရာ အရည်အချင်းက မရှိမဖြစ်လိုအပ်ပါတယ်။ Empathy ကို(၁) Cognitive Empathy(၂) Emotional Empathy(၃) Compassionate Empathy ဆိုပြီး ပညာရှင်တွေက သုံးမျိုးခွဲခြားထားပါတယ်။ အဲ့ဒီ Empathy သုံးမျိုးနဲ့ပတ်သက်ပြီး အသေးစိတ်ကို အောက်တစ်ပုံချင်းစီမှာ

သင့်မှာရော ဘယ်လို Empathy မျိုးကို ပိုင်ဆိုင်ထားလဲ❓ Read More »

စိတ်ကျန်းမာ ကြံ့ခိုင်မှုအတွက် အရေးကြီးဆုံးထဲက တစ်ခု 🤔

စာဖတ်ရန် ကြာချိန် (၇) မိနစ် Self Awareness ဆိုတာ…….. Self Awareness ဆိုတာ Emotional Intelligences လို့ခေါ်တဲ့ မိမိရဲ့ စိတ်ခံစားချက်ကို ရော တစ်ပါးသူရဲ့ ခံစားချက်ကိုပါ သိရှိနားလည်ပေးနိုင်တဲ့ စွမ်းရည် မြင့်မားလာနိုင်စေတဲ့ အစိတ်အပိုင်းတွေထဲက တစ်ရပ် ဖြစ်ပါတယ်။  တစ်စုံတစ်ယောက်က မိမိရဲ့ စိတ်ခံစားချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေ အပြင် လိုအပ်ချက်နဲ့ စိတ်ရဲ့ မောင်းနှင်အား တွေကို လေးလေးနက်နက် နားလည်နိုင်ခြင်းကို Self Awareness ရှိခြင်းလို့ ခေါ်ပါတယ်။  ၂၀၁၈ ခုနှစ် မှာ ထွက်ရှိထားတဲ့ နာမည်ကျော် Harvard Business Review မဂ္ဂဇင်း တစ်ခုရဲ့ ဆောင်းပါးတစ်ခုမှာတော့ Self Awareness အားကောင်းတဲ့ သူဟာ

စိတ်ကျန်းမာ ကြံ့ခိုင်မှုအတွက် အရေးကြီးဆုံးထဲက တစ်ခု 🤔 Read More »