🌳မြန်မာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Myanmar Good Agricultural Practices GAP) မြန်မာ GAP ဆိုတာ အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ထုတ်ကုန် အရည်အသွေး ကောင်းမွန်စေရန်၊ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန် နဲ့ လုပ်သားများရဲ့ ကျန်းမာရေး နဲ့ လူမှု ဘဝ သာယာဝပြောရေးတို့ကို ထည့်သွင်း စဉ်းစား ဆောင်ရွက်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ဖြစ်ပါတယ်။ မြန်မာ GAP ဆောင်ရွက်နည်းစနစ်ဟာ သီးနှံများကို စိုက်ပျိုးထုတ်လုပ်စဉ်၊ ရိတ်သိမ်းစဉ် နဲ့ ရိတ်သိမ်းပြီးနောက်ပိုင်းကိုင်တွယ်ခြင်း လုပ်ငန်းများမှာ ဖြစ်ပေါ်လာနိုင်တဲ့ ထွက်ကုန် များ အန္တရာယ်ဖြစ်စေမှု လျော့နည်းစေနိုင်ဖို့ ရည်ရွယ်ပါတယ်။ မြန်မာ GAP ဆောင်ရွက်နည်းစနစ်တွေဟာ ASEAN GAP, Global GAB