ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making Skills)
🔎လူတိုင်းက နေ့ရက်တိုင်းမှာ ကိစ္စအမျိုးမျိုးအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်ကြပါတယ်။ လုပ်ဆောင်ချက်တွေ အကောင်းဆုံးဖြစ်စေဖို့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေကို သင်ယူရပါတယ်။ ငယ်စဉ်အချိန်မှာတော့ မိဘတွေကလူငယ်တွေကို တာဝန်ယူပြီး ကိစ္စအားလုံးအပေါ် ဆုံးဖြတ်ပေးပေမယ့် မိဘတွေကတော့ လူငယ်တွေကို ကိစ္စရပ်တိုင်းမှာ တာဝန်ယူနိုင်ပြီး ပျော်ရွှင်တဲ့ လူကြီးတွေ ဖြစ်စေချင်ကြပါတယ်။ သုတေသနတချို့အရဆိုရင် အခြေအနေတစ်ခုကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့လူတွေဟာ ဘဝမှာ ပိုအောင်မြင်တတ်ကြောင်းကို တင်ပြထားပါတယ်။ ကိစ္စတိုင်းမှာ လူငယ်တွေအနေနဲ့လည်း ဆုံးဖြတ်ချက် ချနိုင်စွမ်းကို လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ 🖌️လူငယ်အနေနဲ့ ပြဿနာဖြစ်လာခဲ့ရင် (ဒါမှမဟုတ်) ပြဿနာဖြစ်လာတော့မယ့် အခြေအနေနဲ့ ကြုံလာခဲ့ရင် ကိုယ့်ကိုကို ကာကွယ်ဖို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ဖို့ လိုလာပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချနည်း၊ ပြဿနာဖြေရှင်းနည်း လုပ်ငန်းစဉ်တွေကို ပိုတိုးတက်အောင် […]
ဆုံးဖြတ်ချက်ချခြင်း စွမ်းရည် (Decision Making Skills) Read More »