မတူကွဲပြားမှု (Diversity) 🎭
Diversity (မတူကွဲပြားမှု) ဆိုတာ ဘာလဲ။ မတူကွဲပြားမှုကို ကွဲပြားစုံလင်မှုလို့လည်း တစ်မျိုးခေါ်ယူ မှတ်ယူလို့ရပါတယ်။ မတူကွဲပြားမှုလို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ အတွေးထက် အပျက်သဘောဆောင်တဲ့ အတွေးများတတ်ကြပါတယ်။ ဥပမာအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သဘောထား၊ အမြင်၊ ခံယူချက်တွေ မတူညီခြင်း ဟာ အနုတ်လက္ခဏာဆောင်တဲ့ ပဋိပက္ခတွေဆီ ဦးတည်နိုင်တယ်လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ အမြင်မတူမှုတွေဟာ တီထွင်ကြံဆမှု အကြံဉာဏ်သစ်တွေ ထွက်လာဖို့ အကောင်းဆုံး လက်နက်ဆိုတာကို မေ့နေတတ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ လူမျိုး၊ ဘာသာ၊ နိုင်ငံသားဖြစ်တည်မှု၊ အသက်အရွယ်၊ လိင်စိတ်ခံယူမှု ဆိုတဲ့ ကြီးပြင်းလာမှုပုံစံတွေ ကွဲပြားတာနဲ့အမျှ အတွေးအမြင် အယူအဆ ခံယူချက်တွေမတူတာဟာ သဘာ၀ဖြစ်သလို ဒါတွေကို လက်ခံနိုင်ပြီး လှပတဲ့အရာတစ်ခုကို မြင်နိုင်ဖို့အရေးကြီးပါတယ်။ ဥပမာအနေနဲ့ ပန်းမျိုးစုံပွင့်နေတဲ့ ပန်းခြံနဲ့ ပန်းတစ်မျိုးတည်းပွင့်နေတဲ့ […]
မတူကွဲပြားမှု (Diversity) 🎭 Read More »