Uncategorized

မြေ၏ ဂုဏ်သတ္တိများရှာဖွေခြင်း

ဘာကြောင့် မြေနမူနာ ကောက်ရတာလဲ အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ် အခြေအနေကို သိဖို့နဲ့ စိုက်ပျိုးတဲ့ သီးနှံနဲ့ သင့်လျော်တဲ့ မြေပြုပြင်ခြင်း၊ မြေဩဇာကျွေးခြင်းတွေကို ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။  မြေနမူနာကောက်ရာမှာ နွားချေး/သစ်ဆွေး/မြေဆွေးပုံအနီး၊ ရေတွင်း/မြောင်း/ရေထုတ် မြောင်းအနီး၊ မြေပြင်ချိန်မှာနောက်ဆုံး သယ်ယူ စုပုံတဲ့နေရာ၊ လှည်းလမ်းကြောင်း ချောက်ကမ်းပါး အနီး၊ မြေဩဇာကျွေးထားတဲ့ စိုက်ခင်းမြေ စတဲ့ နေရာတွေကို ရှောင်သင့်ပါတယ်။  မြေနမူနာကို ဘယ်လိုကောက်ရမှာလဲ ပထမဦးဆုံး မြေနမူနာကောက်မယ့်ကွင်းကို လေ့လာပါ။ ပြီးရင် ကွင်းကို ထောင့်ဖြတ် (သို့) ဇစ်ဇက်ပုံလျှောက်ပြီး တစ်ဧကကို နေရာ (၂၀) က နို့ဆီဘူးတစ်ဝက် ခန့်စီ မြေနမူနာ ကောက်ယူပါ။ မြေကြီးအပေါ်ယံမှာရှိနေတဲ့ မြက်တွေကိုဖယ်ပြီး ပေါက်ပြားနဲ့ V ပုံသဏ္ဍာန် ပေါက်ပြီး ၆ […]

မြေ၏ ဂုဏ်သတ္တိများရှာဖွေခြင်း Read More »

သီးနှံအထွက်နှုန်းကောင်းစေသောအချက်များနှင့် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များ

သီးနှံအထွက်နှုန်းကောင်းဖို့ ဘယ်အချက်တွေက သက်ရောက်နေပါသလဲ သီးနှံအထွက်နှုန်းကို အဓိကသက်ရောက်နေတဲ့အချက် နှစ်ချက် ရှိပါတယ်။ Internal factors လို့ခေါ်တဲ့ ပင်ပိုင်းအတွင်းအကြောင်းအရင်းနဲ့ External factors လို့ခေါ်တဲ့ ပင်ပိုင်းပြင်ပအကြောင်း အရင်း တွေပါ။  ပင်ပိုင်းအတွင်းအကြောင်းအရင်း ဆိုတာ အဓိကကတော့ မျိုးစေ့အရည်အသွေး၊ အထွက်နှုန်း၊ အပင် အတွင်း ဓာတုပစ္စည်းများပါဝင်မှု (အဆီ၊ ကဆီဓာတ် စတာတွေ)၊ ရင့်မှည့်မှု၊ အပူချိန်မြင့် မားမှု၊ ရေကြီးရေလျှံဖြစ်မှု၊ ဆားပေါက်မှု၊  ရောဂါပိုးမွှားများ ကျရောက်မှုဒဏ် စတာတွေကို ခံနိုင်ရည်ရှိမှု စတဲ့ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။  ပင်ပိုင်းအပြင်အကြောင်းအရင်း ဆိုတာ ရာသီဥတု၊ မြေဆီလွှာ၊ ဇီဝပိုင်းဆိုင်ရာဖြစ်စဉ်၊ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ် နဲ့ လူမှုစီးပွားရေးဆိုင်ရာအခြေအနေတွေပဲ ဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းကောင်းဖို့ ဘယ်အချက်တွေက အလွယ်တကူမြင်သာသလဲ ရာသီဥတုဆိုင်ရာ

သီးနှံအထွက်နှုန်းကောင်းစေသောအချက်များနှင့် အပင်အတွက်လိုအပ်သော အာဟာရဓာတ်များ Read More »

“စိုက်ပျိုးရေး”၏ အဓိပ္ပါယ် နှင့် စိုက်ပျိုးရေး၏ အရေးပါသော အခန်းကဏ္ဍများ

စိုက်ပျိုးရေးဆိုတဲ့ ဝေါဟာရကို ဘယ်လို နားလည်သလဲ “Agriculture” ဆိုတာ လက်တင်ဘာသာ “Ager” (The Soil – မြေကြီး) နဲ့ “Cultura” (Cultivation – စိုက်ပျိုးခြင်း/ပြုစုပျိုးထောင်ခြင်း) နှစ်ခုကို ပေါင်းထားတာပါ။ ဒါကြောင့်  “Agri-culture” ဆိုတာ “မြေကြီး (မြေဆီလွှာ) ပိုမိုကောင်းမွန်လာအောင် ပြုစု ထိန်းသိမ်း စိုက်ပျိုးခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် “Agriculture” ကို “စိုက်ပျိုးရေး” လို့ တိုက်ရိုက် သုံးနှုန်းလိုက်တော့  သီးနှံတွေ အထွက်တိုးဖို့ကိုပဲ အာရုံစိုက်ပြီး စိုက်ပျိုးမြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ကိစ္စ ကို “မေ့လျော့” သလို ဖြစ်လာကြပါတယ်။  သီးနှံအထွက်တိုးရေး ဦးစားပေးလာကြတော့ ဓာတုမြေသြဇာတွေ ဓာတုပိုးသတ်ဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ သီးနှံအလှည့်ကြစိုက်တာထက် စီးပွားရေး

“စိုက်ပျိုးရေး”၏ အဓိပ္ပါယ် နှင့် စိုက်ပျိုးရေး၏ အရေးပါသော အခန်းကဏ္ဍများ Read More »

လူတွေ့မေးမြန်းခြင်း (အင်တာဗျူး)အတွက် ပြင်ဆင်ခြင်း

အင်တာ‌ဗျူး (Interview) ဆိုတာ ဘာလဲ ။ အင်တာဗျုးဆိုတာ လူအုပ်စု (သို့) ကုမ္ပဏီတစ်ခုရဲ့ လစ်လပ်နေသော နေရာအတွက် လျှေက်ထားသူတစ်ယောက် အနေနဲ့ ကုမ္ပဏီ နှင့် အံဝင်ခွင်ကျ    ဖြစ်မဖြစ် အကဲဖြတ်ရန်၊ အရည်အချင်းများကို ဆန်းစစ်ရန် ပြုလုပ်သော အစည်းအဝေးတစ်ခု ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ အင်တာဗျူး ဘာကြောင့် လုပ်ရတာလဲ။ လျှောက်ထားသူက အလုပ်အတွက် သင့်လျော်မှုရှိမရှိ ဆုံးဖြတ်ရန်နှင့် ကုမ္ပဏီ ရဲ့  အလေ့အထတွေနဲ့ အံဝင်ဂွင် ဖြစ်မဖြစ် ဆုံးဖြတ် အကဲဖြတ်ရန် ဖြစ်ပါတယ်။ အင်တာဗျူးပုံစံများ။ လူတွေ့မေးမြန်းခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ။ လူတွေ့မေးမြန်းရာတွင် မေးလေ့ရှိသော မေးခွန်းများ။ အင်တာဗျုးမတိုင်မီ လုပ်ဆောင်ရမည့် အချက်များ။ အင်တာဗျုးမေးမြန်းနေစဥ် လုပ်ဆောင်ရမည့် အချက်များ။ အင်တာဗျုးမေးမြန်းနေစဥ် ရှောင်ရှားသင့်သည့် အချက်များ။

လူတွေ့မေးမြန်းခြင်း (အင်တာဗျူး)အတွက် ပြင်ဆင်ခြင်း Read More »

အခြေခံငွေစာရင်းစာအုပ်ရေးဆွဲခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း

ငွေကြေးစီမံ ခန့်ခွဲခြင်းဆိုတာ ဘာလဲ။ငွေကြေး စီမံခန့်ခွဲခြင်းဆိုတာ ငွေတွေက ဘယ်နေရာက လာပြီး ဘယ်ကိုသွားတယ်ဆိုတာကို ခြေရာခံခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ပုံဖော်ပြီး စာရင်းနဲ့ တကွ မှတ်တမ်း ပြုစုခြင်း အမျိုးမျိုးပဲဖြစ်ပါတယ်။ သင်လမ်းစပျောက်သွားတဲ့ အချိန် ပြန်လည် တည့်မတ်ပေးမယ့် လက်ရှိနဲ့ အနာဂတ် ငွေကြေးစီမံမှုတွေ အတွက်  အစီစဉ်ချတဲ့ ကြီးမားတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ အခြေခံငွေကြေးဆိုင်ရာစီမံခန့်ခွဲခြင်းရဲ့ အရေးပါပုံ။လုပ်ငန်း လုပ်နေဆဲသူများဖြစ်စေ လူငယ်များအနေနဲ့  မိမိတို့ရဲ့  နေ့စဉ်  အသုံးစရိတ်များ ၊ ၀င်ငွေထွက်ငွေများနဲ့ လုပ်ငန်းရှင်များ အနေနဲ့လည်း မိမိတို့ရဲ့ ကုန်ပစ္စည်း တန်ဖိုး များကို စနစ်တကျ ရေးဆွဲတတ်ရန် လိုအပ်ပါသည်။  အခြေခံကျတဲ့ ငွေစာရင်းရေးဆွဲခြင်း ၊ ကုန်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ မိမိရဲ့ နေ့စဉ် လည်ပတ်ဝင်ငွေနဲ့ အသုံးစရိတ် စာရင်းများအား

အခြေခံငွေစာရင်းစာအုပ်ရေးဆွဲခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်း Read More »

လုပ်ငန်းခွင်အတွင်း ဆက်သွယ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း

လုပ်ငန်းခွင် အတွင်း လူမှုပေါင်းသင်း ဆက်ဆံရေး ပြေပြစ်မှုက အရေးကြီးတဲ့ ကဏ္ဍ တစ်ခုဖြစ်ပါတယ်။ မိမိအနေနဲ့ မိမိ တာဝန်ယူထားတဲ့ နေရာတစ်ခုမှာ လုပ်ငန်းသဘောအရ တွေ့ဆုံရမယ့် လူအများနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါ ပါးနပ်မှု၊ သတ္တိရှိမှု၊ ယုံကြည်မှု တည်ဆောက်မှုများကို ကျွမ်းကျင်စွာ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။ မိမိ ရဲ့ အဖွဲ့သားများနဲ့လည်း ကောင်းတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ယုံကြည်မှုတွေ တည်ဆောက်ထားဖို့ လိုပါတယ်။  သတ္တိရှိခြင်း ( မိမိ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိခြင်း) လုပ်ငန်းခွင်မှာ သတ္တိရှိမှု လို့ခေါ်တဲ့ မိမိ ကိုယ်ကို ယုံကြည်မှုရှိရန် အလွန် အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း နားလည်မှု လွယ်ပြီး သင့်အား တရားမျှတမှုမရှိပဲ အခွင့်ကောင်းယူတဲ့ အခြေနေတွေမှာ သင့်ကိုယ့်သင်  ယုံကြည်မှု ရှိရှိ

လုပ်ငန်းခွင်အတွင်း ဆက်သွယ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း Read More »

လုပ်ငန်းခွင်အခွင့်အရေးများ၊ တာဝန်များ၊ ကျန်းမာရေး နှင့် ဘေးကင်းရေး

လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့်များနှင့် တာဝန်များ ရပိုင်ခွင့်များ။ ။ လူတွေမှာ ရှိသင့်တဲ့ မျှော်လင့်ထားတဲ့ ပြုလုပ်သင့်တဲ့ ကျယ်ပြန့်ပြီး ယေဘုယျ ဆန်တဲ့ သဘောတူညီမှုတွေ ဖြစ်ပါတယ်။ အခွင့်အရေး/ရပိုင်ခွင့် ဥပမာတွေကတော့ လူသားတစ်ဦးချင်းစီရဲ့ အသက်ရှင်သန်ခွင့်၊ မွေးရာပါလွတ်လပ်မှုနဲ့ တန်းတူညီမျှမှု၊ လွတ်လပ်စွာ တွေးခေါ်မှု၊ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဖြစ်ပါတယ်။ တာဝန်များ။ ။ လူတွေ လုပ်သင့်တယ်လို့ မျှော်လင့်ထားတဲ့ ကျယ်ပြန့်ပြီး ယေဘုယျ ဆန်တဲ့ သဘောတူညီမှုတွေ ဖြစ်ပါတယ်။ တာဝန်တွေနဲ့ဆိုင်တဲ့ ဥပမာတွေမှာတော့ မြေယာဥပဒေတွေကို လိုက်နာခြင်း၊ အခွန်ပေးဆောင်ခြင်း၊ အခြားသူတွေရဲ့ အခွင့်အရေးကို မချိုးဖောက်ဘဲ ရိုးသားမှန်ကန်စွာ ဆောင်ရွက်ခြင်း၊ ကမ္ဘာ့နေရာ တော်တော်များများမှာ သတ်မှတ်ထားတဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ရသင့်တဲ့ အခြေခံအခွင့်အရေးတွေကတော့  တာဝန်ယူခြင်း လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့အတွက် တာဝန်သိစိတ်ရှိဖို့က အရေးကြီးပါတယ်။

လုပ်ငန်းခွင်အခွင့်အရေးများ၊ တာဝန်များ၊ ကျန်းမာရေး နှင့် ဘေးကင်းရေး Read More »

ပြဿနာဖြေရှင်းခြင်း

ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) သည် လူတိုင်းကျွမ်းကျင်ထားရမယ့် မရှိမဖြစ် လိုအပ်တဲ့ ကျွမ်းကျင်မှုစွမ်းရည် တစ်ခုဖြစ်ပါတယ်။ သင်ကိုယ်တိုင် သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်းဖြင့် သင့်ရဲ့ Problem Solving Skills ကို တိုးတက်အောင်ပြုလုပ်လို့ရပါတယ်။ အသစ်သစ်သော ပြဿနာများ ကြုံတွေ့ရလေ သင်ရဲ့ Problem Solving Skills စွမ်းရည်က ပိုပြီးတိုးတက်လာလေပဲဖြစ်ပါတယ်။ လူတွေက သင့်ကို အဆိုးဆုံးသော အရာတွေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်ကို မျှော်လင့်နေမှာဖြစ်ပါတယ်။ လူအများနဲ့ ပြောဆို ဆက်သွယ်ရလေ သင့်အတွက် အသစ်သစ်သော ပြဿနာများ တိုးပွားလာလေပဲဖြစ်ပါတယ်။ ဒီလို ပြဿနာများကို များများထိတွေ့ရလေလေ ပြဿနာဖြေရှင်းနိုင်သူ (Problem Solver)တစ်ယောက် ဖြစ်လာပြီး သင့်ရဲ့ တွေးခေါ်မှုစွမ်းရည်၊ တည်တည်ငြိမ်ငြိမ်သတိရှိရှိ

ပြဿနာဖြေရှင်းခြင်း Read More »

အချိန်နှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း

အချိန် စီမံခန့်ခွဲမှု ဆိုတာ ကိုယ်ရဲ့ အချိန်ကို အလုပ်တာဝန်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ စီစဉ်တဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်။  ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုကို လုပ်ဆောင်တဲ့အခါ အဓိကအားဖြင့် လုပ်ဆောင်မှု (action) အဆင့်မှ ရလဒ် (Result) အဆင့်သို့ ရောက်ဖို့လိုပါတယ်။ အလုပ်များ ခြင်းက အချိန်ကို စနစ်တကျ စီမံခန့်ခွဲမှု မဟုတ်ပေ။ ထိုသို့ အချိန်ကို စနစ်တကျ စီမံမှုတွေ မရှိလာတာနဲ့အမျှ Stress ဆိုတဲ့ ဖိအားတွေ များလာပြီး စိတ်ရော ကိုယ်ပါ ပင်ပန်းပြီး လုပ်ငန်းခွင်မှာ မိမိရဲ့ တိုးတက်မှု စွမ်းရည်တွေ ကျဆင်းလာမှာ ဖြစ်ပါတယ်။ အချိန်ဇယား ဆွဲခြင်းနဲ့ စီစဉ်ခြင်းရဲ့ အရေးကြီးပုံ။ အချိန်ဇယားကို ထိထိရောက်ရောက် ပြုလုပ်ရန် အခြေခံမူများ

အချိန်နှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း Read More »

လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း

လုပ်ငန်းခွင်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ အဖွဲ့တစ်ခု သို့မဟုတ် ကုမ္ပဏီကို အကျိုးပြုစေမယ့် တူညီတဲ့ ရည်မှန်းချက်တစ်ခုကို ရောက်အောင် လုပ်ဆောင်ရခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းက အများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်တဲ့စွမ်းရည် (interpersonal skills)၊ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း၊ ဗဟုသုတမျှဝေခြင်း တို့လိုအပ်ပြီး ရုံးတွင်းသော်လည်းကောင်း အွန်လိုင်းကနေသော်လည်းကောင်း လုပ်ဆောင်နိုင်ပါတယ်။ သင်မည်သည့်လုပ်လုပ်ငန်း တွင် လုပ်ကိုင်သည်ဖြစ်စေ အထက်လူကြီးများ ၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်း များ နှင့် ထိရောက်စွာ ဆက်သွယ်နိုင်မှု  အရည်အချင်း က မရှိမဖြစ် လိုအပ်ပါတယ်။ လူအများစုက မတူညီတဲ့ နောက်ခံပေါင်းစုံ ကနေ ဆင်းသက်လာတာဖြစ်ပြီး မတူညီတဲ့ အမြင်တွေ ယုံကြည်ချက်တွေ ရှိတဲ့အခါမှာ ပဋိပက္ခ များ ရံဖန်ရံခါ ကြုံတွေ့ ရင်ဆိုင် တတ်ရပါတယ်။ ကွဲပြားမှုတွေကတစ်ဆင့် ပဋိပက္ခ

လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်ခြင်း Read More »