Uncategorized

Clay Workshop by Counselling Corner

Type : Paid Workshop  Description : ရွှံ့စေးကိုအသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာအောင် ဂရုစိုက်နိုင်မည့် Workshop တစ်ခုဖြစ်ပါသည်။  Title : Clay Workshop Date : September 25, 2022 (Sunday)  Time : 10:00 AM – 12:00 PM Language : Myanmar  Participation Fee : 10,000 Ks Place : Counselling Corner   Phone : 09785074173/ 09784509916 Eligibility : စိတ်ပါဝင်စားသူမည်သူမဆို ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ Benefits : 📌 သဘာဝတရားကို ခံစားရင်း စိတ်ပိုင်းဆိုင်ရာဂရုစိုက်နိုင်မည်။ 📌 […]

Clay Workshop by Counselling Corner Read More »

Introduction to Google

Google လို့ပြောလိုက်တာနဲ့ တစ်ခုခုရှာလို့ရတယ်ဆိုတာကို လူတိုင်းက နားလည်ပြီးသားဖြစ်မှာပါ။ Google ရဲ့ လူအသုံးများဆုံး toolsတွေအကြောင်းကို ဗီဒီယိုအတိုလေးနဲ့ ပြပေးထားပါတယ်👇🏻

Introduction to Google Read More »

စီမံခန့်ခွဲမှု စွမ်းရည် (Management Skills)

စီမံခန့်ခွဲမှု စွမ်းရည်ဆိုတာဘာလဲ။ (What are management skills?) စီမံခန့်ခွဲတယ်ဆိုတာ အပြင်ပိုင်းက ကြည့်ရင် လွယ်တဲ့ ပုံပေါက်ပါတယ်။ ဒါပေမယ့် စွမ်းရည်တစ်ခုတည်းနဲ့ မရပါဘူး အများကြီးက ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လွယ်လွယ်လေးပြောရရင် စီမံခန့်ခွဲမှု စွမ်းရည်တွေဆိုတာက အလုပ်တွေကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ရှိသင့်တဲ့ သီးခြားအရည်အချင်းတွေ ဒါမှမဟုတ် စရိုက်လက္ခဏာတွေဖြစ်ပါတယ်။ ဘာတွေပါလဲဆိုတော့ ပြဿနာဖြေရှင်းတာ၊ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အလုပ်တွေလုပ်ဆောင်တာ၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်သမားတွေနဲ့ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းတာ ဖြစ်ပါတယ်။ စီမံခန့်ခွဲသူ မန်နေဂျာတွေဟာ အမျိုးမျိုးသော ဦးထုပ်တွေကို ဆောင်းရသလို ပုံစံမျိုးစုံဖြစ်နေပါတယ်၊ ပြီးတော့ အဲဒီပုံစံတွေကို ပြီးပြည့်စုံပြီး အံဝင်ဂွင်ကျဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေဟာ ဘယ်အဖွဲ့အစည်းတွက်မဆို အရေးကြီးတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်၊ သူတို့ကို ကြီးကြပ်ရေးမှူး(Supervisors) နဲ့

စီမံခန့်ခွဲမှု စွမ်းရည် (Management Skills) Read More »

မြေပဲ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံအနေနဲ့ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ဆီအုန်းတို့ကို အဓိက ထား စိုက်ပျိုးကြပြီး ပဲပုပ်နဲ့ ဆီမုန်ညှင်းတို့ကိုလည်း တိုးချဲ့ စိုက်ပျိုးလျက် ရှိပါတယ်။ နှမ်း သီးနှံကို ဧရိယာအများဆုံး စိုက်ပျိုးကြပြီး မြေပဲသီးနှံကို ဒုတိယအများဆုံး စိုက်ပျိုးကြပါ တယ်။ မြေပဲကို အပူပိုင်း၊ အပူသမပိုင်းနဲ့ သမပိုင်းရာသီဥတုရှိတဲ့ နေရာတွေမှာ စိုက်ပျိုးကြ ပြီး ဆီစားသုံးမှုအနေနဲ့ ကမ္ဘာတစ်ဝှမ်း တန်သန်းပေါင်းများစွာ ရှိပါတယ်။ မြေပဲသီးနှံကို မိုး နဲ့ ဆောင်း နှစ်ရာသီလုံးမှာ စိုက်ပျိုးကြပြီး အထက်မြန်မာပြည်မှာ မြေပဲသီးနှံသီးသန့် (သို့) ပဲစဉ်းငုံ၊ နှမ်းတို့နဲ့ သီးညှပ် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်မှာ စပါးပြီး သီးထပ် စိုက်ပျိုးကြပါတယ်။ မြေပဲ အဓိကစိုက်ပျိုးတဲ့ ဒေသတွေကတော့

မြေပဲ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

နှမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ နှမ်းကို မိုး၊ မိုးနှောင်းနဲ့ မိုးကြိုရာသီတွေမှာ စိုက်ပျိုးကြပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတွေမှာ သီးသန့် (သို့) ပဲစင်းငုံနဲ့ သီးညှပ်အနေနဲ့၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း တွေမှာ စပါးစိုက်အပြီး သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ လူတို့အတွက် များစွာအသုံးဝင် ခြင်း၊ ခြောက်သွေ့သောဒေသများတွင် စိုက်ပျိုးနိုင်ခြင်း၊  သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီ ထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ခြင်း၊ အထူးတလည် တီထွင်ရသော ထွန်ထယ်ကိရိယာများ မလို အပ်ခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ အခြားသီးနှံများထက် ကုန်ကျစရိတ် သက်သာစွာ စိုက်ပျိုး နိုင်ခြင်း၊ အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့် ပိုးမွှားများကို ခံနိုင်ခြင်း၊ ငှက်၊ ကြွက် ဖျက်ဆီးမှု မရှိခြင်း၊ နှမ်းစိုက်ပြီးနောက် မြေအစိုဓာတ်နှင့် မြေဖွဲ့စည်းမှု ကောင်းသွားသောကြောင့် နောက်စိုက်သောသီးနှံ

နှမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ပဲတီစိမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ပဲတီစိမ်းကို အပူပိုင်း အာရှနိုင်ငံအများအပြားမှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံပြည်တွင်း မှာပဲတီစိမ်းကို အသင့်အတင့်သာစားသုံးပြီး ပြည်ပနိုင်ငံတွေကို အဓိကတင်ပို့လျက်ရှိပါတယ်။ အဓိကအားဖြင့် အိန္ဒိယ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချပေးလျက်ရှိနေပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသော သီးနှံဖြစ်ပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ပြီး ရေ သွင်းနိုင်တဲ့ဒေသတွေမှာ မိုးကြိုသီးနှံ၊  အထက်မြန်မာပြည်မှာ မိုးရေသောက်သီးနှံ စသည်ဖြင့် မိုးဦး/မိုးလယ်မှာ သီးသန့် (သို့) ဝါ၊ ပဲစင်းငုံတို့နဲ့ သီးညှပ်အနေနဲ့ အောက်မြန်မာပြည်မှာ မိုးစပါးအပြီး သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ အဓိကစိုက်တဲ့နေရာတွေက အထက် မြန်မာပြည်မှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတို့ဖြစ်ပြီး အောက်မြန်မာပြည်မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း တို့ ဖြစ်ပါတယ်။ ရာသီဥတု။ ပူနွေးခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး

ပဲတီစိမ်း စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ဂျုံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အေးမြစွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ သမပိုင်းမြက်ခင်းလွင်ပြင်ဒေသ၊  မိုးရေ ချိန် ၁၀-၃၀ လက်မထိ ရွာတဲ့ဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းပြီး အပူပိုင်းဒေသတွေမှာ မိုး ရေချိန် ၂၅ လက်မခန့်လိုအပ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီမှာ မိုးရေချိန်နည်းတဲ့ စက်တင်ဘာ ၁၅ ရက်မှစပြီး စိုက်ပျိုးကြပါတယ်။ အနည်းဆုံး အပူချိန် ၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ၂၅ ဒီဂရီ စင်တီဂရိတ်က အသင့်တော်ဆုံး ဖြစ်ပါတယ်။ နှင်းခါးရိုက်ရင် ပန်းပွင့်တွေ ထိခိုက်တတ်လို့ ဒီဇင်ဘာလ တတိယပတ် နဲ့ ပန်းပွင့်ချိန်လွတ်အောင် ချိန် စိုက်ပျိုးသင့်ပါတယ်။ မြေအမျိုးအစား။ သဲမြေနဲ့ ကျောက်စရစ်မြေမှလွဲပြီး မည်သည့်မြေမျိုးမဆို စိုက်ပျိုးနိုင်ပေမယ့်

ဂျုံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ခရမ်းချဉ်သီး စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ခရမ်းချဉ်ဟာ ကျန်းမာရေး အထောက်အကူပြု သီးနှံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးစိုက်ပျိုးပြီး ကမ္ဘာ့နိုင်ငံတွေအားလုံးမှာ ဟင်းလျာများအတွက် အမှန်တကယ်  လိုအပ်တဲ့ စားဖိုဆောင်သီးနှံတစ်ခုအဖြစ် ကျော်ကြားလာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ အများဆုံး စိုက်ပျိုးကြပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း စိုက်ပျိုး ပါတယ်။ သမနွေးပိုင်းရာသီဥတုရှိတဲ့ ရှမ်းပြည်နယ်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။  ရာသီဥတု။ နွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စတဲ့ လွန်ကဲ တဲ့ ရာသီဥတု အခြေအနေမျိုးမှာ အပင်ကို သေစေနိုင်ပါတယ်။ သင့်တော်တဲ့ အပူချိန်က ၂၀-၂၄ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး ပျမ်းမျှအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက်နည်းရင် (သို့) ၂၇ ဒီဂရီထက်များရင် မကောင်းပါ။ အနီရောင်ကို ဖြစ်စေတဲ့ လိုင်ကိုပင်းဓါတ်က ၂၁

ခရမ်းချဉ်သီး စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ငရုတ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အပူချိန် ၁၅-၃၅ ဒီဂရီစင်တီဂရိတ် ရှိပြီး ရက် ၁၃၀-၁၅၀ အတွင်း နှင်းခါးကျရောက်မှု ကင်းရင် ငရုတ်စိုက်ပျိုးဖို့ သင့်တော်ပါတယ်။ မြေကြီးအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နှင့် အောက်လျော့နည်းရင် အပင်ကြီးထွားမှုကို တုံ့နှေးစေပါတယ်။ ၄၀ ဒီဂရီစင်တီဂရိတ်အထက် ကျော်ရင် အသီးတင်မှု ညံ့ရုံသာမက ဆိုးဆိုးဝါးဝါး အသီးကြွေကျမှု ကိုလည်းဖြစ်စေပါတယ်။  မြေအမျိုးအစား။ မြေအမျိုးအစား အမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပေမယ့် အသင့်တော်ဆုံးက ရေစီးရေလာ ကောင်းပြီး မြေသြဇာထက်သန် ပေါကြွယ်ဝနေသော သဲနုန်းမြေ ဖြစ်ပါတယ်။ မြေချဉ်ငံဓါတ် ၅.၅-၆.၅ သင့်တော်ပြီး  ၅-၅.၇ က အကောင်းဆုံးပါ။ ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိတဲ့ အပင်ဖြစ်ပါတယ်။ မျိုးရွေးချယ်ခြင်း။ ဈေးကွက်လိုအပ်ချက်၊ ဒေသ ရေ၊ မြေ၊ ရာသီဥတု စသည်တို့နဲ့ ကိုက်ညီပြီး ပိုးမွှား

ငရုတ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »

ကြံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ကြံကို သကြားထုတ်လုပ်ခြင်း၊ အရက်အချဉ်ဖောက်ခြင်းနဲ့ တိရစ္ဆာန်အစာ စသည်ဖြင့်  အမျိုးမျိုး အသုံးပြုကြပါတယ်။ ကောင်းစွာကြီးထွားလာတဲ့ ကြံရိုးတစ်ချောင်းမှာ အမျှင်ဓာတ် (၁၁-၁၇)%၊ ပျော်ဝင်လွယ်သော သကြားဓာတ် (၁၂-၁၆)%၊ အချိုဓာတ်မဟုတ်သော အခြား ပါဝင်မှု (၂-၃)% နဲ့ ရေဓာတ် (၆၀-၇၀)% ခန့် ပါဝင်ပါတယ်။ ကြံဟာ ပိုးမွှားများနဲ့ ပေါင်းပင် တွေကို ခံနိုင်ရည် မရှိတဲ့ အပင်အမျိုးအစား ဖြစ်ပေမယ့်  ကမ္ဘာမှာ အများဆုံးစိုက်ပျိုးကြတဲ့ စိုက်ပျိုးသီးနှံတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ဝယ်လိုအားများသလို စိုက်ပျိုးသူတွေကိုလည်း အကျိုးအမြတ်ပေးနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သင့်တဲ့သီးနှံတစ်ခုဖြစ်ပေမယ့် အထွက် နှုန်းဟာ ရာသီဥတုအနေအထား၊ မြေအမျိူးအစား၊ မြေသြဇာ၊ ရေသွင်းရေထုတ်၊ ပိုးရောဂါ ကာကွယ်နှိမ်နင်းမှုနဲ့ ရိတ်သိမ်းချိန်တွေအပေါ် များစွာမူတည်နေတဲ့အတွက် အကောင်းဆုံး သီးနှံစီမံခန့်ခွဲမှုစနစ်များကို အလေးထား ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ကြံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ Read More »