Conflict Resolution

💠ပဋိပက္ခ (Conflict) ဆိုတာဘာလဲ။

ပဋိပက္ခဆိုတာ လူနှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထက်ပိုပြီး လူများအကြား မတူညီတဲ့ အမြင်နဲ့  တန်ဖိုးထားမှုတွေ ရှိတဲ့အခါ ဖြစ်ပေါ်နိုင်ပါတယ်။ ပဋိပက္ခက သင်နဲ့ သင့်သူငယ်ချင်းများ၊ မိဘများ၊ အတန်းဖော်များနဲ့ လုပ်ဖော်ကိုင်ဖက်များအကြား ဖြစ်ပေါ်နိုင်ပါတယ်။ သင်ကိုယ်တိုင် အတွင်းစိတ်ထဲကလည်း ပဋိပက္ခဖြစ်ပေါ်နိုင်ပါတယ်။ တစ်ခါတစ်ရံသင့်သူငယ်ချင်းတစ်ဦး (သို့မဟုတ်)  မိသားစုဝင်တစ်ဦးကို ထောက်ခံပေးခြင်းကြောင့် သင်ကိုယ်တိုင် ပဋိပက္ခအခြေအနေအတွင်း ဝင်ရောက်သွားနိုင်ပါတယ်။

ပဋိပက္ခအမျိုးအစားများမှာ_ 

  • လူတစ်ဦး၏စိတ်အတွင်း—တစ်ဦးတစ်ယောက်အတွေးထဲတွင်ဖြစ်ပေါ်ခြင်း၊ 
  • လူတစ်ဦးနှင့်တစ်ဦးကြား—လူလူချင်းကြားဖြစ်ပေါ်ခြင်း၊ 
  • အဖွဲ့အတွင်း — အဖွဲ့တစ်ဖွဲ့အတွင်းဖြစ်ပေါ်ခြင်း၊ 
  • အဖွဲ့များကြား — အဖွဲ့တစ်ခုနှင့်တစ်ခု ကြားဖြစ်ပေါ်ခြင်း  တို့ဖြစ်သည်။ 

💠Conflict Resolution ဆိုတာ ဘာလဲ။

ပဋိပက္ခဖြေရှင်းခြင်းဆိုတာ ပြဿနာတစ်ခု ဒါမှမဟုတ် အငြင်းပွားမှုတစ်ခုအတွက် ဖြေရှင်းချက်တစ်ခုရရှိလာအောင် လူနှစ်ဦး (သို့မဟုတ်) အဖွဲ့နှစ်ဖွဲ့ (သို့မဟုတ်) ထို့ထက်ပိုတဲ့ အဖွဲ့များ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ပါဝင်ပတ်သက်သူတွေက ပြဿနာကို အကျိုးရှိရှိဖြေရှင်းနိုင်တဲ့ အဖြေတစ်ခုရရှိဖို့ အတူတကွပူးပေါင်းဆောင်ရွက်ကြပါတယ်။

ပဋိပက္ခစီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေက ပဋိပက္ခများကို စီမံခန့်ခွဲမှုပုံစံအမျိုးမျိုး အသုံးပြုပြီး ချဉ်းကပ်နိုင်ပါတယ်။ ဒီပုံစံတွေက ကွဲပြားနိုင်ပေမယ့် ဖြေရှင်းတဲ့နည်းလမ်းတိုင်းက တူညီတဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကိုသာ အသုံးပြုရပါတယ်။ ပဋိပက္ခကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ဖို့ သင်က လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့လည်း ကြိုးစားသင့်ပါတယ်။ လုပ်ငန်းခွင်ပဋိပက္ခတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲလိုပါက လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့ အဓိကအရည်အချင်းတွေနဲ့ လက္ခဏာအချို့ကို အောက်တွင် ဖော်ပြထားပါတယ်။

💠လုပ်ငန်းခွင်ပဋိပက္ခတွေ စီမံခန့်ခွဲရာမှာ လိုက်နာကျင့်သုံးဖို့ လိုအပ်တဲ့ အဓိက အရည်အချင်းတွေနဲ့ လက္ခဏာများ

1. Active listening (ဂရုတစိုက်နားထောင်ခြင်း။)

ဂရုတစိုက်နားထောင်ခြင်း(Active listening)က တစ်ဖက်လူပြောတဲ့စကားကို တလေးတစား နားထောင်ပေးခြင်းဖြစ်ပါတယ်။ ဒီကျွမ်းကျင်မှုကို ဆရာတွေက ကျောင်းသားတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ပိုမိုကောင်းမွန်စွာ သင်ကြားနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။ ကျွမ်းကျင်ပညာရှင်တိုင်း ရှိသင့်တဲ့ universal အရည်အချင်းတစ်ခုလည်းဖြစ်သည်။

ဂရုတစိုက်နားထောင်ခြင်းကို ကောင်းမွန်လာအောင် လေ့ကျင့်ဖို့ သင်လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးအရာတွေက ပွင့်လင်းသောစိတ်ရှိဖို့ နဲ့ အခြေအနေကို နားစွင့်ထားဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ပြုလုပ်ဖို့၊ အခြားသူတစ်ဦးရဲ့ စကားအသုံးအနှုန်းကို မှတ်သားထားပြီး အလားတူ အသုံးအနှုန်းကို အသုံးပြုခြင်းဖြင့် တုံ့ပြန်ပြောဆိုပါ။ သင်နားထောင်နေကြောင်း သက်သေပြပြီး ဆွေးနွေးနေတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေကို ရှင်းလင်းစေပါတယ်။ ဒါ့အပြင် မေးခွန်းတွေမေးပြီး တစ်ဖက်လူရဲ့ ဆန္ဒသဘောထားကို နားလည်ဖို့ အာရုံစိုက်ပါ။

2. Emotional Intelligence (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး)

ဥာဏ်ရည်ဥာဏ်သွေးက အခြားသူတွေရဲ့ စိတ်ခံစားချက်များကိုသာမက သင့်ကိုယ်တိုင်ကိုပါ သိရှိနားလည်နိုင်စွမ်းကို ဖော်ပြပါတယ်။။ ပဋိပက္ခတွေရဲ့ အခြေအနေကို တိုးမလာအောင် တားဆီးထာတာကြောင့် စီမံခန့်ခွဲရာမှာ ဒီကျွမ်းကျင်မှုက မရှိမဖြစ်လိုအပ်ပါတယ်။ အတိုက်အခံတွေရဲ့ စိတ်ခံစားချက်တွေကို ထိထိရောက်ရောက် အဓိပ္ပာယ်ဖွင့်ဆိုနိုင်လျှင် သူတို့နဲ့ ဆက်သွယ်ဖို့ ပိုမိုလွယ်ကူပါလိမ့်မယ်။  ပဋိပက္ခတွေကို ညှိနှိုင်းဖြေရှင်းရာမှာ နှစ်ဦးနှစ်ဖက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ရှုပ်ထွေးမှုများ၊ ဒေါသနှင့် စိတ်ပျက်မှုများကိုလျှော့ချပေးနိုင်ဖို့ နဲ့ နားလည်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

3. Patience (စိတ်ရှည်သည်းခံခြင်း။)

ပဋိပက္ခတွေကို ကျော်လွှားဖို့ မလွယ်ကူပါဘူး။ ပဋိပက္ခဖြေရှင်းရာမှာ လူတွေက အမှားကို မကြိုက်ကြခြင်း၊ ပြဿနာကို မကြာခဏ ဆုပ်ကိုင်ထားရခြင်းကြောင့် ပဋိပက္ခတွေကို ဖြေရှင်းရတာ ခက်ခဲပါတယ်။ ဒီအခြေအနေမျိုးမှာ ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားရင် စိတ်ရှည်ဖို့ လိုအပ်ပါသည်။

ပြဿနာရင်းမြစ်ကို ရှုထောင့်ပေါင်စုံကစဉ်းစားဖို့ လိုအပ်ပြီး  စနစ်တကျစီစဉ် ဖြေရှင်းနိုင်အောင် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ပါဝင်သူတိုင်းရဲ့ အမြင်များ၊ အယူအဆများကို နားထောင်ပြီး ငြင်းခုံမှုတစ်ခုစီကို အညီအမျှတန်ဖိုးထားဖို့ အချိန်လိုအပ်ပါလိမ့်မယ်။ ရွေးချယ်စရာအားလုံးကို အညီအမျှစဉ်းစားပြီး အချိန်ယူခြင်းက ခေါင်းကိုက်ခြင်းကို သက်သာစေမယ့် ရေရှည်ဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်။

4. သမာသမတ်ကျခြင်း။

ပဋိပက္ခတွေကို ဖြေရှင်းဖို့ ခက်ခဲတဲ့ အခြားအကြောင်းရင်းတစ်ခုက ပဋိပက္ခကို အမြဲတမ်း အာရုံစိုက် မနေခြင်းကြောင့်ဖြစ်ပါတယ်။   ပဋိပက္ခက အချိန်နဲ့အမျှ       ဖြစ်ပေါ်လာတတ်ပြီး တစ်ခါတစ်ရံ ပါဝင်ပတ်သက်သူတွေကြားမှာ အရင်က မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အခွင့်အလမ်း တစ်ခုအဖြစ် စွမ်းဆောင်နိုင်ပါတယ်။ အစောပိုင်း ပြဿနာတွေကို မဖြေရှင်းဘဲ လက်ရှိ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်ပါ။ ဒီအခြေအနေမျိုးမှာ ပုဂ္ဂိုလ်ရေးခံစားချက်နဲ့ ပဋိပက္ခကို ခွဲခြားထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ လူအများနဲ့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို အာရုံစိုက်မနေပါနဲ့။ အဲ့ဒီအစား ပြဿနာဇစ်မြစ်ကို မြင်အောင် ကြည့်ပြီး  အဖြေရှာဖို့သာ အာရုံစိုက်ပါ။

5. အပြုသဘောဆောင်ခြင်း။ 

ပဋိပက္ခတွေကို ဖြေရှင်းဖို့ ပုဂ္ဂိုလ်ရေးခံစားချက်တွေနဲ့ရောထွေးပြီး ဘယ်သူမှ အဆင်မပြေဘူးဆိုရင် တိကျတဲ့ အဖြေတစ်ခုရဖို့ ခက်ခဲပါတယ်။ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ သဘောထားမရှိဘဲ ပဋိပက္ခများကို ဖြေရှင်းဖို့ ညှိနှိုင်း ကြိုးစားခြင်းက အကျိုးမရှိနိုင်ပါ။ ပဋိပက္ခတွေက အတားအဆီးအခက်အခဲများနဲ့ ပြည့်နှက်နေပြီး ပြေလည်အောင်ဖြေရှင်းလိုပါက ပြဿနာတွေကို ကျော်လွှားလိုစိတ်ရှိဖို့ လိုအပ်ပါသည်။ ပဋိပက္ခမှာ အပြုသဘောဆောင်တဲ့ သဘောထားရှိခြင်းက အပြန်အလှန်ညှိနှိုင်းမှုကို ပိုမိုကောင်းမွန်စေပြီး အခြားပါဝင်သူ များကို ပိုမိုသက်တောင့်သက်သာဖြစ်စေတယ်။

6. ပွင့်လင်းသော ဆက်သွယ်ဆောင်ရွက်မှုရှိခြင်း

လူမှုဆက်ဆံရေးမှာ ပဋိပက္ခဖြစ်ပွားခဲ့ရင် ပါဝင်သူတွေရဲ့ ဆက်ဆံရေးက ပုံမှန်ပြန်ဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ အလားတူပြဿနာတွေ မဖြစ်ပွားဖို့ မြန်မြန်ဆန်ဆန် အဖြေရှာပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါသည်။

ပါတီတွေကြား ပွင့်လင်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ဖန်တီးခြင်းက ကျန်းမာတဲ့ ရေရှည်ဆက်ဆံရေးကို မွေးမြူဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါက နှစ်ဖက်စလုံးကို အပြန်အလှန် စစ်ဆေးနိုင်စေပြီး သဘောတူညီချက်များ၊ အဆုံးအဖြတ်များကို နှစ်ဖက်စလုံးက လိုက်နာဆောင်ရွက်မှုရှိဖို့ သေချာစေပါတယ်။ စိန်ခေါ်မှုအသစ်တွေ ပေါ်ပေါက်လာပါက၊ ပွင့်လင်းတဲ့ ဆက်သွယ်ရေး စံနမူနာတစ်ခုမှာ ပါဝင်သူများသည် လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုကို အန္တရာယ်မဖြစ်စေဘဲ အတားအဆီးအခက်အခဲများကို ဖြေရှင်းရန်ပိုမိုလွယ်ကူစေပါတယ်။

အထက်ပါအရည်အချင်းများကို နားလည်ခြင်း၊ လိုက်နာကျင့်သုံးခြင်းက ပဋိပက္ခတွေကို ကောင်းစွာ စီမံခန့်ခွဲနိူင်ပြီး ပဋိပက္ခများ ကြီးထွားလာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။

Video Link –  https://www.youtube.com/watch?v=PHJ8eybXJdw