Chulalongkorn University’s Graduate Scholarship Programme

Type: 

Fully funded

Description: 

ASEAN ဒေသတွင်းနှင့် ASEAN မဟုတ်သော ဒေသများမှ ဘွဲ့ရကျောင်းသားများအတွက် ထိုင်းနိုင်ငံ၏ထိပ်တန်း တက္ကသိုလ်ဖြစ်သည့် Chulalongkorn တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများနှင့်အတူ ပညာဆက်လက်သင်ယူခွင့်ရမည့် “Graduate Scholarship Programme”တစ်ခုဖြစ်ပါသည်။

Duration: 

2 years to 3 years

(Master ကျောင်းသားများအတွက် ၂နှစ် နှင့် Doctoral ကျောင်းသားများအတွက် ၃နှစ်အထိ ကြာမြင့်နိုင်ပါသည်)

Deadline: 

May 30,2023

Eligibility: 

  1. ASEANဒေသတွင်းနှင့် ASEAN မဟုတ်သော ဒေသများမှ နိုင်ငံတကာဘွဲ့ရကျောင်းသားဖြစ်ရမည်။ Chulalongkorn တက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် မိမိတို့၏ ဌာနေတက္ကသိုလ်တွင်ပြန်၍ Faculty members, researchers နှင့် Academic Staff အနေဖြင့် အလုပ်ပြန်ဝင်မည့်သူများကို ပို၍ ဦးစားပေးပါမည်။ Chulalongkorn တက္ကသိုလ်တွင် semester တစ်ခုထက်ပို၍ တက်ရောက်နေပါက လျှောက်ထားခွင့်မပြုပါ။
  2. လျှောက်ထားသူသည် တက္ကသိုလ်ပထမဘွဲ့(Bachelor’s Degree)သို့မဟုတ် မဟာဘွဲ့(Master’s Degree)လက်မှတ်ရရှိထားရမည်ဖြစ်ပြီး ဘွဲ့လက်မှတ်နှင့်တကွ ပညာရေးမှတ်တမ်းများကိုလည်း လျှောက်လွှာနှင့်အတူ ပေးပို့နိုင်ရမည်။
  3. ပျှမ်းမျှအားဖြင့် ဘွဲ့ကြိုပညာသင်နှစ်အတွက် 2.75မှတ်ထက်မနည်းရ။ဘွဲ့လွန်ပညာသင်နှစ်အတွက် 3.25 မှတ်ထက် မနည်းရ။
  4. အသက် ၄၀ နှစ်ထက်မကျော်ရ။
  5. အနည်းဆုံး အင်္ဂလိပ်စာ TOEFL မှတ် 500 နှင့် IELTS Band 5 ရရှိဖို့ လိုအပ်ပါသည်။
  6. ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။

Requirements:

  1. တစ်လက်မဓာတ်ပုံ ပူးတွဲပါ လျှောက်လွှာတစ်စောင်
  2. ကိုယ်ရေးအကျဉ်း(CV)
  3. လျှောက်ထားသူ၏ နောက်ဆုံးတက်ရောက်ခဲ့သည့် တက္ကသိုလ်အောင်လက်မှတ်
  4. ဘွဲ့လက်မှတ်
  5. ပတ်စပို့(Passport)အတွက် မိတ္တူဓာတ်ပုံတစ်ပုံ
  6. အကြီးအကဲ၊ဌာနမှူး၊ပါမောက္ခများထံမှ ထောက်ခံစာ(recommendation letter) နှစ်စောင်
  7. နေထိုင်ရာဒေသ၏ ဆေးရုံမှ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာတစ်စောင်

Benefits

  • Economic classအတွက် ခရီးစရိတ်အနေဖြင့် 

ASEAN ကျောင်းသားများအတွက် လေယာဉ်စရိတ် 8500ဘတ်

Asian ကျောင်းသားများအတွက် လေယာဉ်စရိတ် 1200ဘတ်

Europe, Australia,New Zealand, Africa ကျောင်းသားများအတွက် လေယာဉ်စရိတ် 20000ဘတ်

တောင်အမေရိကနှင့် မြောက်အမေရိက ကျောင်းသားများအတွက် လေယာဉ်စရိတ် 30000ဘတ် 

  • Tuition Fee
  • လစဉ်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် 16000 ဘတ်

How to apply:

လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။

https://www.inter.chula.ac.th/wp-content/uploads/2022/04/Scholarship-Programme-for-ASEAN-or-Non-ASEAN-Countries.pdf

For more information:

Official website link>>

https://www.chula.ac.th/en/academics/programs/international-programs/