Data Reset

🔄 Data Reset လုပ်တယ်ဆိုတာ ဘာလဲ?

Data Reset လုပ်တယ်ဆိုတာ ကိုယ့်ဖုန်းထဲက ကိုယ်မလိုချင်တော့တဲ့ Data အားလုံးကို အပြီးတိုင် ဖျက်သိမ်းတာပဲဖြစ်ပါတယ်။ Data Reset ပြုလုပ်လိုက်ပြီဆိုရင်တော့ အဲ့ဒီ Data တွေကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်တဲ့အကြောင်းကိုတော့ သတိပြုဖို့လိုပါတယ်။ 

တကယ်လို့ကိုယ်က အမှန်တကယ် ဒီdata တွေကို ပြန်မလိုတော့မှာ သေချာတယ်ဆိုရင်တော့ Data Reset ပြုလုပ်နိုင်ပါတယ်။

🔄 ဒါဆို Data တွေကို Delete လုပ်တယ်ဆိုတာကရော?

ဒီစကားလုံးတွေကကြည့်လိုက်ရင်တော့ တူတူလိုပဲ ဒါပေမယ့် တကယ်တော့ မတူပါဘူး 

ဘယ်လိုကွာခြားလဲဆိုရင် အတိုချုန်းအရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ 

Delete: “ဖျောက်ထားလို့တော့ရတယ်၊ ဒါပေမယ့် တကယ်လိုအပ်လာရင်ရှိနေမယ်”

Delete ဆိုတဲ့ စကားလုံးကတော့ အများစုသုံးနေကျစကားပါ ဒါပေမယ့် သူက delete လုပ်လိုက်ရုံနဲ့မပျက်ပါဘူး။ ကိုယ့်ရဲ့ primary view (အဓိက မြင်နေရတဲ့ view) မှာပဲပျောက်သွားတာပါ။ မြင်သာအောင်ပြောရမယ်ဆို ဖုန်းထဲက ပုံတစ်ခုခုကို delete လုပ်လိုက်ရင် recently deleted ထဲမှာသွားပြီးရှိနေသေးသလိုပေါ့။ ပြီးတော့ delete လုပ်လိုက်တဲ့ အချက်အလက်တွေက data recovery softwareတွေနဲ့လည်း (ဒါတွေက အွန်လိုင်းကနေလည်း အခမဲ့ကိုသုံးလို့ရတာပါ) ပြန်ပြီးယူလို့ရပါတယ်။ 

အနှစ်ချုပ်: delete လုပ်လိုက်ရင် တန်းပြီး erase မဖြစ်သွားပါဘူး၊ ရှာရခက်အောင်လုပ်လိုက်တဲ့ သဘောပါ

Reset: “သေချာပြီလား? လုံးဝထပ်ပြန်တွေ့ရမှာမဟုတ်ဘူးနော်။”

🔄 Android/ iOS/ Windows အသီးသီးတို့တွင် Data Reset ချနည်း

Andriod မှာပဲဖြစ်ဖြစ်၊ iOS မှာပဲဖြစ်ဖြစ်၊ Window တွေမှာပဲဖြစ်ဖြစ် Data Reset လုပ်လို့ရပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ Device မှာ Data တွေ ဘယ်လို Reset လုပ်ရမလဲဆိုတာ သိပြီးပြီလား? 

မသိသေးရင်တော့ အောက်မှာ ဆက်ကြည့်ပြီး လေ့လာလို့ရပါတယ်။