Digital Footprints ဆိုတာဘာလဲ?

ကျနော်တို့ နေ့စဉ် အင်တာနက်ပေါ်မှာ လုပ်ဆောင်တဲ့အရာတစ်ခုချင်းစီတိုင်းအတွက် ခြေရာလက်ရာ ကျန်ရှိနေခဲ့ပါတယ်။ ဒါကို Digital Footprints လို့ခေါ်ကြပါတယ်။ 

Digital Footprint 👣 လို့ဆိုလိုက်တဲ့အခါ ဘယ်လိုအချက်လက်တွေပါနေမလဲဆိုရင်တော့ 

  • ကျနော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ
  • ကျနော်တို့ ဘာတွေကိုရှာဖွေသလဲ
  • ကျနော်တို့ တင်ခဲ့သမျှ Post တွေ, ပေးခဲ့တဲ့ Reaction, Share ခဲ့တဲ့ Post, Comment ပေးခဲ့တာတွေနဲ့
  • စက္ကန့်နဲ့အမျှ အင်တာနက်ပေါ်မှာ ပြုလုပ်သမျှအရာတိုင်း ဖြစ်နေနိုင်ပါတယ်။

သာမန် စျေးဝယ်ဖို့ကိစ္စတစ်ခုလောက်အတွက် အင်တာနက်ပေါ်မှာ အချက်အလက်တွေရှာဖွေတာ၊ မျှဝေတာဟာ ကိစ္စမရှိပေမယ့်၊ ကိုယ်ရေးအချက်အလက်တွေဆိုရင်တော့ အလွယ်တကူ မျှဝေခြင်းကနေ ရှောင်ရှားသင့်ပါတယ်။

Digital Footprints 👣 တွေ ကျန်ရှိနေခဲ့တယ်လို့ ဆိုတဲ့အခါ Passive and Active အခြေအနေနှစ်မျိုး ဖြစ်နိုင်ပါတယ်။ 

Passive Digital Footprints 👣 

သွယ်ဝိုက်သော နည်းလမ်းဖြင့် အချက်အလက်တွေ ခြေရာလက်ရာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဥပမာ- Website တစ်ခုကို ဝင်လိုက်တဲ့အခါ မိမိရဲ့ IP Address ဆိုတဲ့ ဘယ်နေရာကနေ အင်တာနက်အသုံးပြုနေပါတယ်ဆိုတဲ့ တိကျတဲ့ Location ကို Website ဘက်ကနေ ရရှိသွားပါတယ်။

နောက်တစ်ချက်ကတော့ Cookies တွေပဲဖြစ်ပါတယ်။ များသောအားဖြင့် Website တွေထဲဝင်လိုက်တဲ့အခါ Accept Cookies ဆိုတဲ့စာသာလေးဟာ စက္ကန့်အနည်းငယ်အကြာမှာ ပေါ်လာတတ်ပါတယ်။ 

Cookies ဆိုတာကတော့ ကျနော်တို့ ထို Website ထဲကို ဝင်ရောက်တဲ့အချိန်ကစပြီး ဘယ်လို Blog တွေကို ဖတ်သလဲ၊ ဘာတွေဆက်လုပ်သလဲဆိုတဲ့ လှုပ်ရှားမှုတွေကို Website ဘက်ကသိနိုင်ပြီး ကျနော်တို့လုပ်ဆောင်ချက်တွေနဲ့ နီးစပ်တဲ့ Ads ကြော်ငြာတွေ ပြသပေးတော့မှာ ဖြစ်ပါတယ်။ဒါ့အပြင် ကျနော်တို့ လုပ်သမျှ လုပ်ဆောင်ချက်တွေကိုလဲ ထိုwebsite တွေဘက်ကနေ သိမ်းဆည်းထားနိုင်ပါတယ်။ 

Active Footprints 👣 

မိမိကိုယ်တိုင် တိုက်ရိုက်အချက်အလက် ပေးသွင်းချန်ထားခြင်း ဖြစ်ပါတယ်။ 

ဥပမာ- အင်တာနက်အသုံးပြုနေချိန်မှာ ဆိုရှယ်မီဒီယာ တစ်ခုခုကနေ ပိုစ့်တင်တာ၊ မှတ်ချက်ပေးတာတွေနဲ့ မျှဝေခြင်း (Share) ပြုလုပ်တာတွေပါဝင်ပါတယ်။ 

ဒါ့အပြင် ဆိုရှယ်မီဒီယာ အကောင့်တစ်ခု ဖွင့်ဖို့အတွက် ပေးလိုက်ရတဲ့ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေဟာလဲ active digital footprints တွေပဲဖြစ်ပါတယ်။ 

ဒီလိုမျိုး ကျနော်တို့ကျန်ရှိခဲ့တဲ့ Digital Footprints တွေဟာ Third Parties တွေကနေ ရရှိသွားနိုင်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်အသုံးချခံရနိုင်ပါတယ်။ 

ဥပမာ- 

⚫️ Google ကနေ မိမိရဲ့ နာမည်ကိုရိုက်ရှာတဲ့အခါမှာ မိမိရဲ့ LinkedIn Profile ပေါ်လာတဲ့အခြေအနေမျိုးတွေ၊

⚫️ Facebook ကနေ ကုန်ပစ္စည်းတစ်ခုကို ရှာလိုက်တဲ့အခါမှာ အလားတူကုန်ပစ္စည်းတွေ မိမိရဲ့ Facebook စာမျက်နှာမှာ ဆက်တိုက်ပေါ်လာတဲ့ အခြေအနေမျိုးတွေ ဖြစ်ပါတယ်။ 

ဒါကြောင့် ဆိုရှယ်မီဒီယာအသုံးပြုသည်ဖြစ်စေ၊ အင်တာနက်ပေါ်မှာ ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် ရှိနေတဲ့အခါ ကျနော်တို့ဟာ လုပ်ဆောင်မှုတစ်ခုစီတိုင်းအတွက်  ဘယ်လို Footprints တွေကျန်ရှိနေခဲ့မလဲဆိုတာ သတိထားစဉ်းစားရမယ့် အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ်။