Duo Mobile App အသုံးပြုနည်း

Duo Mobile App ဆိုတာဘာလဲ?

Duo Mobile App ဆိုတာ ကိုယ့်ရဲ့ Social Media Accounts တွေကို နှစ်ဆင့်ခံ သော့ခတ်ခြင်း (Two-Factor Authentication – 2FA) ပြုလုပ်လို့ရတဲ့ Application တစ်ခု ဖြစ်ပါတယ်။ Duo Mobile App ကို အသုံးပြု၍ အသုံးများသည့် Social Media များ ဖြစ်သည့် Facebook, Google, Twitter, Instagram နှင့် အခြားသော App များကို 2FA ပြုလုပ်နိုင်ပါတယ်။

Duo Mobile App Download ရယူနည်း

Step (1) Duo Mobile App အား Play Store/ App Store မှ Download ရယူပါ။

Step (2) “Add Account” မှတစ်ဆင့် 2FA ခံလိုသော Application အားရွေးချယ်ပါ။ Bar code မရှိပါက “No Bar Code” ကိုနှိပ်ပါ။

Step (3) 2FA ခံလိုသည့် App ပေါ်မူတည်၍ ဖြည့်စွက်ခိုင်းသည်များကို ဖြည့်စွက်ပြီးပါက Duo Mobile App ဖြင့် Two-Factor Authentication ကို ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

အသုံးပြုနည်းအား အသေးစိတ်လေ့လာလိုပါက အောက်ပါ ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါတယ်။

App Download link များ
Play Store – https://play.google.com/store/apps/details?id=com.duosecurity.duomobile&hl=en_US&gl=US
App Store – https://apps.apple.com/us/app/duo-mobile/id422663827
Apk Pure – https://m.apkpure.com/duo-mobile/com.duosecurity.duomobile

Case Study : Duo Mobile App အသုံးပြုကာ Facebook တွင် Two-Factor Authentication ခံနည်း