Email Phishing အကြောင်း သိကောင်းစရာ

📩 Email Phishing ဆိုတာကတော့ အရေးကြီးအချက်အလက်တွေကို လိမ်လည်ရယူတဲ့အခါမှာ လူသိများထင်ရှားတဲ့ Website သို့မဟုတ် မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖြစ် ဟန်ဆောင်ကာ Email ပေးပို့ခြင်းဖြစ်ပါတယ်။

📩များသောအားဖြင့် Email Phishing ဟာ မိမိနှင့်ရင်းနှီးသော လူပုဂ္ဂိုလ်အဖြစ် 👥👥 ဟန်ဆောင်ကာ ရောက်လာတတ်ပါတယ်။

[ဥပမာ(၁) 👨🏻‍💻 မိမိ၏ ကုမ္ပဏီမှ အထက်အရာရှိအဖြစ် ဟန်ဆောင်ကာ ဘဏ်အကောင့်တစ်ခုထံသို့ အရေးတကြီး ငွေလွှဲခိုင်းခြင်းများ အဖြစ်များပါတယ်။]

⁉️ ဒါဆိုရင် ဘာတွေ သတိပြု စစ်ဆေးရမလဲ ⁉️

📌ထိုအခါမှာ ပေးပို့လာသော Email လိပ်စာသည် မိမိအထက်အရာရှိ၏ အီးမေးလ် အစစ်အမှန်ဖြစ်ကြောင်း ဦးစွာ အတည်ပြုရပါမယ်။

📌ထို့နောက် အီးမေးလ် တွင်ပါသော အကြောင်းအရာတို့ကို ဆီလျော်မှုရှိမရှိ စစ်ဆေးရပါမယ်။

[ဥပမာ (၂) တစ်ခါတစ်ရံတွင် လူသိများသော 🏢🏢စီးပွားရေးလုပ်ငန်းများအဖြစ် ဟန်ဆောင်ကာ အီးမေးလ်များ ပေးပို့တတ်ပါတယ်။ မိမိလစဉ်ကြည့်ရှုနေသော Netflix ရုပ်သံ အကောင့်၏ လစဉ်ကြေးပေးသွင်းရန်အတွက် Credit ကဒ်အချက်အလက်များအပြင် လျှို့ဝှက်နံပါတ် Password များတောင်းခံသော မေးလ်များ ရောက်လာနိုင်ပါတယ်။]

⁉️ဒါဆိုရင် ဘာတွေ သတိပြု စစ်ဆေးရမလဲ ⁉️

📌 မိမိအသုံးပြုနေတဲ့ Netflix ရဲ့ Official Website လိပ်စာနဲ့ မေးလ်မှာ ပေးပို့လာတဲ့ လိပ်စာတွေကို တူညီသလားဆိုတာ စစ်ဆေးရပါမယ်။

📌ဒါ့အပြင် Email ပေးပို့သူရဲ့ အမည်၊ရာထူးတို့အား ထိုNetflix ကုမ္ပဏီမှာရှိတဲ့ Email ပေးပို့ခွင့်ရှိသူ ဟုတ်မဟုတ်ကို ရှာဖွေစစ်ဆေးကြည့်ပါမယ်။

📌နောက်ဆုံးအနေနဲ့ ပေးပို့လာသော Email လိပ်စာဟာ Netflix ကုမ္ပဏီရဲ့ မေးလ်အစစ်ဟုတ်မဟုတ် အတည်ပြုကြည့်ရပါမယ်။

🔴လိမ်လည်သူတွေ အီးမေးလ်ပေးပို့တဲ့အခါ အသုံးပြုတဲ့ Email (သို့) Website လိပ်စာတွေဟာ မိမိနှင့်ရင်းနှီးကျွမ်းဝင်သူ သို့မဟုတ် ကုမ္ပဏီတွေရဲ့ လိပ်စာ အစစ်အမှန် တွေနဲ့ ဆင်တူယိုးမှားဖြစ်အောင် ပြုလုပ်ထားတာကို အထူးသတိထားရမှာ ဖြစ်ပါတယ်။🔴

Email Phishing ဥပမာပုံစံများကိုတော့ အောက်ပါ ပုံမှာ လေ့လာနိုင်ပါတယ်နော်။

Email Phishing အကြောင်းကို ဗီဒီယိုကနေ လေ့လာကြည့်ရအောင်

👌👌Phishing ပြုလုပ်ခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်မယ့် နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံး ကာကွယ်ထားဖို့ နည်းလမ်းတွေကို “Online ပေါ်လိမ်လည်မှုဖြစ်တယ်ဆိုတာ သင် ဒါတွေ သတိမထားမိလို့ပါ” ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ 👌👌