Facebook နှင့် Twitter အား Two-Factor Authentication (2 FA) နှစ်ဆင့် သော့ခတ်နည်း

အပိုင်း (၁) Two-Factor Authentication ဆိုတာ ဘာလဲ?

🛡️ Two Factor Authentication (2 FA) ဆိုတာဟာ မိမိဖွင့်ထားတဲ့ အကောင့်ဟာ မိမိရဲ့ အမှန်တကယ် အကောင့် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင် အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။
ဒီအဆင့်မှာဆိုရင် ထည့်သွင်းရတဲ့အရာတွေကတော့ အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။
(၁) Mobile Phone သို့ပေးပို့သော SMS Code နှင့်
(၂) လုံခြုံရေးစနစ်အတွက် ထားရှိသော အက်ပလီကေးရှင်း (Third-Party Application) သို့ပေးပို့သည့် Code

🛡️ ဥပမာ – မိမိ အသုံးပြုသော Google Account တစ်ခုအတွက် Mobile Phone နံပါတ်ဖြင့် 2FA ထားရှိပါက
အကောင့်ထဲသို့ Log In တစ်ကြိမ်ဝင်ရောက်မှုတိုင်းအတွက် ကိုယ်ပိုင် Password အပြင် နောက်ထပ် လိုအပ်သော Code နံပါတ်ကို SMS ရရှိမှာ ဖြစ်ပါတယ်။

🛡️ အကယ်၍ 2FA ကို Third-Party Application ဖြင့် ချိတ်ဆက်ပါက မိမိလိုအပ်သော Code နံပါတ်တို့အား Application ထဲတွင် ရရှိနိုင်မှာ ဖြစ်ပါတယ်။

🛡️ ဖုန်းနံပါတ်ဖြင့် 2FA ထားရှိခြင်းဟာ Third Party Application ကို အသုံးပြုခြင်းလောက် စိတ်မချရပါဘူး။ ဥပမာ- တစ်စုံတစ်ဦးဟာ မိမိအသုံးပြုနေတဲ့ ဆင်းမ်ကဒ် အော်ပရေတာမှ တာဝန်ရှိသူအဖြစ် ဟန်ဆောင်ကာ မိမိဖုန်းနံပါတ်သို့ပေးပို့လာသော ကုဒ်နံပါတ်များကို တောင်းယူတဲ့ ဖြစ်ရပ်များကြောင့် ဖြစ်ပါတယ်။
မိမိပြောပြလိုက်တဲ့ ကုဒ်နံပါတ်ဟာ ဘဏ်အကောင့်ထဲကို ဝင်ရောက်လို့ရတဲ့ တစ်ခါသုံးနံပါတ် ဖြစ်နိုင်သလို၊ မိမိရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေထဲကို ဝင်ရောက်နိုင်မယ့် security codes တွေလဲ ဖြစ်နေနိုင်ပါတယ်။

ဒါ့ကြောင့် 2FA အတွက် Application တစ်ခုထားရှိအသုံးပြုခြင်းက ပိုမိုစိတ်ချရပါတယ်။

အပိုင်း (၂) ဘာကြောင့် 2FA ထားသင့်တာလဲ ?

💯 မိမိအသုံးပြုနေသော အကောင့်တိုင်းအတွက် Log In ဝင်ရောက်သောအခါ Code နံပါတ်များလိုအပ်ခြင်းကြောင့် သူစိမ်းများမှ ခိုးယူဝင်ရောက်ခြင်းကို အလွယ်တကူ လုပ်လို့ရမှာ မဟုတ်ပါဘူး။
💯 ဒါ့အပြင် မိမိ မသိသော Device တစ်ခုမှ ဝင်ရောက်သောအခါ မိမိထံသို့လဲ Email (သို့မဟုတ်) Code နံပါတ်များ SMS ဝင်လာခြင်းတို့ကြောင့် Hack ရန်ကြိုးစားနေခြင်းကို သိရှိနိုင်ပါတယ် ။
💯 2 FA ထားရှိခြင်းဖြင့် ကိုယ်ပိုင်အချက်အလက်များ ခိုးယူခံရမှုရန်မှ ကာကွယ်နိုင်ပါတယ်။

2FA အသုံးပြုနိုင်မည့် အက်ပလီကေးရှင်းများ
အသုံးများတဲ့ Authenticator တွေကတော့
(၁) Twilio Authy
(၂) Google Authenticator
(၃) Microsoft Authenticator နဲ့
(၄) Duo Mobile တို့ပဲ ဖြစ်ပါတယ်။

🛡️Application တွေရဲ့ လုပ်ဆောင်ချက်နဲ့ အခြေခံသဘောတရားတွေဟာ အတူတူပဲဖြစ်လို့ မိမိနှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

အပိုင်း (၃) Facebook အကောင့်အား 2 FA ခံနည်း အဆင့်ဆင့်

အပိုင်း (၄) Twitter အကောင့်အား 2 FA ခံနည်း အဆင့်ဆင့်