Facebook Messenger ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ

Facebook Messenger ဟာ ကျွန်တော်တို့အားလုံး နေ့စဥ်ဘ၀မှာ အွန်လိုင်းသုံးတိုင်း အမြဲတမ်းလိုလို ၀င်ရောက် သုံးစွဲလေ့အများဆုံးရှိတဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ ယခုဒီဆောင်းပါးမှာတော့ အားလုံးရင်းနှီးပြီးသား ဖြစ်တဲ့ Facebook Messenger ကို စနစ်တကျ လုံခြုံအောင် ဘယ်လို အသုံးပြုမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Message တွေကို ဖျက်နည်း

  • ပထမဆုံး ဖျက်ချင်တဲ့ Message ကို ဖိပြီး More ကို ရွေးပါ။
  • Remove ကို နှိပ်ပါ။
  • Unsend ကို နှိပ်ရင် ပို့သူရော မြင်ရသူဘက်ကရော ပျက်သွားမှာပါ။
  • Remove For You ကတော့ ပို့တဲ့သူဆီမှာပဲ ပျက်မှာပါ။

(၂) Conversation တစ်ခုလုံးကို ဖျက်နည်း

  • ဖျက်ချင်တဲ့ Conversation ကို ဘယ်ဘက်ကို ဆွဲလိုက်ပါ။
  • More ကို နှိပ်ပြီး Delete ကို ရွေးပါ။

(၃) Chat Room ဖန်တီးနည်း

  • Create Room ကို နှိပ်၍ Share Video Chat Link ကို နှိပ်ပါ။
  • မိမိ invite လုပ်လိုသူကိုသာ သီးသန့်ရွေးချယ်ပီး invite နှိပ်ပါ။

(၄) Secret Conversation အသုံးပြုနည်း

  • Messenger ထဲက သင့် Friend ရဲ့ Account နာမည်ကို နှိပ်ပါ။
  • Go to secret conversation ကို ရွေးပါ။
  • နှစ်ဖက်စလုံးက Device ကို နောက်ဆုံး Version ဖြစ်အောင် Update ထားဖို့ လိုပါတယ်။

(၅) Timer ထားနည်း

  • သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း Message အလိုလို ပျက်ဖို့ နာရီပုံ သင်္ကေတလေးကို နှိပ်ပါ။
  • နှစ်သက်ရာ အချိန် Timer ကို ရွေးပါ။
  • ဥပမာ – ၅ စက္ကန့်ဆိုရင် Seen ဖြစ်ပြီး ၅ စက္ကန့် ကြာတာနဲ့ Message တွေ ပျက်သွားပါလိမ့်မယ်။