Fulbright Foreign Language Teaching Assistant (FLTA) Scholarship Program

Type:

Fully funded

Description:

ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝပြီး ကျောင်းသားများအား သင်ယူလိုစိတ်ရှိအောင် လှုံ့ဆော်ပေးနိုင်သော ဆရာ/ဆရာမများ၊ မိခင်ဘာသာစကားဖြစ်သော မြန်မာဘာသာစကားနှင့် ယဉ်ကျေးမှုများကို U.S ကျောင်းသားများအား သင်ကြားပေးရန် စိတ်ဝင်စားသော ဆရာ/ဆရာမ များအတွက် (၉)လတာ ငွေကြေးထောက်ပံ့မှု အပြည့်အဝပေးမည့် Scholarship Program တစ်ခုဖြစ်ပါသည်။ 

Duration:

9 months

Deadline:

May 8, 2023

Eligibility:

  • မြန်မာနိုင်ငံသားဖြစ်ရမည်။ အခြားသော နိုင်ငံခြားလူမျိုးများသည် မြန်မာနိုင်ငံတွင် လျှောက်ထားခွင့်မရှိပါ။
  • ရွေးချယ်ခြင်း လုပ်ငန်းစဉ်နှင့် ခန့်အပ်ခြင်းကာလတစ်လျှောက် ၎င်းတို့၏ မွေးရပ်မြေတွင်သာ နေထိုင်ရမည်ဖြစ်သည်။
  • အင်္ဂလိပ်စာ ဆရာ/ဆရာမ (သို့မဟုတ်) အင်္ဂလိပ်စာသင်မည့် ဆရာ/ဆရာမဖြစ်ရန် လေ့ကျင့်သင်တန်းတက်နေသော အသက်(၃၀)မကျော်သူ ဖြစ်ရမည်။
  • တက္ကသိုလ် ပထမဘွဲ့(Bachelor’s Degree) ရရှိထားသူ ဖြစ်ရမည်။ အဆင့်မြင့်ဘွဲ့များရရှိထားသူ :ဥပမာ- မဟာဘွဲ့ (Master’s Degree) ရရှိထားသူများလည်း လျှောက်ထားနိုင်ပါသည်။
  • ခိုင်မာသော ပညာရေးနောက်ခံနှင့် ယခင် လေ့လာသင်ယူမှုများတွင် ထူးချွန်‌သောမှတ်တမ်း ရှိရမည်။
  • အင်္ဂလိပ်စာ ကျွမ်းကျင်မှု ရှိရမည်။ အနိမ့်ဆုံး TOEFL PBT ရမှတ် 550 (သို့မဟုတ်) TOEFL IBT ရမှတ် 79-80 (သို့မဟုတ်) IELTS ရမှတ် 6.0 ရရှိထားရမည်ဖြစ်သည်။
  • အမေရိကန်ပြည်ထောင်စုတွင် ခရီးသွားခြင်း၊ နေထိုင်ခြင်း အနည်းငယ်(သို့မဟုတ်) မရှိသူဖြစ်ရမည်။
  • U.S. တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားခြင်း (သို့မဟုတ်) U.S. Degree Program တွင် စာရင်းသွင်းထားခြင်းများ မရှိရပါ။

Benefits:

  • သင်တန်းကာလ (၉)လတာ ကာလတစ်လျှောက် ငွေကြေး အပြည့်အဝထောက်ပံ့မှုပေးမည်ဖြစ်သည်။
  • အင်္ဂလိပ်စာသင်ကြားသော လူငယ်ဆရာ/ဆရာမများအနေဖြင့် ၎င်းတို့၏ သင်ကြားမှုစွမ်းရည်ကို ပြန်လည်ပြင်ဆင်နိုင်မည်။
  • အင်္ဂလိပ်ဘာသာစကား ပို၍ ကျွမ်းကျင်လာမည်ဖြစ်သည်။
  • U.S. ကျောင်းသားများကို မိခင်ဘာသာစကားဖြစ်သည့် မြန်မာဘာသာစကားသင်ကြားပေးနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စု၏ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို တိုးချဲ့နိုင်မည်ဖြစ်သည်။
  • ပါဝင်သူများအနေဖြင့် U.S. တက္ကသိုလ် အတန်းများကို တက်ရောက်နေသည်နှင့်တစ်ပြိုင်နက် မိခင်ဘာသာစကားအတွက် သင်ကြားရေးလက်ထောက်အနေဖြင့် ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။

How to apply:

Application link>>https://mm.usembassy.gov/education-culture 

For more information:Official website link>> https://mm.usembassy.gov/education-culture/scholarship-programs/?fbclid=IwAR3u–G3XAW-TBhIjIixNj9vYQZl1OK6gtoFHzBq5SGHx2BEbqWMvRgJmj0