Global Undergraduate Exchange Program

Type: 

Fully funded

Description: 

ကမ္ဘာအနှံ့က ထူးချွန်တဲ့ ဘွဲ့ကြိုကျောင်းသားတွေအတွက် အမေရိကားမှာ semester တစ်ခုစာ စရိတ်ငြိမ်းသင်ယူလို့ရပြီး အ‌မေရိကန်နိုင်ငံရဲ့ ယဥ်ကျေးမှုတွေ၊ လူမှုအကျိုးပြုဝန်ဆောင်မှုတွေ နဲ့ ပညာရေးနယ်ပယ်ကို ထိတွေ့လေ့လာလို့ရမယ့် scholarshipဖြစ်ပါတယ်။ 

Duration: 

၄လ မှ ၅လ အထိ ကြာမြင့်နိုင်ပါတယ်။

Deadline

ဒီနှစ်အတွက် Application Period ကတော့ November 1 – December 15 ဖြစ်ပါတယ်။

Eligibility: 

  1. ၁၈ နှစ်ကျော်ပြီးသူ ဖြစ်ရပါမယ်။
  2. UGRADမှာ ပါဝင်တဲ့ နိင်ငံတွေက နိုင်ငံသားတိုင်းလျှောက်လို့ရပါတယ်။ (မြန်မာနိုင်ငံလည်းပါဝင်တဲ့အတွက် မြန်မာနိင်ငံသားတွေ လျှောက်လို့ရပါတယ်။)
  3. အသိအမှတ်ပြု university တစ်ခုမှာ လက်ရှိ ဘွဲ့ကြိုတတ်ရောက်နေသူဖြစ်ရပါမယ်။
  4. အထက်တန်းပညာရေး ပြီးမြောက်ထားရပါမယ်။
  5.  Englishလို သေသေချာချာ ရေးနိုင် ပြောနိုင်ရပါမယ်။
  6. သတ်မှတ်ပေးတဲ့ အချိန်အပိုင်းအခြားမှာ အမေရိကားသို့ လာရောက်ပညာသင်ကြားနိုင်ရပါမယ်။
  7. Student exchange visa (J-1) ကို လက်ခံထိန်းသိမ်းနိုင်သူ ဖြစ်ရပါမယ်။
  8. ဆရာဝန်တစ်ဦးဦးမှ ပရိုဂရမ်မှာ ပါဝင်နိုင်ကြောင်း အတည်ပြုပေးနိုင်ရပါမယ်။
  9. အစီအစဥ်ပြီးဆုံးပြီးနောက် မိမိနိုင်ငံသို့ ပြန်သွားရန် ကတိကဝတ်ပြုရပါမယ်။

Benefits

  • ရွေးချယ်ခံရသူတွေကို Programဘက်က လေယာဉ်စရိတ်ကအစ အကုန်အကျခံပေးမှာဖြစ်ပါတယ်။
  • အမေရိကန်နိုင်ငံရဲ့ ပညာရေးကို တက္ကသိုလ်တွေမှာ Semester တစ်ခုစာ လေ့လာနိုင်မှာဖြစ်ပါတယ်။
  • နိုင်ငံတကာကျောင်းသားတွေနဲ့ Network တစ်ခု တည်ဆောက်နိုင်မှာဖြစ်သလို Professional Development အတွက်လည်း အကျိုးရှိစေမှာပါ။

programအသေးစိတ်ကို အောက်ပါ Linkများတွင် ကြည့်ရှုနိုင်ပါတယ်။

https://exchanges.state.gov/non-us/program/global-undergraduate-exchange-program-global-ugrad