Gmail အသုံးပြုနည်းအဆင့်ဆင့်

Gmail ဆိုတာ ဘာလဲ?

လူသုံးအများဆုံးဖြစ်တဲ့ Gmail ဆိုတာ Google Mail ဖြစ်ပါတယ်။ Google ကနေ မိတ်ဆက်ထားတဲ့ Mail System တစ်ခုဖြစ်ပါတယ်။ Gmail ကို အသုံးပြုပြီး စာများ အပြန်အလှန်ပေးပို့ခြင်းများ ပြုလုပ်နိုင်ရုံသာ မကဘဲ Website နဲ့ Application တော်တော်များများမှာ Log in with Google ဆိုတာ နှိပ်လိုက်ရုံနဲ့ account သက်သက်ဖွင့်စရာမလိုဘဲ Log in ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Gmail ဟာ ကျွန်တော်တို့ တစ်ယောက်ချင်းစီအတွက် ရုံးသုံး၊ ကျောင်းသုံးအပြင် အခြားသော ပရော်ဖက်ရှင်နယ် ဆက်သွယ်မှုများအတွက် စွယ်စုံသုံး Mail system တစ်ခုအနေနဲ့ အသုံး၀င်တာကြောင့် လူတစ်ယောက်ရဲ့ အခြေခံ Digital Skill တတ်မြောက်မှုမှာ Gmail သုံးတတ်ဖို့ကလဲ မရှိမဖြစ် အရာတစ်ခုပါပဲ။

Gmail အကောင့် တစ်ခု ဖွင့်နည်း

Gmail ကို ပထမဆုံး စဖွင့်တဲ့အခါ အသုံးအများကြီး ၀င်စေမယ့် အကောင့်ဖွင့်နည်း အဆင့်ဆင့် ကို အောက်ပါပုံအတိုင်း လေ့လာရင်း မိမိဘာသာ အကောင့်သစ်တစ်ခု စမ်းသပ်ဖွင့်လို့ရပါတယ်။

Gmail အကောင့် အသုံးပြုနည်း Video များ

ကဲ Gmail ကို ဘယ်လို စနစ်တကျ သုံးရမလဲဆိုတဲ့ အသေးစိတ် function တွေကို လေ့လာကြည့်ချင်ရင်တော့ အောက်ပါ ဗီဒီယို (၂) ခုကနေ ဆက်လက်လေ့လာလိုက်ကြရအောင်လား။