Google Authenticator အသုံးပြုနည်း

Google Authenticator ဟာ သင့်ရဲ့ အကောင့်များကို စကားဝှက်ခိုးယူခြင်းမှ ကာကွယ်ရန် အသုံးပြုနိုင်တဲ့ အခမဲ့ လုံခြုံရေး Application တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ အသုံးပြုရလွယ်ကူပြီး  Gmail, Facebook, Twitter, Instagram နှင့် အခြားဆိုရှယ်မီဒီယာ အကောင့်များကဲ့သို့ လူသုံးများသော Platform များတွင် ပါ၀င်သည့် Two-Factor authentication ဟုခေါ်သော 2FA ခံထားရန် အသုံးပြုနိုင်ပါတယ်။

Step (1)
Google Authenticator App အား Google Play, Apk Pure အစရှိသည်တို့မှ Download ပြုလုပ်ပါ။

Step (2)
မိမိ Google account အား two-step verification ပြုလုပ်ထားပါ။ မိမိ google account ရှိ “Security and Sign in” အပိုင်းရှိ “Two-Step Verification “အောက် တွင် ရှိသော “Authenticator App”အား ရွေးချယ်ပါ။

Step (3)
ထို့နောက် ဖုန်းအမျိုးအစား ရွေးချယ်ရာတွင် မိမိ ဖုန်းအမျိုးအစားပေါ် မူတည်၍ IOS, Androidအားရွေးချယ်ပါ။

Step (4)
ထို့နောက် Scan ဖတ်ရန် အတွက် Bar code ပေါ်လာမှာ ဖြစ်ပါတယ်။ သို့ရာတွင် ဖုန်းတစ်လုံးထဲတွင် Application နှင့် scan ဖတ်ရန် အဆင်မပြေသည့်အတွက် Can’t read scan အားနှိပ်ပါ။ ထိုအချိန်တွင် ဂဏန်း ၁၆ လုံးပါသော code အား မြင်ရမည်ဖြစ်ပါတယ်။ အထက်ပါ code အား copy ယူထားပါ။ထို့နောက် next အားနှိပ်ထားပါ။

Step (5)
ထို့နောက် Google authenticator application အားဖွင့်ပါ။ အပေါင်းပုံစံအားနှိပ်လျှင် ရွေးချယ်စရာ နှစ်ခုပေါ်လာမည်ဖြစ်သည်။ ထိုနှစ်ခုတွင် Enter a set up key အားနှိပ်ပါ။

Step (6)
အဆင့်(၅) ပြီးနောက် Account နေရာတွင် မိမိ Gmail accountအားထည့်ပါ။ Key နေရာတွင် Copy ယူထားသော code အားထည့်ပါ။ Type of key အမျိုးအစားတွင် Time based အားရွေးထားပါ။

Step (7)
ထို့နောက် Google Authenticator app မှ ဂဏန်း ခြောက်လုံးပါ စကားဝှက်အားရမည်ဖြစ်ပါတယ်။ ထိုစကားဝှက်ကို အဆင့်လေးတွင် ဖော်ပြခဲ့သော Google accountတွင် သွားရောက်ထည့်ပေးပါ။

ဤနည်းဖြင့် သင့် Google accountအား Two factor authentication အပြင် Google ၏ six digit authentication code ဖြင့်ပါ ကာကွယ်ပြီးသားဖြစ်ပါပြီ။ ဤပုံစံအတိုင်း Facebook, Instagram အပြင် အခြားသော social platform များကိုပါပြုလုပ်နိုင်ပါတယ်။ 

ပုံနှင့်တကွ အသေးစိတ် တစ်ဆင့်ချင်းလေ့လာလိုပါက အောက်ပါပုံတွင် လေ့လာကြည့်နိုင်ပါတယ်။ 👇👇 

Google Authenticator နဲ့ 2FA ခံရန် ပြုလုပ်နည်း လေ့လာချင်ရင် ဒီ video လေး မှာ လေ့လာကြည့်ပါ။

Google Authenticator App အား download ရယူရန် 👇👇
Play Storehttps://play.google.com/store/apps/details?id=com.google.android.apps.authenticator2&hl=en_US&gl=US
App Store https://apps.apple.com/us/app/google-authenticator/id388497605
Apk Purehttps://m.apkpure.com/google-authenticator/com.google.android.apps.authenticator2