Google Data Analytics Professional Certificate Course

Type : 

Online Course

Description :

ဒီနေ့ sharing လုပ်ပေးမယ့် Google Data Analytics Professional Certificate ကတော့ Courseraဆိုတဲ့ learning platformကနေတစ်ဆင့် သင်ယူနိုင်တဲ့ online program တစ်ခုဖြစ်ပါတယ်။ ဒီprogramမှာဆိုရင် data analytics အတွက်လိုအပ်တဲ့ skillတွေ knowledgeတွေကို သင်ယူလေ့လာနိုင်ပါတယ်။ အခုမှ dataပိုင်းကိုစလေ့လာမယ့်  beginnerတွေအတွက် သင့်လျော်တဲ့အပြင် dataပိုင်းကိုစိတ်ဝင်စားသူတွေနဲ့ အနာဂတ်မှာ data analysisကို professional careerအဖြစ် လုပ်ကိုင်ချင်သူတွေအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

Duration & Deadline:  

ဒီ programကတော့ အချိန်သတ်မှတ်ထားတာ မရှိတဲ့အတွက် မိမိအဆင်ပြေတဲ့အချိန် ကြိုက်နှစ်သက်သလို လေ့လာလို့ရပါတယ်။

Eligibility: 

Programရဲ့အားသာချက်တစ်ခုကတော့ data analyticsပိုင်းနဲ့စိမ်းတဲ့သူတွေ၊ အတွေ့အကြုံမရှိတဲ့လူတွေပါ တတ်ရောက်နိုင်တာပါပဲ။ beginner-friendlyဖြစ်တဲ့အတွက် စိတ်ဝင်စားသူ မည်သူမဆို တတ်ရောက်နိုင်ပါတယ်။

Requirements:

Programကို အခမဲ့ တတ်ရောက်ချင်တယ် ဆိုရင်တော့ financial aid လျှောက်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ financial aid application formကို ပြည့်ပြည့်စုံစုံဖြည့်ပြီး submitကိုနှိပ်ပေးလိုက်ပါ။ ပုံမှန်ဆိုရင်တော့ ၁၅ရက်အတွင်း emailကနေတစ်ဆင့် အကြောင်းပြန်ပါတယ်။ financial aid approvedဖြစ်ခဲ့ရင်တော့ emailကညွှန်ကြားချက်တွေအတိုင်း enroll လုပ်လိုက်ရုံပါပဲ။

Programအတွက် Laptop သို့မဟုတ် computerနဲ့ internet connection ရှိရင်တတ်လို့ရပါပြီ။ projectတွေပါလုပ်ရမှာဖြစ်တဲ့အတွက် phone နဲ့တော့ အဆင်မပြေနိုင်ပါဘူး။ programမှာ courseရှစ်ခုပါဝင်ပြီး Certificateလိုချင်တယ်ဆိုရင်တော့ အကုန်ပြီးအောင်တတ်ရမှာဖြစ်ပါတယ်။

How to apply:

အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။ 

https://www.coursera.org/professional-certificates/google-data-analytics

financial aid လျှောက်တဲ့နေရာမှာ အခက်အခဲရှိခဲ့ရင်တော့ အောက်က Link မှာ ကြည့်ရှုနိုင်ပါတယ်။

How To Get Financial Aid In Coursera 2023 | Full Guide