Jitsi Meet အကြောင်းသိကောင်းစရာများ

Jitsi Meet ဆိုတာ ဘာလဲ?

Jitsi Meet ဆိုတာ Zoom တို့၊ Google Meet တို့လိုမျိုး တစ်ဦးနှင့်တစ်ဦး Video Call ဖြင့် ဆက်သွယ်နိုင်တဲ့ Web application တစ်ခုပါ။ Jitsi Meet ဟာ သင့်ရဲ့ ဆိုက်ဘာလုံခြုံရေးအတွက် အရေးကြီးတဲ့ End-to-End Encryption ပါဝင်တာမို့ Safety နဲ့ Privacy အတွက်လည်း အတိုင်းအတာတစ်ခုအထိ စိတ်ချရပါတယ်။


Jitsi Meet ကိုဘာကြောင့်အသုံးပြုသင့်တာလဲ?

Jitsi Meet ရဲ့ ထူးခြားချက်က တခြားသော application တွေလိုမျိုး အကောင့်ဖွင့်စရာမလို၊ ကိုယ်ရဲ့အချက်အလက်တွေ (ဥပမာ − ဖုန်းနံပတ်တွေ၊ Gmail) တွေကို ထည့်ပြီးအသုံးမပြုရတာပါ။ အဲဒီလိုမျိုး အသုံးပြုခြင်းက သင့်ရဲ့ Personal အချက်အလက်တွေကို ပြင်ပမှ သူတွေဆီ မရောက်ဖို့အထောက်အကူပြုပါတယ်။

ဒါ့အပြင် Jitsi Meet ရဲ့ Meeting Room တွေဟာ Meeting တွေ တကယ် စတဲ့ အချိန်ကျမှ တည်ရှိတာပါ။ တချို့ပလက်ဖောင်းတွေမှာ Pre-Create လို့ ခေါ်တဲ့ Meeting Room တွေကို ကြိုတင်ပြုလုပ်ထားတဲ့အခါ မလိုလားအပ်တဲ့သူတွေ ဝင်ရောက်နေတာမျိုး ကြုံရနိုင်ပေမယ့် Jitsi မှာတော့ ဒီလို ပြဿနာမျိုး မရှိပါဘူး။

Jitsi Meet ရဲ့ ထူးခြားတဲ့အချက်များ

၁။ Jitsi Meet ဟာ  နည်းပညာအရလဲ အဆင့်မြင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။

၂။ အသံပိုင်းဆိုင်ရာမှာလဲ HD Quality ရရှိအောင် Opus format ကိုအသုံးပြုထားတာဖြစ်ပါတယ်။

၃။ Free Version , Premium Version ခွဲခြားထားတာမျိုးမရှိပဲ 100% free ကို premium features တွေပေးထားတာ ဖြစ်ပါတယ်။ 

၄။ အသုံးပြုဖို့အတွက်လဲ Account ဖန်တီးစရာမလိုပဲ Anonymous (အမည်မဖော်ပဲ) အသုံးပြုနိုင်ပါတယ်။ 


အသုံးပြုတဲ့အခါ သတိထားရမယ့် အချက်များ

၁။ Jitsi Meet သည် Free Web Application တစ်ခုဖြစ်ပါတယ်။

၂။ Jitsi Meet ကိုစတင်သုံးစွဲတဲ့အခါ ဘာအချက်အလက်များ (ဥပမာ − Phone number, Gmail) များဖြည့်ရန်မလိုအပ်ပါ။

၃။ Enter Room Name နေရာတွင် Room အသစ်ဖန်တီးမယ်ဆိုပါက သေချာပြီး ကျစ်လစ်တဲ့ Room Name တွေကိုထည့်သွင်းပေးပါ။

Jitsi Meet ကို Download ပြုလုပ်ရန်အတွက်

IOS – https://apps.apple.com/us/app/jitsi-meet/id1165103905 

Android – https://play.google.com/store/apps/details?id=org.jitsi.meet&hl=en&gl=US