Malware အမျိုးအစားများ အကြောင်း

Malware အမျိုးအစားဘယ်လိုကွဲပြားလဲ၊ သူတို့က ဘယ်လိုပုံစံတွေလဲ ?

Virus – အများဆုံးတွေ့ရတဲ့ အမျိုးအစားဖြစ်ပြီးအခြားသော File တွေ Program တွေကနေ တဆင့် ကူးစက်တာ ဖြစ်ပါတယ်။

Worm – မိမိအသုံးပြုနေတဲ့  Software တွေရဲ့ လုံခြုံရေး အားနည်းချက်ကနေတဆင့် ဝင်ရောက်နိုင်သလို Spam Email တွေ ကနေတဆင့် Worm တွေ ရောက်ရှိလာနိုင်ပါတယ်။ ထိုဖိုင်တွေကို တစ်ချက်ဖွင့်ကြည့်မိတာနဲ့ ကွန်ပျူတာ အသုံးပြုသူရဲ့ အခြားလုပ်ဆောင်ချက် ဘာမှမလိုပဲ Malicious Website တွေထံရောက်သွားနိုင်ပြီး Worm တွေကို အလိုလျောက် Download သွားတာ ဖြစ်ပါတယ်။

Trojan horse – ဂရိလူမျိုးတွေဟာ ထရိုဂျန်  (Trojan War)စစ်ပွဲအတွင်းမှာ ထရွိုင် (Troy) မြို့ကို ဝင်ရောက်ခွင့် ရရှိရန်အတွက် သစ်သားတွေနဲ့တည်ဆောက်ထားတဲ့ အခေါင်းပေါက်ပါတဲ့ ဧရာမ မြင်းကြီးကို တည်ဆောက်အသုံးပြုခဲ့ကြပါတယ်။

ထို့နည်းတူစွာပင် Malware ဖန်တီးသူတို့သည် အခြားကွန်ပျူတာများထံဝင်ရောက်နိုင်ရန် Application တစ်ခုကို ဖန်တီးကာ Install လုပ်ခိုင်းခြင်းဖြင့် အချက်အလက်များစွာ ခိုးယူကြပါတယ်။ အခုလိုမျိုး ထရိုဂျန်မြင်း (Trojan Horse) သမိုင်းကို အစွဲပြုထားသောကြောင့် Trojan Horse Malware လို့ခေါ်ခြင်းဖြစ်ပါတယ်။ 

Spyware – Devices တွေနဲ့ နဲ့ သူ့ကို အသုံးပြုသူတို့ရဲ့ အချက်အလက်တွေကို ခိုးယူစောင့်ကြည့်ဖို့အဓိက လုပ်ဆောင်ပါတယ်။

Ransomware – ကွန်ပျူတာ Devices တွေထဲကို ဝင်ရောက်ပြီးတဲ့အခါမှာ အသုံးပြုသူရဲ့ အချက်အလက်တွေ စနစ်တွေကို ခိုးယူ ရုံသာမကပဲ အချက်အလက်တွေကိုပါ ဖျက်စီးပျောက်ကွယ်သွားစေတာပဲ ဖြစ်ပါတယ်။ အဲ့ဒီလို အချက်အလက်တွေကို ခိုးယူပြီးတဲ့အချိန်မှာ “ငွေပေးမလား၊ မင်းရဲ့ ဒေတာတွေကို ဖျက်စီးပစ်ရမလား” ဆိုပြီး ခြိမ်းခြောက်မှုတွေလဲ ပြုလုပ်ကြပါတယ်။

Rootkit – ကွန်ပျူတာ သို့မဟုတ် စနစ်တစ်ခု ထဲသို့ ဝင်ရောက်ထိန်းချုပ်လို့ရတဲ့ Administrator နေရာကို အရယူကာ ထိန်းချုပ်လုပ်ဆောင် ခြင်းမျိုး ဖြစ်ပါတယ်။

ဒီနေရာမှာ Rooting ဆိုတာဟာ Android ဖုန်းတွေမှာဆိုရင် root ဖောက်ခြင်းလို့ ခေါ်ကြတဲ့အရာ ဖြစ်ပါတယ်။ Rooting ပြုလုပ်ခြင်းဟာ ဖုန်း ရဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်နေမှု (operating system) ကို ဖျက်ပစ်ခြင်း တနည်းအားဖြင့် ဖွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ် ။ 

Root ဖောက်လိုက်တဲ့အခါမှာ မိမိဖုန်းဟာ နဂိုမူလက အသုံးပြု၍ မရသော Apps များအသုံးပြုနိုင်အောင် ပြုလုပ်ခြင်း၊ Official မရသေးသော Operating System OS အား အဆင့်မြှင့်တင်ခြင်း၊ မိမိ မလိုချင်သော system storage များအား ဖျက်ပစ်ခြင်း၊ နှင့် အခြားသော အရာတွေကိုပါ လုပ်ဆောင်နိုင်သွားပါတယ်။ 

ဒါဟာ ကောင်းသေူ လုပ်ရပ်တစ်ခုတော့ မဟုတ်ပါဘူး။ Android OS ရဲ့ သတ်မှတ်ထားတဲ့ စနစ်ကို ဖောက်ဖျက်တဲ့အတွက် Jailbreaking လို့လဲ ခေါ်ကြပါတယ်။

Backdoor – မိမိရဲ့ အိမ်မှာ အိမ်ရှင်မသိအောင် တံခါးပေါက်၊ ဝင်ပေါက်တစ်ခု ထားရှိခဲ့သလိုမျိုး ကွန်ပျူတာ စနစ်ထဲသို့ အကြိမ်ကြိမ်ဝင်ရောက်တိုင်း ကွန်ပျူတာ အသုံးပြုသူ မသိရှိအောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

Adware – ကွန်ပျူတာ နဲ့ မိုဘိုင်းဖုန်းကဲ့သို့ Devices တွေကို အသုံးပြုသူတွေရဲ့ အင်တာနက်ပေါ်မှာ ရှာဖွေမှု၊ ကြည့်ရှုမှုတွေ၊ အသုံးပြုသူရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ခိုးယူတာဖြစ်ပါတယ်။ ခိုးယူပြီးတဲ့နောက်မှာ အသုံးပြုသူရဲ့ အချက်အလက်တွေ၊ ရှာဖွေတတ်တဲ့ Websites တွေကို စီးပွါးရေး ကြော်ငြာ လုပ်ငန်းတွေကို ရောင်းချတာ ဖြစ်ပါတယ်။ 

ဥပမာ – Website တစ်ခုမှ သူ့ထံသို့ ရောက်ရှိလာသော အသုံးပြုသူ User ကို Cookies Install ပြုလုပ်ခိုင်းပြီး ထိုwebsite ထဲတွင် user ရှာဖွေသမျှ လုပ်ဆောင်ချက်တွေကို သိမ်းဆည်းထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အသုံးပြုသူ user ရဲ့ လုပ်ဆောင်ချက်တွေပေါ်မူတည်ပြီး Ads ကြော်ငြာတွေ ပြသပြီး ငွေရှာကြတာ ဖြစ်ပါတယ်။ 

Keyloggers – ကွန်ပျူတာထဲသို့ဝင်ရောက်ပြီး နောက်မှာတော့ အသုံးပြုသူ user ရဲ့ လုပ်ဆောင်ချက်တိုင်းကို သိရှိနေအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

အီးမေးလ် တစ်ခုပို့တာ၊ ဘယ် Program တွေအသုံးပြုတာ၊ ဘယ် website ကို ဝင်ရောက်တာ အစရှိသဖြင့် အချက်အလက်အားလုံးနီးပါးကို သိရှိအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။