Password လုံခြုံရေး ‌အကြောင်း သိကောင်းစရာ

🛡 အွန်လိုင်းလုံခြုံရေး အတွက် Password Security အရေး 🛡

တိုးတက် ပြောင်းလဲလာတဲ့ ၂၁ ရာစု ကြီးမှာကောင်းသောပြောင်းလဲခြင်းတွေ ရှိသလို ၊ တိုးတက်မှုရဲ့ ရိုက်ခတ်မှုတွေဟာလည်း မရေတွက်နိုင်အောင်ပါပဲ။ ထိုအထဲမှာ  အင်တာနက်ပေါ်မှ ဆက်သွယ်ပြောဆိုနိုင်ခြင်း ဆိုတဲ့ ဒစ်ဂျစ်တယ်တိုးတက်မှု ဟာလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ 

ဒီလို လူမှုကွန်ရက်ချိတ်ဆက်မှုတွေပေါများလာတာနဲ့အမျှ  သတင်းအချက်အလက် ပေါက်ကြားခြင်း ဆိုတဲ့ ၂၁ရာစုရဲ့မလုံခြုံမှုတစ်ခုကို တွေ့ကြုံလာကြရပါတယ်။

ယေဘုယျအားဖြင့် သတင်းအချက်အလက် ပေါက်ကြားခြင်းများရဲ့ မူလဇစ်မြစ်ဟာ မိမိထားရှိတဲ့ စကားဝှက်(Password)များ မခိုင်လုံခြင်း၊ပေါက်ကြားခြင်း တို့ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

အချို့သော စကားဝှက်(Password)များဟာ အင်မတန်မှ ခန့်မှန်းရန်လွယ်ကူလွန်းလှတဲ့၊ လူအသုံးများလှတဲ့ စကားဝှက် များဖြစ်နေတတ်ပါတယ်။(ဥပမာ-iloveyou)

ထိုသို့သော လွယ်ကူရိုးရှင်းတဲ့ စကားဝှက် တွေကို မိမိမဟုတ်တဲ့အခြားသူများ ခန့်မှန်းရ ခက်စေဖို့အတွက် နံပါတ်(သို့မဟုတ်) သကေ်တ များထည့်ကာ အသုံးပြုနိုင်ပါတယ်။

🛡📱📱📱📱📱🛡

MYEOers တို့အနေနဲ့ စကားဝှက်(Password)များကိုအထက်ပါ ဖော်ပြတဲ့အတိုင်း အသုံးပြုနိုင်သည့်အပြင် ပိုမိုစိတ်ချကာ ခန့်မှန်းရခက်စေနိုင်ရန်အတွက် 

Diceware နည်းလမ်းကိုအသုံးပြုကာ စကားဝှက် များကို ဖန်တီးယူနိုင်ပါတယ်။

အဆင့်(၁)-Website search bar တွင် Diceware Word List ဟု ရိုက်ရှာပါ။

အဆင့်(၂)-အံစာတုံးကို ငါးကြိမ် လှိမ့်ပါ။(အကြိမ်တိုင်း၏နံပါတ်ကိုမှတ်ထားပါ။)

အဆင့်(၃)-ရလဒ်ကိုချရေးထားပါ။ဥပမာ အနေဖြင့် 4,3,4,6,3

အဆင့်(၄)-43463ဘေးတွင် သက်ဆိုင်ရာ စကားလုံးကိုရှာရန် EFF’s Long Wordlist  ကိုဖွင့်ပါ။

အဆင့်(၅)-“Panoramic”ဟူသောစကားလုံးကိုတွေ့ပါလိမ့်မည်။ဤသည်မှာ သင်၏ စကားဝှက် (Password)၏ပထမ စကားလုံးဖြစ်သည့်အတွက်ချရေးကာမှတ်ထားပါ။

အဆင့်(၆) – စကားလုံးခြောက်လုံးကိုစုဆောင်းရန်အတွက်အဆင့် ၂ မှ ၅ သို့ငါးကြိမ်ထပ်လုပ်ပါ။

သင်ပြီးဆုံးသွားပါကသင်၏စကားဝှက်သည်အောက်ပါအတိုင်းဖြစ်လိမ့်မည်။

ဥပမာ-panoramic nectar precut smith banana handclap

ဤနည်းဖြင့် ခန့်မှန်းရန်မလွယ်ကူသော စကားဝှက်(Password)များကို ပြုလုပ်နိုင်ပါတယ်။

သို့ရာတွင်စကားဝှက် များကိုပြန်လည်အသုံးပြုခြင်းဟာ အလွန်ဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာအလေ့အကျင့်တစ်ခုဖြစ်ကြောင်းကိုလည်းသိနားလည်ထားရပါမယ်။ ကွဲပြားခြားနားသော ၀ဘ်ဆိုဒ်များ သို့မဟုတ် အကောင့်မျိုးစုံအတွက် တူညီသောစကားဝှက်များ သို့မဟုတ်လုံခြုံရေးမေးခွန်းများကိုမသုံးပါနှင့်။