“PwC Switzerland Digital Intelligence Internship with Free Certificate” offered by PWC Switzerland

Type:

Free Online Internship

Description:

ဒစ်ဂျစ်တယ်ဉာဏ်စွမ်း(Digital Intelligence) ဖြင့် စီးပွားရေးလောကတွင် ပြန်၍အသုံးချလိုပြီး စက်မှုလုပ်ငန်းကျွမ်းကျင်သူများနှင့် အလုပ်တွဲလုပ်ကာ အတွေ့အကြုံရယူလိုသောသူများအတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားသော Digital Intelligence Internship program တစ်ခုဖြစ်ပါသည်။

Duration:

7-8 hours

Deadline: 

Open

Eligibility:

  • ဘွဲ့ဒီဂရီ၊ စာသင်နှစ် ခွဲခြားမည်မဟုတ်ပါသောကြောင့် တက္ကသိုလ်ကျောင်းသားတိုင်း လျှောက်ထားနိုင်သည်။
  • မည်သည့်နိုင်ငံကမဆို လျှောက်ထားခွင့်ရှိပါသည်။
  • မတူကွဲပြားသော ပညာရေးနယ်ပယ်မှ လျှောက်ထားသူများကို ပို၍အားပေးပါသည်‌။
  • လျှောက်ထားသူသည် ဒစ်ဂျစ်တယ် ဉာဏ်စွမ်းနှင့် လုပ်ငန်းဆိုင်ရာ အသုံးချနိုင်သည့် ပရိုဂရမ်များတွင် စိတ်ဝင်စားမှုရှိရမည်။
  • ခိုင်မာသော ပြောဆိုဆက်ဆံရေးစွမ်းရည် ရှိရမည်ဖြစ်ပြီး အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိရမည်။
  • ခိုင်မာသော လုပ်ငန်းကျင့်ဝတ်၊ သင်ယူလိုစိတ်နှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နိုင်သည့် အရည်အသွေးများရှိရမည်။

Requirement:

  • ကွန်ပြူတာတစ်လုံးနှင့် တည်ငြိမ်သော အင်တာနက်ချိတ်ဆက်နိုင်မှု လိုအပ်ပါသည်။

Benefits:

  • လျှောက်ထားသူသည် စီးပွားရေးလောကရှိ ဒစ်ဂျစ်တယ်ဉာဏ်စွမ်း(Digital Intelligence) နှင့် ၎င်း၏ ပရိုဂရမ်များအကြောင်းကို လေ့လာနိုင်မည်ဖြစ်သည်။
  • နောက်ဆုံးပေါ်နည်းပညာများနှင့် ကိရိယာ(tools) များအကြောင်းကို နားလည်သဘောပေါက်လာမည်ဖြစ်သည်။
  • ဒစ်ဂျစ်တယ်ဉာဏ်စွမ်းနှင့် ပတ်သက်၍ ထိရောက်သော ဖြေရှင်းနည်းများ ပြုလုပ်နိုင်ရန် ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းနည်းများကို သင်ယူခွင့်ရနိုင်မည်ဖြစ်သည်။
  • လျှောက်ထားသူများသည် ဆက်ဆံရေးစွမ်းရည်တိုးတက်လာမည်ဖြစ်ပြီး အကြံဉာဏ်များနှင့် ဖြေရှင်းချက်များကို ထိထိရောက်ရောက်တင်ပြနိုင်မည့် နည်းများကို လေ့လာနိုင်မည်ဖြစ်သည်။
  • ပေါင်းစပ်ထားသော အလုပ်ဝန်းကျင်တွင် လက်တွေ့အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်သည်။
  • PWC Switzerland ပညာရှင်များထံမှ လမ်းညွှန်မှုနှင့် အကြံပြုချက်များကိုယူပြီးဗဟုသုတနှင့် စွမ်းရည်များကို တိုးမြှင့်နိုင်မည်ဖြစ်သည်။
  • PWC Switzerlandယဉ်ကျေးမှုနှင့် အလုပ်ခွင်ပတ်ဝန်းကျင်ကို ထိတွေ့ခွင့်ရရှိနိုင်မည်ဖြစ်သည်။
  • အလုပ်သင်ကာလ ပြီးမြောက်သွားပါက အောင်မြင်မှုနှင့်အရည်အချင်းကို အသိအမှတ်ပြုမည့် Certificate ရရှိမည်ဖြစ်သည်။

How to apply:

Application link>>  https://www.theforage.com/virtual-internships/prototype/Kaib4AmLSAG5mDsD4/PwC-Digital-Intelligence-Virtual-Case-Experience

For more information:

Official website link>> https://www.theforage.com/virtual-internships/prototype/Kaib4AmLSAG5mDsD4/PwC-Digital-Intelligence-Virtual-Case-Experience