Signal Private Messenger အ‌ကြောင်းသိကောင်းစရာ

📱လူတိုင်းရဲ့ဆိုက်ဘာ လုံခြုံရေးအတွက် Signal App📱

အွန်လိုင်းဆက်သွယ်မှုအတွက် ကျွန်တော်တို့အားလုံး app အမျိုးမျိုးကို အသုံးပြုလာကြပါတယ်။ အဲ့လို အသုံးပြုတဲ့အခါမှာ ဆိုက်ဘာလုံခြုံရေးဟာ အထူးဂရုစိုက်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် အရေးကြီးတဲ့ Online Communication Apps တွေထဲမှာမှ နည်းပညာရှင်တွေ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး တော်တော်လေး  လုံခြုံတယ်လို့ ထောက်ခံကြတဲ့ Signal App အကြောင်းကို ပြောပြချင်ပါတယ်။

ဘာလို့ Signal App ကိုသုံးရလဲ? 🤔🤔🤔

♦️ End-to-end encryption စနစ်ထည့်သွင်းထားခြင်း။ 

ဆက်သွယ်သူနှစ်ဦးနှစ်ဖက်ပဲ မြင်နိုင်မယ့် ဆက်သွယ်ရေးစနစ် ဖြစ်ပြီး Telecom providers တွေ၊ Internet providers တွေ၊ ဆက်သွယ်ရေးစနစ်ကိုထောက်ပံ့ပေးသူတွေတောင် ဝင်ကြည့်လို့မရတဲ့စနစ်ဖြစ်ပါတယ်။

♦️ Self-destructing messages feature ပါဝင်ခြင်း။ 

ပို့လိုက်သော Message များ ကို သတ်မှတ်ထားတဲ့အချိန်ပြီးတဲ့အခါ အလိုအလျောက်ဖျက်ပစ်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့အချက်အလက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်စရာမလိုဘဲ စိတ်ချရပါတယ်။

♦️ No Metadata နှင့် Contact Book Encryption features ပါဝင်ခြင်း။

နောက်ဆုံးအချက်တွေ ဖြစ်တဲ့ No Metadata တို့ Contact Book Encryption features တွေကတော့ ကိုယ့်အသုံးပြုတဲ့ Signal App က ကိုယ့် device ထဲက ဖုန်းနံပါတ်တွေ၊ User ID တွေ၊ ကိုယ်ပြောတဲ့ သတင်းအချက်အလက်တွေ၊ ကိုယ့်ရဲ့ တည်နေရာတွေကို မသိမ်းဆည်းထားဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီလို နည်းပညာ တွေဟာ ကျွန်တော်တို့ အသုံးပြုနေကျ သမာရိုးကျ ဆက်သွယ်ရေး applications အများစုမှာ မပါဝင်တဲ့ အတွက် Signal app ကတော့ လုံခြုံရေး အတွက်ဆိုရင်တော့ မဖြစ်မနေ သုံးရမယ့် app တစ်ခုပဲ ဖြစ်ပါတယ်။ 

Signal app ကိုဘယ်လို sign up လုပ်ရမလဲ ဘယ်လိုအသုံးပြုရမလဲ ကိုသိချင်ရင် အောက်ပါ ပုံကိုကြည့်ပြီး စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။   

App ကိုလည်း အောက်က Link တွေကနေတစ်ဆင့် Download ပြုလုပ်နိုင်ပါတယ်။ 👇👇

Download ပြုလုပ်ရန် (Android)

https://play.google.com/store/apps/details…

Download ပြုလုပ်ရန် (iOS)

https://apps.apple.com/…/signal-private…/id874139669