Simmons University Kotzen Scholarship 

Type: 

Fully funded

Description: 

ဒီ Scholarship ကတော့ နိုင်ငံခြားမှာ ပညာသင်ယူလိုစိတ်၊ ပညာရပ်ဆိုင်ရာ သင်ယူလိုစိတ်၊ စူးစမ်းလိုစိတ် ပြင်းပြတဲ့ ထူးချွန်သူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်ခြင်းဖြစ်ပါတယ်။ merit scholarship ဖြစ်ပြီး အပြိုင်အဆိုင် နိုင်ငံတကာကကျောင်းသားတွေနဲ့ အပြိုင်အဆိုင်အရမ်းများတဲ့အပြိုင်အဆိုင်တစ်ခုလည်း ဖြစ်ပါတယ်။

Duration: 

ဘွဲ့ကြိုလေးနှစ် တတ်ရောက်ရမှာဖြစ်ပါတယ်။

Deadline: 

လျှောက်ထားသူတွေက ပညာသင်ဆုလျှောက်လွှာနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားပြီး တင်ပေးရပါမယ်။ ပညာသင်ဆုအတွက် ထည့်သွင်းစဉ်းစားရန် ရွေးချယ်ခံရသူများကို ဇန်နဝါရီလလယ်တွင် အကြောင်းကြားပါမယ်။ Scholarship လက်ခံသူရရှိသူတွေကိုတော့ မတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းကြားမှာ ဖြစ်ပါတယ်။

Eligibility Criteria:

  1. Fall semester အတွက် ပထမနှစ် ကျောင်းသားအဖြစ် လျှောက်ထားရပါမယ်။
  2. ACT ရမှတ် 28 နှင့်အထက် သို့မဟုတ် SATရမှတ် 1300 ရှိရပါမယ်။
  3. အင်္ဂလိပ်စကား မိခင်ဘာသာစကား မဟုတ်တဲ့ လျှောက်ထားသူတွေက TOEFL၊ IELTS၊ TOEFL Essentials သို့မဟုတ် Duolingo English Test လို အင်္ဂလိပ်စာကျွမ်းကျင်မှု စာမေးပွဲရမှတ်များကို တင်သွင်းရမှာ ဖြစ်ပါတယ်။
  4. GPA 3.3 နှင့်အထက် ရှိရမှာ ဖြစ်ပါတယ်။ 

Benefits:

  • သင်တန်းကြေး၊ အခန်းခ နဲ့ ခရီးစရိတ်ကိုကျခံပေးမှာ ဖြစ်ပါတယ်။
  • အခြားသော ပညာရပ်ဆိုင်ရာလိုက်စားမှုများအတွက် နှစ်စဉ် နောက်ထပ် ဒေါ်လာ ၃၀၀၀ပါထပ်ပေးမှာ ဖြစ်ပါတယ်။

Application process:

‌အောက်ပါ ပေးထားတဲ့ အချက်တွေနဲ့ အဖြေတို နဲ့ စာစီစာကုံး တွေကို ‌ရေးသားပေးပို့ ရမှာဖြစ်ပါတယ်။

  1. Short Answer (of no more than 250 words): How would you use your additional annual award of $3,000 (for study abroad, short-term courses, summer internship tuition, and/or research support)?
  2. Formal Essay (of no more than 500 words): Some people argue that leaders are born, not made, while others defend the opposite view, namely that leaders are “made.” Write an essay in which you defend one view or the other. Use a specific example of a leader, either from history or from your own personal experience, to support your argument.
  3. ရွေးချယ်ခံရသူတွေက ဖေဖော်ဝါရီလမှာ အင်တာဗျူးတစ်ခု ဖြေဆိုရပါမယ်။

How to apply:

လျှောက်ထားရမည့်ပုံစံ နဲ့ လိုအပ်ချက် အသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါတယ်။

https://www.simmons.edu/undergraduate/admission-and-financial-aid/tuition-financial-aid/types-financial-aid/scholarships/kotzen