Singapore International Graduate Award 2023-2024

Type:

Fully funded

Description:

သိပ္ပံနှင့် နည်းပညာနယ်ပယ်များအတွက် PhD/Doctorate ဘွဲ့ကို စင်္ကာပူနိုင်ငံတွင် သွားရောက်သင်ယူနိုင်ရန် Agency of Science, Technology, Research, Singapore မှပေးသော fully funded scholarship တစ်ခု ဖြစ်ပါသည်။ 

Duration:

4 Years

Deadline:

1 June 2023

Eligibility:

  • လျှောက်ထားသူသည် နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသားများ ဖြစ်ရပါမည်။
  • လျှောက်ထားသူသည် တက္ကသိုလ်ပထမဘွဲ့( Bachelor’s Degree) ပြီးထားသောသူ ဖြစ်ရပါမည်။
  • ထူးချွန်သော ပညာရေး ရလဒ်ကောင်းများ ရှိပါမည်။
  • အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရပါမည်။
  • SINGA သည် အင်တာဗျူးအတွင်း English စာကျွမ်းကျင်မှုကို စစ်မည်ဖြစ်ပါသောကြောင့် English စာ ကျွမ်းကျင်ကြောင်းလက်မှတ် မလိုအပ်ပါ။ သို့သော် တက္ကသိုလ်တစ်ခုချင်းစီအတွက်ဆိုလျှင် အင်္ဂလိပ်စာ ကျွမ်းကျင်ကြောင်း လက်မှတ် ပြနိုင်ရန် လိုအပ်ပါသည်။
  • စင်္ကာပူနိုင်ငံသားများ (သို့မဟုတ်) စင်္ကာပူတွင် အထက်တန်းပညာရေး ပြီးမြောက်ပြီးသူများ လျှောက်ထား၍မရပါ။
  • မာစတာပရိုဂရမ်အတွက် လျှောက်ထားလိုသူများကို ခွင့်မပြုပါ။
  • Science, Engineering စသော ဘာသာရပ်များတွင် Ph.D အနေနှင့် သင်ယူလိုသောသူများအတွက်သာ လျှောက်ထားခွင့်ပြုပါသည်။
  • Social sciences, humanities, economics အစရှိသည့် Ph.D သင်တန်းများအတွက် လျှောက်ထားခွင့်မပြုပါ။

Requirement:

  • တရားဝင် နိုင်ငံကူးလက်မှတ်မိတ္တူတစ်စောင်။
  • မကြာသေးမီက JPG (သို့မဟုတ်)PNG format ဖြင့် ရိုက်ထားသော နိုင်ငံကူး ပတ်စပို့ဓာတ်ပုံတစ်ပုံ။
  • ပညာရေးဆိုင်ရာ မှတ်တမ်းများအားလုံးကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားရပါမည်။
  • အထက်လူကြီးများ၏ အွန်လိုင်းမှပေးပို့သော Recommendation letter ၂စောင်လိုအပ်ပါသည်။
  • အင်္ဂလိပ်စာကျွမ်းကျင်ကြောင်း လက်မှတ် (အကယ်၍ တက္ကသိုလ်များမှ လိုအပ်မှသာ)

Benefits:

  • ဆုရရှိသူများ၏ သင်တန်းကြေး အပြည့်အစုံကို SINGA မှ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။
  • ပညာသင်ဆုရရှိ‌သောသူများသည် လစဉ်ထောက်ပံ့ကြေး S$ 2,000 ရရှိမည်ဖြစ်သည်။
  • ပထမအကြိမ် စာမေးပွဲဖြေပြီး qualify ဝင်သောသူများကို နောက်ထပ် S$ 2500 တိုးမြှင့်ပေးမည်ဖြစ်ပါသည်။
  • တစ်ခေါက်စာ လေယာဉ်လက်မှတ် ထောက်ပံ့ကြေး S$1500 အထိ ရရှိမည်ဖြစ်သည်။
  • တစ်ကြိမ်စာ အခြေချထောက်ပံ့ငွေအဖြစ် S$ 1000 ရရှိမည်ဖြစ်သည်။
  • အခြေချနေထိုင်ခွင့် ထောက်ပံ့ကြေးကို S$ 1,000 အထိ ထောက်ပံ့ပေးပါမည်။

How to apply:

Application link>> https://sms-applicant-app.a-star.edu.sg/ 

For more information:Official website link>> https://www.a-star.edu.sg/Scholarships/For-Graduate-Studies/Singapore-International-Graduate-Award-SINGA