Social Media အသုံးပြုရာတွင် ‌ဆောင်ရန် ရှောင်ရန် Do and Don’t များ

🌐ယနေ့ အိုင်တီခေတ်မှာ social media အသုံးပြုခြင်းဟာ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘ၀အတွက် ထမင်းစား ရေသောက်ကြသလိုမျိုး နေ့တိုင်းပြုလုပ်‌လေ့ရှိတဲ့ အရာတွေထဲက မရှိမဖြစ် တစ်ခု ဖြစ်လာပါတယ်။ ဒီလို social media အသုံးပြုခြင်းက ကောင်းကျိုးရော  ဆိုးကျိုးရော ပေးစွမ်းနိုင်တယ်ဆိုတာ ကျွန်တော်တို့တွေ သတိပြုမိကောင်း ပြုမိကြပေမယ့် ဆိုးကျိုးတွေ မရရှိအောင် ကာကွယ်ဖို့တော့ လူတိုင်း အချိန်ပေး မလုပ်ဆောင်ဖြစ်ကြပါဘူး။  

🌐ကျွန်တော်တို့ အများစု အသုံးပြုလေ့ရှိကြတဲ့ Facebook, Instagram, Twitter, YouTube အစရှိကြတဲ့ social media platform တွေဟာ ကျွန်တော်တို့ကို မတူညီတဲ့ နေရာက လူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့၊  ဗဟုသုတ အသစ် အတွေ့အကြုံအသစ်တွေ ရဖို့ ကူညီပေးတာ အမှန်ပါ။ သို့ပေမယ့် တစ်ဖက်မှာလဲ အဲ့ဒီ social media တွေကတစ်ဆင့် ရလာနိုင်တဲ့ ဆိုက်ဘာ အန္တရာယ်တွေကိုလဲ မမေ့မလျော့ဘဲ ကြိုတင်ကာကွယ်ထားရမှာ ဖြစ်ပါတယ်။

🌐ဒီလို social media နေ့စဉ်အသုံးပြုရာမှာ ကျွန်တော်တို့ တစ်ဦးချင်းစီ အွန်လိုင်းပေါ်မှာ ဘယ်လို လုံခြုံအောင် အသုံးပြုရမလဲဆိုတာ သိရှိဖို့ အောက်ပါ Do and Don’t အချက်တွေကို လေ့လာကြည့်ရအောင်။ 👇👇

Do: 

အွန်လိုင်းပေါ်မှာ သင်တွေ့တဲ့ link တွေ website တွေ ဖွင့်မကြည့်ခင် မသမာသူတွေက ငါးစာချတဲ့ link အမှားတွေ ဖစ်မဖစ်ကို အရင်ဆုံး စစ်ဆေးပါ။ နီးစပ်ရာ အသိအကျွမ်းတွေကို မေးမြန်းပီး link အမှန်ဖြစ်မှသာ ဖွင့်၍ လေ့လာပါ။ 

သင့်ရဲ့ social media အကောင့်တွေအတွက် လျို့၀ှက် password တွေကို သူများ ခိုးယူချိုးဖောက်လို့ မရအောင် password ခိုင်ခိုင်ထားပါ။ 

social media အကောင့်တွေအတွက် Two-Factor Authentication (2FA) ခံပါ။ 

social media အကောင့်တွေအတွက် security setting များကို အမြဲ စစ်ဆေးပါ။ 

VPN  ကို အသုံးပြုပါ။

Don’t:

social media ပေါ်တွင် သင်ရဲ့ လျို့၀ှက်ထားသင့်တဲ့ ကိုယ်ရေးကိုယ်တာတွေကို မတင်ပါနှင့်။ 

အကောင့်ဖွင့်ထားသော မိမိရဲ့ အသက်, နေရပ်လိပ်စာ, အီးမေးလ် နှင့် ဖုန်းနံပါတ် အစရှိတဲ့ personal data တွေကို privacy setting တွင် Public ဟု မထားပါနှင့်။ Only me ပြောင်းထားပါ။ 

ဆိုက်ဘာလုံခြုံရေး လိုက်နာရန် စည်းကမ်းများကို လျစ်လျူမရှုပါနှင့်။ ဥပမာ – Facebook policy အသစ်ချိန်းပါက အကြမ်းဖျင်းတော့ ဖတ်ဖြစ်အောင် ဖတ်ပါ။ policy နှင့် ဆန့်ကျင်သော ပို့စ်များတင်မိပါက အကောင့် log ကျတာမျိုး ဖြစ်တတ်ပါတယ်။ 

အများသုံး Public Wifi များကို အသုံးမပြုပါနှင့်။ free access ရသော Wifi များ သုံးမိစဥ်တွင် မသမာသူများမှ မိမိအကောင့်များအား hack ရန် လွယ်ကူပါတယ်။ 

social media အကောင့်များ အားလုံးအတွက် password တစ်ခုတည်းချည်း အသုံးမပြုပါနှင့်။ 

Reference: https://aceits.net/dos-and-donts-of-social-media-cybersecurity