Two Factor Authentication ဆိုတာဘာလဲ?

🔰 2FA ဆိုတာ သည် authentication ၂ မျိုးကို (လျှို့၀ှက် နံပါတ်နှင့် အခြားသော ကိုယ်ဖြစ်ကြောင်းပြနိုင်သည့် အရာ) အသုံးပြုတဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ်။ 2FA ဟာ မိမိအမှန်တကယ် ဖြစ်ကြောင်း၊ အမှန်တကယ် အသုံးပြုကြောင်း သက်သေပြုရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။

🔰  ဒီအဆင့်မှာဆိုရင် ထည့်သွင်းရတဲ့အရာတွေကတော့ အခြေခံအားဖြင့် နှစ်မျိုး ကွဲပြားနိုင်ပါတယ်။

(၁)  Mobile Phone သို့ပေးပို့သော SMS Code နှင့်

(၂) လုံခြုံရေးစနစ်အတွက် ထားရှိသော အက်ပလီကေးရှင်း (Third-Party Application) သို့ပေးပို့သည့် Code 

ဥပမာ – မိမိ အသုံးပြုသော Google Account တစ်ခုအတွက် Mobile Phone နံပါတ်ဖြင့် 2FA ထားရှိပါက 

အကောင့်ထဲသို့ Log In တစ်ကြိမ်ဝင်ရောက်မှုတိုင်းအတွက် ကိုယ်ပိုင် Password အပြင် နောက်ထပ် လိုအပ်သော Code နံပါတ်ကို SMS ရရှိမှာ ဖြစ်ပါတယ်။

အကယ်၍ 2FA ကို Third-Party Application ဖြင့် ချိတ်ဆက်ပါက မိမိလိုအပ်သော Code နံပါတ်တို့အား Application ထဲတွင် ရရှိနိုင်မှာ ဖြစ်ပါတယ်။  ထိုကဲ့သို့ Application တစ်ခုထပ်မံထားရှိခြင်းက ပိုမိုစိတ်ချရပါတယ်။ 

ဘာကြောင့် 2FA ထားသင့်တာလဲ ?

မိမိအသုံးပြုနေသော အကောင့်တိုင်းအတွက် Log In ဝင်ရောက်သောအခါ Code နံပါတ်များလိုအပ်ခြင်းကြောင့် သူစိမ်းများမှ ခိုးယူဝင်ရောက်ခြင်းကို အလွယ်တကူ လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မိမိ မသိသော Device တစ်ခုမှ ဝင်ရောက်သောအခါ မိမိထံသို့လဲ Email (သို့မဟုတ်) Code နံပါတ်များ SMS ဝင်လာခြင်းတို့ကြောင့် Hack ရန်ကြိုးစားနေခြင်းကို သိရှိနိုင်ပါတယ် ။

2FA ထားရှိခြင်းဖြင့် ကိုယ်ပိုင်အချက်အလက်များ ခိုးယူခံရမှုရန်မှ ကာကွယ်နိုင်ပါတယ်။ 

2FA အသုံးပြုနိုင်မည့် အက်ပလီကေးရှင်းများ

အသုံးများတဲ့ Authenticator တွေကတော့ 

(၁) Twilio Authy 

(၂) Google Authenticator 

(၃) Microsoft Authenticator နဲ့

(၄) Duo Mobile တို့ပဲ ဖြစ်ပါတယ်။

Application တွေရဲ့ လုပ်ဆောင်ချက်နဲ့ အခြေခံသဘောတရားတွေဟာ အတူတူပဲဖြစ်လို့ မိမိနှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ဥပမာ အနေနဲ့ Google Authenticator နဲ့ Duo Mobile application တို့ရဲ့ အသုံးပြုပုံတွေကို အောက်ပါ Video တွေမှာ လေ့လာနိုင်ပါတယ်။

Google Authenticator

Duo Mobile

Application Download ရန် Link များ (Android) 

Twilio Authy

https://m.apkpure.com/twilio-authy-2-factor-authentication/com.authy.authy

Google Authenticator https://play.google.com/store/apps/details?id=com.google.android.apps.authenticator2&hl=en&gl=US 

Microsoft Authenticator https://play.google.com/store/apps/details?id=com.azure.authenticator&hl=en&gl=US 

Duo Mobile 

https://play.google.com/store/apps/details?id=com.duosecurity.duomobile&hl=en

Application Download ရန် Link များ (iOS) 

Twilio Authy

https://apps.apple.com/us/app/twilio-authy/id494168017

Google Authenticator 

https://apps.apple.com/us/app/google-authenticator/id388497605

Microsoft Authenticator 

https://apps.apple.com/us/app/microsoft-authenticator/id983156458

Duo Mobile

https://apps.apple.com/us/app/duo-mobile/id422663827