University of Surrey Scholarships

Type:

Fully funded

Description: 

တက္ကသိုလ်ဘွဲ့ကြို (Bachelor’s Degree)နှင့် မဟာဘွဲ့ (Master’s Degree)များကို United kingdom (UK)ရှိ Surrey University တွင် Fully funded အစီအစဉ်ဖြင့် သွားရောက်ပညာသင်ယူခွင့်ရမည့် Scholarship တစ်ခုဖြစ်ပါသည်။

Duration:

ရွေးချယ်လျှောက်ထားသည့် program အပေါ်မူတည်ပါသည်။

Deadline:

March 1,2024(Master’s Degree)

June 30,2024(Bachelor’s Degree)

Eligibility:

  • ပညာသင်ဆုရရှိထားသော နိုင်ငံတကာမှကျောင်းသားများ လျှောက်ထားခွင့်ရှိသည်။
  • ကောင်းမွန်သော ပညာရေးနောက်ခံရှိရမည်။
  • English စာ ကောင်းမွန်ရမည်။
  • မှုခင်းမဖြစ်ဖူးသူ၊ပြစ်မှုမကျူးလွန်ဖူးသူဖြစ်ရမည်။

Requirement:

  • Surrey University ၏ပညာသင်ဆုအတွက် လိုအပ်သော စာရွက်စာတမ်းများသည် အထူးပြုသည့်ပညာသင်ဆုပေါ်တွင် မူတည်သည်။
  • အထက်တန်းအောင်လက်မှတ် သို့မဟုတ် ယခင်လေ့လာဆည်းပူးခဲ့သော တက္ကသိုလ်အောင်လက်မှတ် လိုအပ်ပါသည်။ SAT, ACT, A-levels စသည်တို့မှ စာမေးပွဲရလာဒ်များလည်း လိုအပ်ပါသည်။
  • ပညာသင်ဆုလျှောက်ထားရသည့် အကြောင်းပြချက်ကို ဖော်ပြသော Personal statement တစ်စောင်ပါရမည်။
  • မိမိ၏ ပညာရေးနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို ထောက်ခံပြောပြပေးမည့် ဆရာ၊ပါမောက္ခ၊အလုပ်ရှင်တို့ထံမှ ထောက်ခံစာ လိုအပ်ပါသည်။
  • ကိုယ်ရေးအကျဉ်း CV/Resume ပေးပို့ရမည်။
  • နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ပြနိုင်ရမည်။
  • English စာ ကျွမ်းကျင်မှုကို ပြသနိုင်စေရန် TOEFL သို့မဟုတ် IELTS ရမှတ်ကို ဖော်ပြရန် လိုအပ်ပါသည်။

Benefits:

အထူးပြု ပညာသင်ဆုပေါ် မူတည်၍ ငွေကြေးကွာခြားမှုရှိနိုင်ပါသည်။ဥပမာ

  • Surrey Merit Scholarship ဆိုပါက ပျှမ်းမျှ တစ်နှစ်လျှင် ငွေပမာဏ £2000 ရရှိမည်ဖြစ်ပြီး ၃နှစ်အထက်ဆိုလျှင် တိုး၍ရရှိမည်ဖြစ်ပါသည်။
  • Surrey Excellence Scholarship ဆိုပါက တစ်နှစ်လျှင် ငွေပမာဏ £5000 ရရှိမည်ဖြစ်ပြီး ၃နှစ်အထက်ဆိုလျှင် တိုး၍ရရှိနိုင်မည်ဖြစ်ပါသည်။
  • Surrey International Scholarship for Engineering and Physical Sciences ဆိုပါက တစ်နှစ်လျှင် ငွေပမာဏ £2500 နှင့် ၃နှစ်အထက်ဆိုလျှင် တိုး၍ရရှိမည်ဖြစ်ပါသည်။
  • Surrey Business School Scholarship ဆိုပါက တစ်နှစ်လျှင် £5000 ရရှိမည်ဖြစ်ပြီး ၃နှစ်အထက်ဆိုလျှင် ထပ်မံတိုး၍ရရှိမည် ဖြစ်ပါသည်။

How to apply:

လျှောက်ထားရမည့်ပုံစံ အသေးစိတ်ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.surrey.ac.uk/fees-and-funding/scholarships-and-bursaries

For more information:

Official website link>>https://www.surrey.ac.uk/