Various Types of Community Engagement

 Service Learning ဖြင့် လူမှုအသိုင်းအဝိုင်းအတွက် ပြုလုပ်နိုင်သော ထိတွေ့ဆက်ဆံမှုပုံစံ အမျိုးအစားများ

Service Learning ဆိုတာက ရပ်ရွာတိုးတက်စေဖို့ လက်တွေ့ထိရောက်မှုရှိတဲ့ သင်ကြားနည်းတွေနဲ့  သင်ယူမှုပန်းတိုင်တွေကို  ပေါင်းစပ်ထားတဲ့ ပညာရပ်ဆိုင်ရာ ချဉ်းကပ်မှုတစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ National Service-Learning Clearinghouse ရဲ့သင်ကြားရေးနဲ့ သင်ယူမှုလုပ်ငန်းစဉ်တွေက “သင်ယူမှုအတွေ့အကြုံ တိုးတက်စေဖို့၊ ပြည်သူ့တာဝန်တွေကို သင်ကြားပေးဖို့နဲ့ ရပ်ရွာလူထုကို အားကောင်းစေဖို့ စတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ Community Service    နည်းလမ်းပေးခြင်းနဲ့ ပြန်လည်သုံးသပ်တတ်စေတဲ့နည်းလမ်း တွေပေါင်းစပ်ထားခြင်း ဖြစ်သည်။  Service Learning က အစိုးရကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေအတွက် လုပ်ငန်းခွင်အတွင်း လိုအပ်တဲ့ အသိပညာ၊ ကျွင်းကျင်မှုတွေကို လေ့ကျင့်သင်ကြားပေးတဲ့ သင်ကြားနည်းစနစ် တွေထဲက တစ်ခုဖြစ်ပါတယ်။ 

Community Engagement ပုံစံ/လုပ်ငန်းစဉ်များ

ကျောင်းသား/သူလူငယ်များကို ရပ်ရွာလူထု နှင့် ထိတွေ့ဆက်ဆံလာတတ်စေရန် နှင့် လူထုအခြေပြုလုပ်ဆောင်မှုများတွင်ပါဝင်လာစေရန် အောက်ပါ နည်းစဉ်များဖြင့် လေ့ကျင့်ပေးနိုင်ပါသည်

ဘာသာရပ် အခြေပြု လေ့လာသင်ယူခြင်း (Discipline-Based Model)

တက္ကသိုလ်ကျောင်းသား သို့မဟုတ် သင်တန်းသူ/သားတွေက စာတွေ့နဲ့လက်တွေ့ ပေါင်းစပ်နိုင်ဖို့ စာသင် နှစ်ဝက်ကာလတွေမှာ ရပ်ရွာတွေဆီ သွားရောက်ပြီး လက်တွေ့သင်ကြားတဲ့ အတွေ့အကြုံတွေ အမြဲရှိနေအောင် ဆရာ/မတွေက ​တာဝန်ပေးအပ်ထားခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေ၊ သင်တန်းသူ/သားတွေရဲ့ အဓိကဖြစ်တဲ့ သီအိုရီ၊  နည်းစနစ်ပိုင်းနဲ့ ပြဿနာတွေအပေါ် ခွဲခြမ်းစိတ်ဖြာမှုအပြင် သိရှိနားလည်မှုတွေကို အခြေခံတဲ့ သင်ကြား ရေးဘာသာရပ် (course content) အဖြစ် လက်တွေ့သင်ကြားတဲ့အတွေ့အကြုံတွေကို အသုံးပြုပါတယ်။ 

ပြဿနာ အခြေပြု လေ့လာသင်ယူခြင်း(Problem-Based Model)

“ဖောက်သည် (Client)” အတွက် အလုပ်လုပ်နေသော “အကြံပေး (Consultant) ကဲ့သို့ ကျောင်းသားတွေကလည်း ရပ်ရွာအတွက် အလုပ်လုပ်ပေးတဲ့သူတွေဖြစ်ပါတယ်။ ကျောင်းသားတွေက ရပ်ရွာလူထု (Community) ရဲ့ သီးခြား ပြဿနာတွေနဲ့ လိုအပ်ချက်တွေကို နားလည်စေဖို့ ရပ်ရွာလူထုအဖွဲ့ဝင် (Community Member) တွေနဲ့ အလုပ်လုပ်ရပါတယ်။ ဒီပုံစံက ကျောင်းသားတွေ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့တခါ ရပ်ရွာလူထုကို ကူညီဖြေရှင်းပေးတဲ့ စွမ်းရည်တွေ ဖွံ့ဖြိုးလာဖို့ပဲဖြစ်ပါတယ်။ ဥပမာ – မိုးတွင်းအဖြစ်များတဲ့ ဝမ်းရောဂါကာကွယ်ရေးစီမံချက်ရေးဆွဲခြင်း။ ခြင်အန္တရာယ်ကာကွယ်ဖို့ ရပ်ရွာလူထုနဲ့အတူ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ခြင်း။

ဘာသာရပ်နှင့်ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်စေခြင်း (Capstone Course Model)

Capstone Course model က ယေဘုယျအားဖြင့် သတ်မှတ်ထားတဲ့ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး လက်တွေ့ပြဿနာတွေကို ဖြေရှင်းတတ်စေရန်နဲ့ လူမှုပတ်ဝန်းကျင် အကျိုးပြုနိုင်စေရန်    နောက်ဆုံးနှစ် ကျောင်းသူ/သားများအတွက် ဖန်တီးထားခြင်းဖြစ်ပါတယ်။ ကျောင်းသူ/သားများတွေက Capstone Course အတွင်း ဘာသာရပ်ဆိုင်ရာ အသိပညာတွေ​ကို ရပ်ရွာမှာရှိတဲ့ သက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ရပါတယ်။ Capstone Course ရဲ့ ရည်ရွယ်ချက်က အကြောင်းအရာသစ်တစ်ခု ရှာဖွေခြင်း ဒါမှမဟုတ် ဘာသာရပ်နဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ နားလည်မှုကို ပေါင်းစပ်ခြင်းဖြစ်ပါတယ်။

လုပ်ငန်းသဘော နားလည်ရန် အလုပ်တွဲလုပ်စေခြင်း (Service Internship Model)

ဒီ model မှာ ကျောင်းသားတွေကို Community တစ်ခုမှာ တစ်ပတ်ကို ၁၀ နာရီမှ ၂၀ နာရီ အထိ လုပ်ငန်းသဘောနားလည်ဖို့ အလုပ်တွဲလုပ်စေခြင်း ဖြစ်ပါတယ်။ ပုံမှန်အလုပ်တွေကဲ့သို့ ကျောင်းသား/ သူများက ရပ်ရွာ သို့မဟုတ် လုပ်ငန်းခွင်အတွက် လုပ်ငန်းတစ်ခုကို ပြုလုပ်ရပါတယ်။ သို့သော် သာမန်အလုပ်များနဲ့ မတူပဲ Service Internship က ကျောင်းသားတွေကို အခြေခံသီအိုရီတွေ အသုံးပြုပြီး စိန်ခေါ်မှုရှိတဲ့ အတွေ့အကြုံသစ်တွေကို ခွဲခြမ်းစိတ်ဖြာဆောင်ရွက်ဖို့ ဆရာတွေက လမ်းညွှန်ထားပါတယ်။ Service Internship က နှစ်ဦးနှစ်ဖက်အကျိုးအမြတ် (Win Win Situation) အတွက် အဓိကထားပြီး Community နှင့် ကျောင်းသားတွေကြား အတွေ့အကြုံနဲ့ အကျိုးကျေးဇူး ညီတူညီမျှရစေရန် ဖြစ်ပါတယ်။

ရပ်ရွာ အခြေပြု လုပ်ငန်းသုတေသန (Community-based Action Research Model)

ရပ်ရွာအခြေပြု လုပ်ငန်းသုတေသနဆိုတာက ကျောင်သား/သူတွေရဲ့ လွတ်လပ်စွာ လေ့လာသင်ယူမှု နဲ့ဆင်တူပြီး ရပ်ရွာလုပ်ငန်းအတွေ့အကြုံကို မြင့်မားစေပါတယ်။ လုပ်ငန်းကိုအုပ်စုငယ်တွေဖွဲ့ပြီး စုပေါင်း ဆောင်ရွက်တဲ့အခါ ပိုမိုထိရောက်ပါတယ်။ ကျောင်းသား/သူတွေက ဌာနတွင်းမှအဖွဲ့ဝင်တွေ၊ ဆရာ၊ဆရာမတွေနဲ့ ပူးပေါင်းပြီး သုတေသနနည်းလမ်းတွေ၊ လုပ်နည်းလုပ်ဟန်တွေကို အသေးစိတ်လေ့လာပြီး လုပ်ငန်း သုတေသနမှာ အသုံးချနိုင်ပါတယ်။ လုပ်ငန်းသုတေသနကို လုပ်ဆောင်ခြင်းအားဖြင့် ကျောင်းသား/သူတွေရဲ့ အချိန် စီမံခန့်ခွဲနိုင်မှု၊ မတူကွဲပြားသော လူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ တိုးတက်လာဖို့ လေ့ကျင့် ပေးရာလည်း ရောက်ပါတယ်။

Project လုပ်ငန်းများအတွက် ထပ်ဆောင်း credit ပေးခြင်း (Directed Study Additional/Extra Credit Model)

ကျောင်းသား/သူများသည် theory & practice စာတွေ့လက်တွေ့ပေါင်းစပ်၍ ပိုမို ကျယ်ပြန့်စွာ လေ့လာသင်ယူခွင့်ရရန်နှင့် လက်တွေ့ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဘာသာရပ်နှင့် ဆက်စပ်သော အကြောင်းအရာများကို သက်ဆိုင်ရာလူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရသော community-based project လုပ်ငန်းများကိုပါ စာသင်နှစ်အလိုက် လုပ်ဆောင်ရသည်။ ၎င်းလုပ်ငန်းများကို တစ်ဦးချင်းစီသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း လုပ်ဆောင်ရသည်။ ၎င်းတွင် ကြီးကြပ်သူ ဆရာ၊ဆရာမမှ လိုအပ်ချက်များကို အကြံပြုပေးခြင်းများ၊ လမ်းညွှန်ပေးခြင်းများ ဆောင်ရွက်သည်။  Project များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပြီး တွေ့ရှိချက်များ၊ ရလဒ်များကို သက်ဆိုင်ရာသို့ တင်ပြ၍ ကြီးကြပ်သူများနှင့် အခြားအုပ်စုများက အမှတ်ပေးခြင်း၊ မေးခွန်းများ မေးခြင်းဆောင်ရွက်သည်။  Project လုပ်ငန်းအတွက် ထပ်ဆောင်း credit ရရှိသည်။ 

 Reference 

https://cft.vanderbilt.edu/guides-sub-pages/teaching-through-community-engagement/