Yangon Thu Michelle Scholarship

Type:

Fully Funded

Description:

Yangon Thu Michelle နှင့် 𝐓𝐡𝐞 𝐒𝐏𝐀𝐂𝐄 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 တို့ပူးပေါင်းပြီး အင်္ဂလိပ်ဘာသာစကားကို သင်ယူလိုသော်လည်း အကြောင်းကြောင်းကြောင့် ဆက်လက်သင်ယူရန် အခက်အခဲဖြစ်နေသူ (၄)ယောက်အားရွေးချယ်၍ ပညာသင်ဆု ပေးအပ်သွားမည့် အစီအစဉ်ဖြစ်ပါသည်။ ရွေးချယ်ခံရသူသည် 𝐓𝐡𝐞 𝐒𝐏𝐀𝐂𝐄 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 ၏ Intermediate, upper-intermediate, advanced, IELTS preparation သင်တန်းများကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါသည်။

Duration :

(၁၅)လတာ

Deadline:

28 June, 2023

Eligibility:

(က) အသက် ၁၄ မှ ၂၂ အထိ

(ခ) ပညာအရည်အချင်းအနိမ့်ဆုံး ရှစ်တန်း

(ဂ) အင်္ဂလိပ်စာ အရည်အချင်း Intermediate and Above (Placement test ဖြေဆိုရမည်)

(ဃ) ပြည်ပတွင် နေထိုင်သူမဖြစ်ရ။ မြန်မာနိုင်ငံအတွင်းနေထိုင်သူဖြစ်ရမည်။

(င) သင်တန်းကျောင်းရှိရာသို့ လူကိုယ်တိုင် တက်ရောက်နိုင်ရမည်။

(စ) စိတ်အားထက်သန်စွာဖြင့် အဆုံးတိုင်တက်ရောက်နိုင်ရမည်။

Benefits:

(က) သင်တန်းကြေး၊ စာရွက်စာတမ်းကြေး အလုံးစုံ (for 3 class + IELTS preparation)

(ခ) ခရီးစရိတ်နှင့် အင်တာနက်ဖိုး လစဉ်ထောက်ပံ့ငွေ

(ဂ) The SPACE Language Academy ၏ Online Speaking Class အခမဲ့တက်ရောက်ခွင့်

(ဃ) IELTS စာမေးပွဲကြေး မိမိဘာသာအရင်သွင်းရမည်ဖြစ်ပြီး band 7 နှင့်အထက် ရပါက စာမေးပွဲကြေးကို The SPACE Language Academy မှ Exam Fees Refund Scholarship ကို ရာခိုင်နှုန်းအလိုက် လျှောက်ထားနိုင်ပါသည်။

(င) IELTS Band 8.5 ရရှိပါက The SPACE Language Academy မှ Exam Fees Refund Scholarship ကို အပြည့်အဝရရှိမှာ ဖြစ်ပါသည်။

(စ) Advanced Level ပြီးဆုံးပါက The SPACE Language Academy ရဲ့ Diamond member card ကို ရရှိမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို တစ်သက်တာ အချိန်မရွေး ပြန်လည် သင်ယူခွင့်ရရှိမှာပါ။

Rules and Regulations

(၁) ပညာသင်ဆုကို ဆုံးခန်းတိုင်တက်ရောက်နိုင်ရမည်။

(၂) ရန်ကုန်မဟုတ်သော မြို့တွင်နေထိုင်သူကို ပိုမိုဦးစားပေးမည်။

(၃) သင်တန်းကျောင်း ရွေးချယ်ခွင့်မရှိပါ။

(၄) သင်တန်းကြေးကို ငွေသားအနေဖြင့်ထုတ်ယူခွင့်မရှိပါ။

(၅) The SPACE Language Academy သင်တန်းကျောင်းတည်ရှိရာ ရန်ကုန်၊ မန္တလေး၊ ပြည်မြို့သို့ လူကိုယ်တိုင်တက်ရောက်နိုင်ရမည်။

(၆) Online Speaking Class မှအပ ကျန်အတန်းအားလုံးကို ကျောင်းတွင် လာရောက်တက်ရောက်နိုင်သူဖြစ်ရပါမည်။

(၇) လစဉ် ရီပို့များကို စဉ်ဆက်မပြတ်စောင့်ကြည့်နေပါမည်။

(၈) ဖောက်ဖျက်ခဲ့ပါက ပညာသင်ဆုတန်ဖိုး၏ သုံးဆ (သင်တန်းကြေး လေးဆယ့်ငါးသိန်းကျပ်တိတိ နှင့် လစဉ်ထောက်ပံ့ကြေးငွေ လေးဆယ့်ငါးသိန်း) ပြန်လည်ပေးလျော်ရမည်။

(၉) ကိုယ်ရေးအချက်အလက်များ လိမ်ညာသည်ကို သိရှိပါက ပညာသင်ဆုပေးခြင်းကို ရပ်စဲမည့်အပြင် ပညာသင်ဆုတန်ဖိုး၏ သုံးဆ ပြန်လည်ပေးလျော်ရမည်။

(၁၀) IELTS ဖြေဆိုပြီးပါက ဆက်လက်လျှောက်ထားလိုသော ပညာသင်ဆုအတွက် ဆွေးနွေးတိုင်ပင်ပေးခြင်း၊ mentor များနှင့်ချိတ်ဆက်ခြင်း၊ ကျောင်းတက်ရန် လိုအပ်သော skill များအတွက် ပံ့ပိုးပေးခြင်း ဆက်လက်ကူညီသွားမည်။

(၁၁) ရုပ်ပုံ၊ ဗီဒီယိုများကို လူမှု့ကွန်ယက်တွင် အသုံးပြုခွင့်ရှိ မရှိ ကြိုတင်အကြောင်းကြားပေးရန် လိုအပ်ပါသည်။

(၁၂) ပညာသင်ဆုရရှိသူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း ကိုယ်ကျင့်တရားပျက်ပြားခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ/လိင်စိတ်တိမ်းညွန့်မှု့အပေါ် ခွဲခြားဆက်ဆံခြင်း၊ တစ်ဖက်သားကို နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်အမှုအရာဖြင့်သော်လည်းကောင်း၊ အင်တာနက်/လူမှု့ကွန်ယက်မှတစ်ဆင့်သော်လည်းကောင်း ရှုံ့ချစွတ်စွဲအနိုင်ကျင့်ညှင်းပန်းခြင်းများ ရှိသည်ကို သိရှိရသော် ပညာသင်ဆုရပ်တန့်ခွင့် ရှိ၊ မရှိကို ရန်ကုန်သူမီရှဲနှင့် 𝐓𝐡𝐞 𝐒𝐏𝐀𝐂𝐄 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှဆုံးဖြတ်မည်ဖြစ်ပါသည်။

How to apply:

Application link>> https://bit.ly/MICHELLSPACE

For more information:Official link>> https://m.facebook.com/yangonthumichelle/posts/pfbid02smoAbboUUkhHEK8U8WFMRU2udghmovJDmiAiyeDaf2aakH8FHEjEJTuCjmuWFGCfl