Young to Youth, Youth to Truth Volunteer Program

Type :

Volunteer

Description :

မြန်မာပြည်တွင်းနေထိုင်ကြသော အနယ်အရပ်ရပ်မှ ကလေးသူငယ်များ အခမဲ့ ပညာသင်ယူ လေ့လာနိုင်ရေး အစီအစဉ်အတွက်  စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမများ ခေါ်ယူသော အစီအစဉ်တစ်ခုဖြစ်ပါသည်။ယခု Program အတွက် စိတ်ပါဝင်စားသူ မည်သူမဆို လျှောက်လွှာတင်သွင်းနိုင်ပါသည်။

Deadline :

30th June , 2021

 Eligibility :

  • မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းများတွင်နေထိုင်သူဖြစ်ရမည်။

(မှတ်ချက်။ ။  နယ်မှ လျှောက်ထားသူများကို ဦးစားပေးပါမည်။ )

  • သင်ကြားရေးကို အမှန်တကယ် စိတ်ဝင်စားသူဖြစ်ရမည်။
  • ကလေးငယ်များအား အမှန်တကယ် ချစ်မြတ်နိုးသူ ဖြစ်ရမည်။
  • ကလေးငယ်များ၏ ပညာရေးအား အမှန်တကယ် တိုးတက်ပြောင်းလဲစေလိုသူ ဖြစ်ရမည်။
  • မိမိဒေသရှိ ကလေးငယ်များ အားအခမဲ့ သင်ကြားပေးနိုင်သူဖြစ်ရမည်။
  • မိမိဒေသ၏ အကျိုးကို ရှေးရှု ဦးဆောင်နိုင်သူဖြစ်ရမည်။
  • Young to Youth , Youth to Truth Program နှင့် ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
  • မိမိဒေသ၏ အခြေအနေများပေါ် မူတည် လိုက်လျောညီထွေစွာ ပါဝင် လုပ်ကိုင်နိုင်ရမည်။
  • ယခု Program အတွက် ရွေးချယ်ခံရသော စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ အနေဖြင့် Young to Youth, Youth to Truth Program မှ သင်ကြားရေးဆိုင်ရာ သင်တန်းများကို မပျက်မကွက် တက်ရောက်ရမည်။

 Benefits :

  1. သင်ကြားရေးတွင် လိုအပ်သော Teaching Aids များကိုလည်း အပြည့်အ၀ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

How To Apply :

Application Form >> https://www.mediafire.com/file/ue7stoggnt3u6gc/Young_to_Youth_Application_Form.docx/file?fbclid=IwAR2xS5YnrcOLqkMHIszENQS25SDB-W4vDT8AzEvZJJdcHMz6933JRaOaq9Q

MS file ဖြင့် ဖြည့်လိုပါက အထက်ပါ ဖိုင် Download လုပ်ပြီး youngtoyouthtotruth@gmail.com သို့ ဖောင်ပို့ပေးထားနိုင်ပါသည်။ စာစီစာရိုက် အခက်အခဲရှိပါက လက်ရေးဖြင့် ပြည့်စုံစွာရေးပြီး Chat box သို့ ပို့ပေးထားနိုင်ပါသည်။။

For More Information :

Official announcement link >> https://www.facebook.com/youthtruthmyanmar/posts/104151558531275

Please do visit official website link for more details