လူငယ်နှင့် လူထုအကျိုးပြုခေါင်းဆောင်မှုစွမ်းရည် (Youth and Service Leadership)

Roles of Youths in Communities (လူမှုဝန်းကျင်များရှိလူငယ်များ၏ အခန်းကဏ္ဍ)

လူ့ပတ်ဝန်းကျင်နဲ့ အဖွဲ့အစည်းတွေအပေါ်မူတည်ပြီး လူငယ်တွေရဲ့ အခန်းကဏ္ဍတွေက  မတူညီနိုင်ပါဘူး။ ဥပမာ- ကျောင်းမှာရှိတဲ့ လူငယ်တွေစုပြီး ပရဟိတလုပ်ငန်းတွေလုပ်မယ်ဆိုရင် ပရဟိတလူငယ် ဖြစ်သွားသလို ကောက်စိုက်ဖို့အတွက် အတူတကွ စုပေါင်းလုပ်ဆောင်မယ်ဆိုရင် ကောက်စိုက်လူငယ် ဖြစ်သွားမှာပါ၊ ဒါကြောင့် လူငယ်တွေရဲ့ အခန်းကဏ္ဍတွေက လူမှုဝန်းကျင်အပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

ဘာကြောင့် လူငယ်များက ခေါင်းဆောင်ဖြစ်သင့်သလဲ။

လူငယ်ခေါင်းဆောင်တွေက  သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အသုံးပြုပြီး အောက်မှာ ဖော်ပြထားတဲ့ တိုးတက်မှုတွေကို ပြုလုပ်ပေးနိုင်တဲ့အတွက်ကြောင့် လူငယ်တွေက ခေါင်းဆောင်ဖြစ်သင့်ပါတယ်။

၁) Development of the self ( မိမိကိုယ်တိုင်တိုးတက်မှု)

ရှေ့ဆက်တိုးတက်ဖို့ အလားအလာရှိတဲ့ ထက်မြက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ငယ်ရွယ်နုပျိုသူတွေက ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်လာပြီဆိုရင် သူတို့ ပထမဆုံးလုပ်ဆောင်မယ့် အရာကတော့ မိမိကိုယ်တိုင်တိုးတက်မှု (self-development) ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းခေါင်းဆောင် တစ်ယောက် မဖြစ်ခင်မှာ လူငယ်တစ်ယောက်က အရင်ဆုံး ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်ရပါမယ်။ ကိုယ့်ကိုယ်ကို ခေါင်းဆောင်ခြင်း (self-leadership) က လူငယ်ကိုယ်တိုင်က သူတို့ ဘယ်လောက်အထိ တကယ်လုပ်နိုင်တယ်၊ ဘယ်လောက်အထိ ကျွမ်းကျင်မှုရှိနေပြီလဲ ဆိုတာကို သိမြင်လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီအချက်က လူငယ်တွေအတွက် တိုးတက်မှုကိုဖြစ်စေပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့အတွက် တွန်းအား ဖြစ်လာစေမှာပါ။

(၂) Development of identity  ( ကိုယ်ရည်ကိုယ်သွေးတိုးတက်မှု)

လူငယ်တွေအနေနဲ့ မိမိကိုယ်ကို အရင်ဆုံးသိရှိနားလည်ဖို့လိုအပ်ပါတယ်။ “ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ဘယ်နေရာတွေမှာကျွမ်းကျင်လဲ၊ ဘယ်အရာတွေမှာလိုအပ်ချက်ရှိနေလဲ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ဘာလဲ၊ ကိုယ်ကဘာကို တန်ဖိုးထားတာလဲ ”စတဲ့ အချက်တွေကို သိရှိနားလည်တာအပြင် မိမိကိုယ်ရည်ကိုယ်သွေးနဲ့ တန်ဖိုးထားမှုကိုဆန်းစစ်ပြီး တိုးတက်အောင် ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်မှုဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးနဲ့ စွမ်းရည်ပြည့်ဝလာတာနဲ့အမျှ မိမိကိုယ်ကိုယ်တိုင်သာမက အနီးနားပတ်ဝန်းကျင်က လူတွေအတွက်ပါ တိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် သူတို့ရဲ့ ကွန်ယက်တွေကို ပိုမိုကျယ်ပြန့်အောင်ချဲ့ထွင်ပြီး အပြန်အလှန်အကျိုးပြုဆောင်ရွက်တာတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီအဆင့်မှာရှိတဲ့  ခေါင်းဆောင်မှုကို အစုအဖွဲ့ခေါင်းဆောင်မှု(Group Leadership)လို့ သတ်မှတ်နိုင်ပါတယ်။

၃) Development of community ( လူမှုပတ်ဝန်းကျင် တိုးတက်မှု)

အစုအဖွဲ့ခေါင်းဆောင်မှုတွေကတဆင့် လူထုခေါင်းဆောင်မှု(community leadership) အဖြစ်ကို ပြောင်းလဲလာပါတယ်။ လူငယ်တွေက အစုအဖွဲ့ခေါင်းဆောင်မှုကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ပြီးတဲ့ အခါမှာ လူထုခေါင်းဆောင်မှု ဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တိုးတက်အောင် ဦးဆောင်နိုင်တဲ့ ကြီးမားတဲ့ အရာတွေကို ဖန်တီးဖို့ ဦးတည်သွားမှာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောပြရမယ်ဆိုရင် လူငယ်တွေဟာ နောင်အနာဂတ်မှာ လက်ရှိခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို တာဝန်ယူမယ့် ခေါင်းဆောင်တွေဖြစ်ကြပါတယ်။


Service Leadership 

Service leader ဆိုတာ မိမိအကျိုးပြုချင်တဲ့ communityကိုဖြစ်စေ၊ organizationကိုပဲဖြစ်စေ serve လုပ်ပေးချင်တယ်ဆိုတဲ့စိတ်ဓာတ်ကို မွေးမြူပြီး Servant Leader အရင်ဖြစ်ဖို့လိုပါတယ်။ အဲဒီ စိတ်ဓာတ်နဲ့ ကိုယ်ပိုင်အသိစိတ်ကို အရင်းခံပြီး လက်တွေ့ ဦးဆောင်နိုင်ဖို့ စိတ်အားထက်သန်လာစေမှာ ဖြစ်ပါတယ်။ Service Leadershipဆိုတာ ကျင့်ဝတ်သိက္ခာရှိရှိနဲ့ လူအများကို  ဂရုစိုက်တတ်တဲ့ အပြုအမူတွေကို အခြေခံထားပြီး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ အခြားသူတွေပါဝင်လာတဲ့အထိ ဦးတည်ပါတယ်။  ဒါ့အပြင် လူမှုအသိုက်အဝန်း(communities)တွေရဲ့ ကြီးထွားမှု(growth)ကို မြှင့်တင်ပေးပါတယ်။

Characteristics of Leadership ( ခေါင်းဆောင်မှု၏ဝိသေသလက္ခဏာများ)

  • Leadership depends on social influencing, not on authority.
    ခေါင်းဆောင်မှုဟာ အခွင့်အာဏာအပေါ် မဟုတ်ဘဲ လူမှုဆိုင်ရာလွှမ်းမိုးမှုအပေါ် မူတည်ပါတယ်။
  • Leadership does not depend on personal dignity.
    ခေါင်းဆောင်မှုဆိုတာ ကိုယ်ရေးကိုယ်တာ ဂုဏ်သိက္ခာပေါ်မှာ မမူတည်ပါဘူး။
  • It is not influenced for no purpose.
    ရည်မှန်းချက်၊ ဦးတည်ချက်မရှိဘဲလွမ်းမိုးခြင်းမဟုတ်ပါ။
  • Leadership needs other people.
    ခေါင်းဆောင်မှုဆိုတာ အခြားသူတွေရဲ့  ပူးပေါင်းပါဝင်မှုကို လိုအပ်ပါတယ်။

Skills for Servant Leadership ( Servant Leadership အတွက်  ရှိသင့်သော အရည်အချင်းများ)

  1. Listening ( နားထောင်ခြင်း)
  2. Empathy ( စာနာမှုရှိခြင်း)
  3. Healing ( နှစ်သိမ့်ပေးခြင်း)
  4. Awareness (အသိပညာမြှင့်တင်ပေးခြင်း)
  5. Persuasion ( ဆွဲဆောင်ခြင်း)
  6. Conceptualization ( ချိတ်ဆက်တွေးခေါ်ခြင်း)
  7. Foresigh ( မျှော်မြင်တွေးခေါ်ခြင်း)
  8. Stewardship ( ကြီးကြပ်ခြင်း)
  9. Commitment to the growth of people              
    (လူမှုပတ်ဝန်းကျင်တိုးတက်မှုအတွက် စိတ်အားထက်သန်ခြင်း)           
  10. Building Community ( လူမှုပတ်ဝန်းကျင် တည်ဆောက်ခြင်း) တွေပဲဖြစ်ပါသည်။ 

Case Study

  1. သင်ဟာ ကျေးလက်ဒေသမှ လူငယ်တစ်ယောက်ဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လယ်ယာလုပ်ငန်းကိုသာ လက်ဆင့်ကမ်းလုပ်ကိုင်လျက်ရှိတဲ့ ကျေးရွာတစ်ရွာကို တာဝန်ကျတယ်။ သင့်အနေနဲ့ အဲဒီကျေးရွာအတွက် Service Leader တစ်ဦးအဖြစ် ဘယ်နည်းလမ်းတွေကို အသုံးပြုပြီး အဲဒီကျေးရွာကို အခုထက် ပိုမိုတိုးတက်အောင် လုပ်ဆောင်မလဲ။။ 
  2. သင်ဟာ မငြိမ်းချမ်းတဲ့ ဒေသက လူငယ်တစ်ယောက်ဖြစ်တယ်။ သင့်ပတ်ဝန်းကျင်က လူငယ်အများစုမှာ အလုပ်ရှားပါးခြင်း ပြဿနာနဲ့ ကြုံတွေ့နေကြရတယ်။ ရရာအလုပ်ကို လုပ်ခလစာနည်းနည်းနဲ့ ဝင်ရောက်လုပ်ကိုင်နေကြရပြီး လူငယ်စွမ်းရည်တွေကိုလည်း အသုံးချနိုင်စွမ်း၊ အသုံးပြုနိုင်ခွင့်မရှိ ကြပါဘူး။ သင့်ပတ်ဝန်းကျင်ကလူငယ်တွေအတွက် Service Leader တစ်ယောက်အနေနဲ့ ဘယ်လိုကူညီ ပေးနိုင်မလဲ။

Reference Video

Why good leaders make you feel safe | Simon Sinek

Be a Leader | Motivational Talks With Steve Harvey

Jack Ma’s life-changing advice for young people

1 thought on “လူငယ်နှင့် လူထုအကျိုးပြုခေါင်းဆောင်မှုစွမ်းရည် (Youth and Service Leadership)”

  1. Khin KaNyar Myint

    Case study answer:
    1. ကျွနုပ်ဟာကျေးလက်ဒေသမှလူငယ်တစ်ယောက်ဖြစ်ပါတယ် ။Service Leader တစ်ဥ ီးအနေနဲ့လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ ကျေးလက်အေဒလေးကို အရင်ဆုံး ကိုယ်ထူကိုယ်ထစနစ်နဲ့ လမ်းပန်းဆက်သွယ်ရေး​ေကာင်းအောင် တတ်နိုင်သလောက် ဆောင်ရွက်ပေးမယ်။လယ်ယာလုပ်ငန်း အဓိက လုပ်ဆောင်သော ကျေးလက်ဒေသမို့ လယ်ယာဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစက်ပစ္စည်းနဲ့ပတ်သက်တဲ့ အသိပညာတွေကိုကျွမ်းကျင်သူတွေကို လယ်ယာလုပ်ကိုင်တဲ့ကျေးလက်ဒေသခံတွေအားပြန်လည်မျှဝေစေပါခြင်းဖြင့် ပိုမိုတိုးတက်အောင် လုပ်ဆောင်စေပါမည်။
    2. မငြိမ်းချမ်းသေးတဲ့ဒေသကလူငယ်အနေ ဖြင့်Service Leadershipတစ်ယောက်အနေ နဲ့စိတ်ဓာတ်မကျစေဖို့ ကိုယ့်ကိုကိုယ်အားပေးမယ်
    ကျွနုပ်နဲ့ နည်းတူ လူငယ်တွေကိုလည်း စိတ်ခွန်အားပေးမယ် ။မထင်ထားတဲ့အခြေနေမှာ မျှော်လင့်ချက်ပျောက်လုဆဲဖြစ်သွားတဲ့လူငယ်တွေအတွက် အခုလို MYEOကဲ့ သို့ လူငယ်အကျိုးပြု သင်တန်းတွေကို ယခုလက်ရှိ ကျွနုပ်ကဲ့သို့သောလူငယ်တွေ ရရာအလုပ်လုပ်နေရင်း တက်နိုင်တဲ့ သင်တန်းများကို စိတ်၀င်စားလာအောင်ပြောပြမယ် အတတ်နိုင်ဆုံးတက်ကြဖို့ကိုလည်းရှင်းပြပေးခြင်းဖြင့် Service Leader တစ်ဟောက်အနေနဲ့ ကူညီပေးသွားမည်ဖြစ်ပါတယ်။

Comments are closed.