MYEO-23

SWOT Analysis

💠 SWOT Analysis ဆိုတာဘာလဲ။ SWOT analysis ဆိုတာက Strength (အားသာချက်)၊ Weakness (အားနည်းချက်)၊ Opportunities (အခွင့်အလမ်း) နဲ့ Threat (ခြိမ်းခြောက်မှု) တို့ပဲဖြစ်ပါတယ်။ SWOT analysis ကို ဘာကြောင့် အသုံးပြုလဲဆိုရင် အဖွဲ့အစည်းတစ်ခု၊ ကျောင်းတစ်ခု သို့မဟုတ် တစ်ဦးချင်းစီမှာ တိုးတက်ဖို့၊ ပြောင်းလဲ ဖို့လိုအပ်လာပြီဆိုရင် မိမိတို့ရဲ့  အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေကို ရေးဆွဲဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲဆိုတာ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်လေ့လာ ကြည့်ကြရအောင်။ ☀️ Strengths (အားသာချက်များ) အားသာချက်ဆိုတာ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာချက်တွေ၊ ကျောင်းသားတွေက ဘယ်လိုအရာတွေကို ကောင်းကောင်းဆောင်ရွက်နိုင်လည်းဆိုတာကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ […]

SWOT Analysis Read More Âť

 Collaboration Skills

💠ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills) ပူးပေါင်းလုပ်ဆောင်ခြင်း (Collaboration) ဆိုတာ ကျောင်းသားနှစ်ယောက် ဒါမဟုတ် နှစ်ယောက်ထက်ပိုတဲ့ ကျောင်းများနဲ့ ပရောဂျက်တစ်ခု၊ အလုပ်တစ်ခု သို့မဟုတ် သင်ရိုးညွှန်းတမ်းတစ်ခု သို့မဟုတ် မေးခွန်းတစ်စုံကို  အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills) ဆိုတာက မိမိကိုယ်မိမိ သိနားလည်တဲ့ စွမ်းရည် (Intrapersonal Skills) ရှိပြီး အဖွဲ့ရဲ့ ဘုံရည်မှန်းချက်ကို အောင်မြင်အောင် ကျောင်းသားတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ရင်း လေ့ကျင့်သင်ကြားပေးရတဲ့ စွမ်းရည်ဖြစ်ပါတယ်။  သင်ကြားရေးမှာ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ အဖွဲ့အချင်းချင်း ဒါမှဟုတ် ‌ကျောင်းသားအချင်းချင်းကို အကျိုးပြုစေမယ့် တူညီတဲ့ ရည်မှန်းချက်တစ်ခုကို ရောက်အောင် လုပ်ဆောင်ရခြင်းပဲဖြစ်ပါတယ်။ စာသင်ခန်းအတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းက အများနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့စွမ်းရည် (interpersonal skills)၊ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း၊

 Collaboration Skills Read More 

 Communication Skills

💠Communication Skills (ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်) ဆိုတာ ဘာလဲ။ ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်က  ကျောင်းသားအချင်းချင်း နားလည်စေနိုင်သလို မိမိကိုယ်ကိုကိုယ်လည်း နားလည်သဘောပေါက်စေနိုင်တဲ့ စွမ်းရည် တစ်ခု ဖြစ်ပါတယ်။ ဆက်သွယ် ချိတ်ဆက်ပြောဆိုမှုရဲ့ အဓိက ပါဝင်ရမယ့် အရာတွေက နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တွေ ဖြစ်ပါတယ်။ 💠ဘာကြောင့် Communication Skills ရှိဖို့ လိုအပ်တာလဲ။ စာသင်ကြားတဲ့အခါ ကျောင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ၀န်ထမ်းများ၊ လက်အောက်ငယ်သားများနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်းက မရှိမဖြစ် လိုအပ်ပါတယ်။ ဒီဂျစ်တယ်ခေတ်ရဲ့ လူသားတွေက မက်ဆေ့ခ်ျများကို လူကိုယ်တိုင်တိုင် သာမက ဖုန်း ၊ အီးမေးလ်နဲ့ လူမှုမီဒီယာတွေကတစ်ဆင့် ဘယ်လို ထိထိရောက်ရောက်ပို့ချ ရမလဲဆိုတာကို သိရှိထားရမယ်။  💠Types

 Communication Skills Read More 

Interpersonal Skills

🔎 စာသင်ခန်းရှိ Interpersonal skills လူမှုဆက်ဆံရေးကျွမ်း ကျင်မှုများဆိုတာဘာလဲ? Interpersonal skills ဆိုတာ လူမှုပတ်ဝန်းကျင်ရှိ လူများနှင့်ဆက်ဆံသည့်အပြုအမူအပြောအဆိုများ၊ ကျောင်းသားအချင်ချင်း ကောင်းမွန်စွာပြောဆိုဆက်ဆံသည့် အပြုအမူများကို ဆိုလိုပါတယ်။ ကျောင်းသားတိုင်းသည် လူမှုဆက်ဆံ‌ရေးများ ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်နိုင်ကြပါတယ်။ သင်ကြားသင်ယူမှု ပတ်ဝန်ကျင်မှာဆိုရင် ချီးကျူးခြင်း၊ အသိအမှတ်ပြုခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်း၊ သေချာစွာနားထောင်ခြင်းစသည့်အပြုအမူများကို ဖော်ပြခြင်း၊ ကျင့်သုံးခြင်းက ကောင်းမွန်သော လူမှုဆက်ဆံရေးများကို ထိန်းသိမ်းထားနိုင်ပါတယ်။  📌 Interpersonal skills ဥပမာများ လူပုဂ္ဂိုလ်အလိုက်၊ နေရာအလိုက် Interpersonal skills အမျိုးမျိုးရှိကြပါတယ်။ အချို့ interpersonal skills ဥပမာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ✅ Teaching-Learning environment မှာ ရှိသင့်တဲ့ interpersonal skills များ ဆရာတစ်ယောက်အနေနှင့်

Interpersonal Skills Read More Âť

Zoom as a Teaching Tool

Zoom ဖြင့် အွန်လိုင်း စာသင်ကြားရာမှာ သိထားသင့်တဲ့ အရာများကို လေ့လာကြရအောင်

Zoom as a Teaching Tool Read More Âť

Do’s and Don’ts for Online Training

မိမိကိုယ်ပိုင်အခန်းကနေသော်လည်းကောင်း၊ ကျောင်းက အခန်းကနေသော်လည်းကောင်း အွန်လိုင်းကနေ စာသင်ကြားရတာဟာ အတန်းထဲမှာစာသင်ကြားရတာထက် သက်တောင့်သက်သာဖြစ်စေမယ်လို့ ထင်ကောင်း ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ ပြင်ဆင်မှုအားနည်းရင် ထင်ထားတာထက် ပိုမိုခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းကစာသင်ကြားရမှာ မှတ်တမ်းတင်ထားတာတွေကျန်တဲ့အတွက် အမှားအယွင်း မပါဖို့ ပိုဂရုစိုက်ဖို့လိုပါတယ်။ ဒါဆိုရင် အွန်လိုင်းကနေ စာစသင်တော့မဲ့ ဆရာ/ဆရာမတစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေ ဆောင်ရန် ရှောင်ရန်တွေကို ကြိုသိထားဖို့က အရေးကြီးပါတယ်။ ဒါ့ကြောင့် အိုင်ယာလန်နိုင်ငံ University College Cork က ဆရာ/ဆရာမတွေရဲ့ အွန်လိုင်းကနေ စာသင်တဲ့အခါလက်တွေ့လိုက်နာ ကျင့်သုံးဖို့ မျှဝေပေးထားတဲ့အချက်တွေကို လေ့လာကြည့်ရအောင်။ 1️⃣ အွန်လိုင်းစာသင်ခန်း ပတ်ဝန်းကျင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်မှုက သင်ခန်းစာကို အာရုံစိုက် ပို့ချနိုင်ဖို့ အထောက်အကူပေးနိုင်တဲ့ အတွက်ကြောင့် အွန်လိုင်းစာသင်ခန်း ဒါမှမဟုတ် အွန်လိုင်းဆွေးနွေးခန်းတွေကို မဝင်ခင် တိတ်ဆိတ်ငြိမ်သက်တဲ့

Do’s and Don’ts for Online Training Read More Âť

Problem Solving Skills for Teacher

💠ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) ဆိုတာဘာလဲ။ ဆရာ/မတွေဟာ နေရာဒေသအသီးသီးက လူမျိုး၊ ဘာသာ၊ အလေ့အထ မတူညီတဲ့ ကျောင်းသားတွေ၊ မိဘတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစဉ်ထိတွေ့ရခြင်း၊ မတူညီတဲ့ဒေသတွေမှာ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရခြင်းတွေကြောင့် ပြဿနာအမျိုးမျိုးကြုံတွေ့ရမှာ မလွဲပါဘူး။ ဒါအပြင် သင်ခန်းစာဆိုင်ရာ ပြသနာတွေကို ဦးဆောင်ဖြေရှင်းရတာ ကျောင်းသားတွေဖြေရှင်းတဲ့နည်းလမ်းတွေကို ကြီးကြပ်ပေးရတာတွေရှိပါတယ်။ ဒါကြောင့် ဆရာ/ဆရာတွေအနေနဲ့ ဘာသာရပ်ဆိုင်ရာ ပြသနာဖြေရှင်းနည်းရော လူမှုရေးဆိုင်ရာ ပြသနာတွေပါ ဖြေရှင်ဖို့ဆိုရင် ပြသနာဖြေရှင်းနည်းသိထားဖို့လိုပါတယ်။ ပြဿနာဖြေရှင်းသူများ၏ အရည်အသွေးများနှင့် စိတ်နေသဘောထားများကတော့   💠Types of Problems (ပြဿနာအမျိုးအစားများ) ဥပမာ – အလုပ်အတွင်း လုပ်ငန်းစဉ်များ လွဲချော်ခြင်းကြောင့်ဖြစ်လာတဲ့ ပြဿနာများ ဥပမာ – နိုင်ငံရေးပြဿနာများ၊ ရာသီဥတုပြောင်းလဲလာမှု ပြဿနာများ ဥပမာ – ငွေကြေးအခက်အခဲပြဿနာများ၊

Problem Solving Skills for Teacher Read More Âť

Conflict Sensitive Education

ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင် ၄ – “လူသားအားလုံးအကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသော ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး”  SDG – 4 အရ ပညာရေးကဏ္ဍတွင် သင်ယူမှုအခွင့်အလမ်း၊ ကျောင်းနေမြဲခြင်းနှင့် လူတိုင်းအကျုံးဝင်မှု၊ ကျောင်းအရည်အသွေးနှင့် အရည်အသွေးတိုးတက်မှုလေ့လာကြီးကြပ်ခြင်းတို့က အရေးကြီးသော အခန်းမှာပါဝင်နေပါတယ်။ သို့သော် ရှုပ်ထွေးများပြားပြီး အမျိုးမျိုးသော အခြေအနေအရပ်အရပ်များ ဥပမာ ဆင်းရဲနွမ်းပါးခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်း၊ ပဋိပက္ခဖြစ်ပွားရာဒေသများဖြစ်ခြင်းစသည့် အကြောင်းကြောင်းတို့ကြောင့် သင်ယူမှု အခွင့်အလမ်းများဆုံးရှုံးလျက်ရှိနေပါတယ်။ ထိုအခြေအနေများမှာ ဘယ်လိုပညာရေးအခက်အခဲတွေရှိသလဲ၊ ထိုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်ဖော်ပြသွားပါမယ်။ ✅ Conflict Sensitivity – Concept and Practice 💡 ပဋိပက္ခ (Conflict) ဆိုတာဘာလဲ။ ပဋိပက္ခ ဆိုတာ အုပ်စု နှစ်စု သို့မဟုတ် နှစ်စုထက်ပိုသော (လူ)

Conflict Sensitive Education Read More Âť

Interpersonal Skills

🔎 Interpersonal skills လူမှုဆက်ဆံရေးကျွမ်းကျင်မှုများဆိုတာဘာလဲ? Interpersonal skills ဆိုတာ လူမှုပတ်ဝန်းကျင်ရှိ လူများနှင့်ဆက်ဆံသည့်အပြုအမူအပြောအဆိုများ၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်အချင်ချင်း ကောင်းမွန်စွာပြောဆိုဆက်ဆံသည့် အပြုအမူများကို ဆိုလိုပါတယ်။ လူတိုင်းသည် လူမှုဆက်ဆံ‌ရေးများ ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်နိုင်ကြပါတယ်။ သင်ကြားသင်ယူမှု ပတ်ဝန်ကျင်မှာဆိုရင် ချီးကျူးခြင်း၊ အသိအမှတ်ပြုခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်း၊ သေချာစွာနားထောင်ခြင်းစသည့်အပြုအမူများကို ဖော်ပြခြင်း၊ ကျင့်သုံးခြင်းက ကောင်းမွန်သော လူမှုဆက်ဆံရေးများကို ထိန်းသိမ်းထားနိုင်ပါတယ်။  📌 Interpersonal skills ဥပမာများ လူပုဂ္ဂိုလ်အလိုက်၊ လုပ်ငန်းခွင်အလိုက် Interpersonal skills အမျိုးမျိုးရှိကြပါတယ်။ အချို့ interpersonal skills ဥပမာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ✅ Teaching-Learning environment မှာ ရှိသင့်တဲ့ interpersonal skills များ ဆရာတစ်ယောက်အနေနှင့် မိမိရဲ့

Interpersonal Skills Read More Âť

Assessment and Feedback Reflection

✅ စစ်ဆေးအကဲဖြတ်ခြင်း၏အဓိပ္ပါယ်  စစ်ဆေးအကဲဖြတ်ခြင်းဆိုတာက သင်ယူသူရဲ့ သင်ယူမှုအဆင်သင့်ဖြစ်မှု (academic readiness)၊ သင်ယူတိုးတက်မှု (learning progress)၊ တတ်မြောက်မှု (skill acquisition)၊ လိုအပ်ချက် (educational needs) စတာတွေကို အကဲဖြတ်ရန် (evaluate)၊ တိုင်းတာရန်(measure ) နှင့် မှတ်တမ်းတင်ရန် (document) အသုံးပြုသော နည်းလမ်းအမျိုးမျိုးကို ဆိုလိုပါတယ်။ စစ်ဆေးအကဲဖြတ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့  သင်ယူမှုကို အထောက်အကူဖြစ်စေရန်ဖြစ်ပါတယ်။  စစ်ဆေးအကဲဖြတ်ခြင်းဖြင့် သင်ယူသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရရှိနိုင်ပါတယ်။ သင်ခန်းစာပြင်ဆင်ရာမှာ သင်ယူသူက ဘယ်အကြောင်းအရာအချက်အလက်တွေကို သိရှိပြီးပြီ ဘယ်အချက်အလက်တွေကိုတော့ မသိရှိသေးတာကို သိရှိနိုင်ပြီး နောက်ထပ် သင်ခန်းစာပြင်ဆင်ရာမှာ စစ်ဆေးအကဲဖြတ်ခြင်းမှ ရရှိ‌သော အချက်အလက်တွေကို အသုံးပြုပြီး ပြင်ဆင်နိုင်ပါတယ်။ သင်ယူသူရဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ဖို့ ဆရာက သင်ကြားမှုပုံစံအမျိုးမျိုးကို လိုအပ်သလို

Assessment and Feedback Reflection Read More Âť