Uncategorized

Introduction to Classroom Management

စာသင်ခန်းများ၊ ကျောင်းများစဖွင့်တဲ့  ရက်သတ္တပတ်မှာ အတန်းအတွင်း classroom management ကောင်းကောင်းလုပ်ဆောင်ထားနိုင်ခြင်းက စာသင်နှစ်တလျှောက်လုံးအတွက် အဆင်ပြေချောမွေ့စေပါတယ်။ အစကောင်းမှာ အနှောင်းသေချာ စေသလိုမျိုးဖြစ်ပါတယ်။ Classroom Management က ကျောင်းသားတွေအတွက် အထောက်အကူပြုနိုင်စေရုံသာမက အခန်းအတွင်း နေ့စဉ်လှုပ်ရှားမှုများကို စည်းစနစ်တကျဖြစ်လာအောင် ကူညီပေးပါတယ်။ ဥပမာ၊ ကျောင်းသားတွေကို စာသင်နေချိန်အတွင်း Laptop/mobile phone များကိုပေးမသုံးဘဲ  သတ်မှတ်ထားတဲ့ အချိန်အတွင်းမှသာ အသုံးပြုအောင် သတ်မှတ်ထားခြင်းဟာ သင်ခန်စာကို ပိုမိုအားရုံစူးစိုက်မှုရရှိစေပြီး အခြားကျောင်းသားကိုလည်း အနှောက်အယှယ်မဖြစ်စေတဲ့ classroom management စနစ်တစ်ခုဖြစ်ပါတယ်။ ဒီလိုနေ့စဉ် အခန်းအတွင်း လှုပ်ရှားမှုများကို ရှင်လင်းပြတ်သားတဲ့ ကန့်သတ်ချက်များနဲ့ သတ်မှတ်ထားခြင်းအားဖြင့် အခန်းအတွင်းရှိ စီမံခန့်ခွဲမှုတွေ နဲ့ သင်ကြားရေးအထောက်အကူပြု နည်းလမ်းတွေအတွက် များစွာ အကျိုးရှိလာမှာပဲ ဖြစ်ပါတယ်။  💠Classroom Management ရဲ့ […]

Introduction to Classroom Management Read More »

ပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်စွမ်းရည် (Problem Solving Skill)

နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတွေကို လေ့လာရမှာဖြစ်ပါတယ်။  ပြဿနာဖြေရှင်းဖို့အတွက် အရေးပါတဲ့အချက်အလက်တွေကို ပုံကနေတစ်ဆင့် လေ့လာကြည့်ပါ။ ပြဿနာတွေကို ကောင်းမွန်စွာ နည်းစနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဗီဒီယိုထဲက သင်ခန်းစာကို သေချာလေ့လာကြည့်ရအောင်။

ပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်စွမ်းရည် (Problem Solving Skill) Read More »

Artificial Intelligence Online Course with Free Certificate

Type:  Free Online Course Description:  Artificial Intelligence အကြောင်းလေ့လာလိုသူများအတွက် သင်တန်းကြေးပေးစရာမလိုသော online course တစ်ခုဖြစ်ပါသည်။ သင်တန်းပြီးဆုံးလျှင် အခမဲ့ သင်တန်းဆင်းလက်မှတ်ပါ ရရှိမည်ဖြစ်ပါသည်။ Duration:  3 weeks Deadline:  No deadline Eligibility:  Requirements: Benefits How to apply: လျှောက်ထားရမည့်ပုံစံအသေးစိတ်ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ https://www.futurelearn.com/courses/artificial-intelligence

Artificial Intelligence Online Course with Free Certificate Read More »

If Statement

The lesson materials to learn during Week 4👇👇 Please ask Week 4 Assignment in tutorial call.Submit your assignment to this email address–> myanmar@ucd.ie , faci@mymyeo.com. The Old Lesson Arithmetic Expressions The Exercise for Week 4 and th answer Please ask Week 4 Assignment in tutorial call.Submit your assignment to this email address–> myanmar@ucd.ie , faci@mymyeo.com.

If Statement Read More »

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem )

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) ဆိုတာဘာလဲ။ မိမိကိုယ်ကိုတန်ဖိုးထား​လေးစားခြင်း ( Self-esteem ) ဆိုသည်မှာ မိမိ၏အ​တွေးအ​ခေါ်၊ ပြုမူ​ပြောဆိုပုံ၊ ပုံပန်းသွင်ပြင်၊ အားသာချက်၊အားနည်းချက်၊ ရည်မှန်းချက်များအပြင် မိမိ၏ယုံကြည်ချက်များကိုပါ တန်ဖိုးထား​လေးစားတတ်ခြင်းကို ဆိုလိုပါသည်။ Self-esteem နှင့် Self-confidence ကွာခြားပုံ ဤ (၂) ခုသည် တခါတရံ တထပ်ထဲကျနိုင်သော်လည်း အမြဲတော့မတူညီနိုင်ပါ။ ( ဥပမာ_ အားကစားထူးချွန်​သော လူတယောက်သည် မိမိကိုယ်ကို ပြိုင်ဘက်အား အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်​ (Confidence) ရှိသော်လည်း အမှန်တကယ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင် မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှုနည်း​​သော​ (Low self-esteem)​ကြောင့် အရှိအတိုင်းကို လက်မခံနိုင်ဖြစ်တတ်ပါသည်။ အားမလိုအားမရဖြစ်တတ်ပါသည်။ စိတ်ဓါတ်ကျတတ်ပါသည်။) ဤသည်မှာ ကိုယ့်ကိုယ်ကိုယုံကြည်ချက် (Confidence) ရှိ​သော်လည်း အရှုံးနှင့်ကြုံ​တွေ့ခဲ့​သော် Low self-esteem ​ကြောင့်ကိုယ့်ကိုကိုယ်

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) Read More »

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness)

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုတာဘာလဲ။ မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုသည်မှာ မိမိ၏ပြုမူ​ပြောဆိုပုံ၊ မိမိ၏​စဥ်းစားတွေး​ခေါ်ပုံ၊ မိမိ၏စိတ်ခံစားချက်၊ မိမိ၏ ယုံကြည်ချက်များ၊ မိမိ၏ အားသာချက်၊အားနည်းချက်များ စသည်တို့ကို မိမိကိုယ်တိုင် ထဲထဲဝင်ဝင်၊​လေး​လေးနက်နက်ဖြင့် သတိထား​လေ့လာ၊ဆန်းစစ်မိခြင်းကို ဆိုလိုပါသည်​။ မိမိကိုယ်ကိုနားလည်လက်ခံခြင်းကို ဆိုလိုပါသည်။ Self awareness ရှိဖို့ဘာ​ကြောင့်လိုအပ်တာလဲ။ “Eurich Group” ဆိုသည့်သု​တေသနအဖွဲ့အစည်း၏ ​လေ့လာ​တွေ့ရှိချက်များအရ Self awareness ရှိ​သောသူတို့သည် ဘဝမှာ အခြားသူတို့ထက်​ ပို၍ ​ပျော်ရွှင်နိုင်​ကြောင်း၊ ပို​ကောင်းမွန်​သော ​ပေါင်းသင်းဆက်ဆံ​ရေးကို ရရှိနိုင်​ကြောင်း ​ဆိုထားပါသည်။ ထို့အပြင် လုပ်ငန်းခွင်ဆိုင်ရာ၊ ဦး​ဆောင်ဦးရွက်မှု ပြုသည့်အခါမှာလည်း အခြား Self awarenessမရှိ​သောသူများထက် လုပ်ကိုင်နိုင်စွမ်းပို၍ တိုးမြင့်​နိုင်ကြောင်း ဆိုထားပါသည်။ ၂၀၁၈

မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) Read More »