Interview Preparation
၁။ မိတ်ဆက် အလုပ်အကိုင်၊ အလုပ်သင်အစီအစဉ်၊ ပညာသင်ဆု၊ စေတနာ့ဝန်ထမ်းအခွင့်အရေး သို့မဟုတ် လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခုကို လျှောက်ထားတဲ့အခါ အင်တာဗျူးဟာ အရေးကြီးတဲ့ရွေးချယ် မှုအဆင့်တစ်ခု ဖြစ်ပါတယ်။ အင်တာဗျူးမှာ အောင်မြင်ဖို့အတွက် ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံကောင်းရှိရုံနဲ့ မလုံလောက်သေးပါဘူး။ ကိုယ့်မှာရှိတဲ့ အရည်အချင်း၊ အတွေ့အကြုံ၊ စိတ်ဝင်စားမှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မေးမြန်းသူ နားလည်အောင် ရှင်းရှင်းလင်းလင်း တင်ပြနိုင်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီလိုတင်ပြနိုင်ဖို့ဆိုရင် ကြိုတင်ပြင်ဆင်ခြင်းနဲ့ လက်တွေ့လေ့ကျင့်ခြင်းက အလွန်အရေးကြီးပါတယ်။ အင်တာဗျူးကို မေးခွန်းတွေဆက်တိုက်ဖြေဆိုရတဲ့ စာမေးပွဲတစ်ခုအဖြစ်သာ မမြင်သင့်ပါဘူး။ အဖွဲ့အစည်းက ကိုယ့်အကြောင်း ပိုမိုသိရှိနိုင်သလို ကိုယ်တိုင်ကလည်း ရာထူးနဲ့ အဖွဲ့အစည်းအကြောင်း ပိုမိုသိရှိနိုင်တဲ့ အပြန်အလှန်ဆွေးနွေးမှုတစ်ခု ဖြစ်ပါတယ်။ ၂။ သင်ယူမှုရလဒ်များ ဒီသင်ခန်းစာကို လေ့လာပြီးတဲ့အခါ သင်ယူသူတွေဟာ— ၃။ အင်တာဗျူးဆိုတာ ဘာလဲ အင်တာဗျူးဆိုတာ လျှောက်ထားသူတစ်ဦးဟာ
Interview Preparation Read More »






