Generative AI နည်းပညာတွေဟာ ယနေ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ နေ့စဉ်ဘဝထဲကို လျင်မြန်စွာ ဝင်ရောက်လာနေပါတယ်။ လူတွေဟာ AI ကို စာရေးဖို့၊ ဘာသာပြန်ဖို့၊ ပုံဖန်တီးဖို့၊ အချက်အလက်ရှာဖွေဖို့၊ ပညာသင်ယူဖို့၊ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးချဖို့နဲ့ လူမှုကွန်ရက်အတွက် Content တွေဖန်တီးဖို့ အသုံးပြုလာကြပါတယ်။ Community Organization တွေမှာလည်း Project Proposal ရေးခြင်း၊ Report အကျဉ်းချုပ်ခြင်း၊ Social Media Content ဖန်တီးခြင်း၊ Training Materials ပြင်ဆင်ခြင်း စတဲ့လုပ်ငန်းတွေမှာ Generative AI ကို အသုံးပြုလာနိုင်ပါတယ်။ AI က အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပေမယ့် တစ်ချိန်တည်းမှာ မှားယွင်းတဲ့အချက်အလက်တွေ ထုတ်ပေးနိုင်ခြင်း၊ လူတစ်စုအပေါ် ဘက်လိုက်မှုရှိနိုင်ခြင်း၊ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားနိုင်ခြင်း၊ မူပိုင်ခွင့်ပြဿနာတွေ ဖြစ်လာနိုင်ခြင်း၊