စိတ်ဖိစီးမှုများတဲ့အချိန်မှာ ဆုံးဖြတ်ချက်တွေကို ချဖို့ မေးခွန်း (၃) ခု
လူတိုင်းမှာ စိတ်ဖိစီးမှုများတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အလုပ်မှာ အဆင်မပြေတာ၊ ငွေကြေးအခက်အခဲတွေ ကြုံရတာ၊ မိသားစုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတာ၊ ဒါမှမဟုတ် အခြားသူတွေနဲ့ အငြင်းပွားရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ စိုးရိမ်တာ၊ ဒေါသထွက်တာ၊ စိတ်ရှုပ်ထွေးတာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်တာတွေ ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတလေ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ပြဿနာကို သေချာစဉ်းစားဖို့ ခက်ခဲလာတတ်ပါတယ်။ ကိုယ်ပြောချင်တာကို ချက်ချင်းပြောမိတာ၊ တစ်ဖက်လူရဲ့စကားကို အဆိုးဘက်ကနေ အဓိပ္ပာယ်ကောက်မိတာ၊ ဒါမှမဟုတ် နောင်တရနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများတဲ့အချိန်မှာ အရေးကြီးဆုံးက ပြဿနာကို ချက်ချင်းဖြေရှင်းဖို့ မဟုတ်ပါဘူး။ အရင်ဆုံး ကိုယ့်ရဲ့စိတ်အခြေအနေကို သတိပြုဖို့နဲ့ ဘာကြောင့် ဒီလိုခံစားနေရတာလဲဆိုတာ နားလည်ဖို့ လိုပါတယ်။ စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန်မှာ ခဏရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ရင်
စိတ်ဖိစီးမှုများတဲ့အချိန်မှာ ဆုံးဖြတ်ချက်တွေကို ချဖို့ မေးခွန်း (၃) ခု Read More »


