အခြေခံစိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (Basic Psychological First Aids)
အိမ်တစ်အိမ်မီးလောင်တဲ့အခါ ပထမဆုံးရောက်ရှိလာသူဟာ မီးသတ်သမားမဟုတ်ဘဲ ရေပုံးတစ်ပုံးနဲ့ အိမ်နီးချင်းဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ၊ အခြေခံစိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း (PFA) ဟာ ပရော်ဖက်ရှင် နယ်အကူအညီတွေမရောက်ခင်မှာ သာမန်လူတွေက ချက်ချင်းဆိုသလို စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ကျတဲ့ ထောက်ပံ့မှုတွေကိုပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာ သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနဲ့ စီးပွားရေးအခက်အခဲ စတဲ့စိန်ခေါ်မှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ဆေးကုသမှုမဟုတ်တဲ့ အသိုက်အဝန်းအခြေပြုစိတ်ကျန်းမာရေးဆိုင်ရာအကူအညီတွေဟာ လိုအပ်လာပါတယ် ။ အခြေခံစိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (PFA) ဆိုတာဟာ စိတ်ဒဏ်ရာကိုလျှော့ချပေးဖို့၊ ဘေး အန္တရာယ်ကနေကာကွယ်ပေးဖို့နဲ့ နောက်ထပ်အကူအညီတွေရရှိဖို့အတွက် လူသားဆန်ပြီးလက်တွေ့ကျတဲ့ ထောက်ပံ့ကူညီမှုတွေဖြစ်ပါတယ်။ လူငယ်တွေဟာ လူဦးရေအများဆုံးအုပ်စုဖြစ်ပြီး PFA ကိုလိုအပ်နေတဲ့ သူတို့ ရဲ့သူငယ်ချင်းတွေနဲ့အနီးဆုံးမှာရှိနေသလို၊ လူမှုအသိုက်အဝန်းအတွင်းမှာလည်း ယုံကြည်မှုရရှိသူတွေဖြစ်တဲ့အ တွက် PFA မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ၁။ အကျပ်အတည်းဆိုတာ ဘာလဲ အကျပ်အတည်းဆိုတာ […]
အခြေခံစိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း (Basic Psychological First Aids) Read More »




