July 2022

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills)

ပူးပေါင်းလုပ်ဆောင်ခြင်း (Collaboration) ဆိုတာ လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုသော လူများနှင့် ပရောဂျက်တစ်ခု၊ အလုပ်တစ်ခု သို့မဟုတ် သင်ရိုးညွှန်းတမ်းတစ်ခု သို့မဟုတ် မေးခွန်းတစ်စုံကို  အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills) ဆိုတာက မိမိကိုယ်မိမိ သိနားလည်သော စွမ်းရည် (Intrapersonal Skills) ရှိပြီး အဖွဲ့၏ ဘုံရည်မှန်းချက်ကို အောင်မြင်အောင် လူအများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သော စွမ်းရည်ဖြစ်ပါတယ်။  လုပ်ငန်းခွင် သို့မဟုတ် သင်ကြားရေးမှာ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ အဖွဲ့အစည်း သို့မဟုတ် ဌာန သို့မဟုတ် ကျောင်းကို အကျိုးပြုစေမယ့် တူညီတဲ့ ရည်မှန်းချက်တစ်ခုကို ရောက်အောင် လုပ်ဆောင်ရခြင်းပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းသည် အများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သောစွမ်းရည် (interpersonal skills)၊ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း၊

ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills) Read More »

Ideas of Community Building and Advocacy

Community (လူမှုဝန်းကျင်/ လူမှုအသိုက်အဝန်း) Community (လူမှုဝန်းကျင်/လူမှုအသိုက်အဝန်း) ဆိုတာကတော့ ဝိသေသလက္ခဏာမျိုးစုံ၊ အသွင်အပြင် မျိုးစုံ၊ စသည့်သွင်ပြင် လက္ခဏာ သဘောထားတို့ရှိကြပြီး တူညီသည့် ယုံကြည်ချက်၊ လိုအပ်ချက်နှင့် တူညီသည့် တန်ဖိုးထားမှု ကိုယ်စီ ရှိကြသည့် လူ့ဘောင်တစ်ရပ်ပဲဖြစ်ပါတယ်။  Types of Community(လူမှုဝန်းကျင် အမျိုးအစားများ) Ethics in Community Building (လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးကျင့်ဝတ်များ Qualities of a Community Builder (လူမှုဝန်းကျင်တည်ဆောက်သူ၏ အရည်အသွေးများ) Community Building တွင် ပါဝင်သော အစိတ်အပိုင်းများ/ အခြေခံသဘောတရားများ  Advocacy ဆိုတာဘာလဲ။ စည်းရုံးလှုံ့ဆော်ခြင်းက တစ်စုံတစ်ဦး (ဒါမှမဟုတ်) လူတစ်စုရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ထောက်ခံအားပေးသူ (Advocator) ဆိုတာ

Ideas of Community Building and Advocacy Read More »

Cover Letter Writing

ပညာသင်ဆုလျောက်ခြင်း၊ စေတနာ့ဝန်ထမ်းလျှောက်ခြင်းနဲ့ အလုပ်လျှောက်တဲ့အခါမျိုးတွေမှာ သင်ရဲ့ CV နှင့်အတူ Cover Letterကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Cover Letter ဆိုတာ CV ကို စာပိုဒ်ပုံစံနဲ့ ပြန်ရေးထားတာ မဟုတ်ပါဘူး။ CV ဟာ ကိုယ့်ရဲ့ ပညာရေး၊ အလုပ်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကို အချက်အလက်အနေနဲ့ ပြသပေးတာဖြစ်ပြီး Cover Letter ကတော့ ဒီအလုပ်ကို ဘာကြောင့်လျှောက်တာလဲ၊ ဒီအဖွဲ့အစည်းကို ဘာကြောင့်စိတ်ဝင်စားတာလဲ၊ ကိုယ့်အတွေ့အကြုံတွေက ဒီရာထူးနဲ့ ဘယ်လိုသက်ဆိုင်တာလဲ ဆိုတာတွေကို ချိတ်ဆက်ရှင်းပြပေးရတဲ့နေရာ ဖြစ်ပါတယ်။ Cover Letter ကို အများအားဖြင့် A4 တစ်မျက်နှာစာအတွင်း ရှင်းရှင်းလင်းလင်း ရေးသားဖို့ အကြံပြုပါတယ်။ Cover Letter ရေးသားရာတွင် သတိပြုရန် အချက်များ ၁။

Cover Letter Writing Read More »

Stakeholder Relationship Management

Stakeholders (ပါဝင်ပတ်သက်သူများ) ဆိုတာဘာလဲ။ Stakeholder- ပါဝင်ပတ်သက်နိုင်သူများ ဆိုသည်မှာ စီမံကိန်းတစ်ခု၊ အကြောင်းအရာတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုအပေါ်တွင် ဘုံ စိတ်ဝင်စားမှုရှိသော၊ စိုးရိမ်ပူမှုရှိသော၊ ကောင်းပြစ်/ဆိုးပြစ်များကို ဘုံသက်ရောက်မှုရှိသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အုပ်စုများ၊ အဖွဲ့အစည်းများကို ဆိုလိုသည်။ Stakeholder တို့တွင် စိတ်ဝင်စားမှု နှင့် လွှမ်းမိုးနိုင်မှု အဆင့်များ ကွဲပြားနိုင်ပြီး စီမံကိန်း၊ အလုပ်၊ အဖွဲ့အစည်း တို့၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရန် Stakeholder တို့၏ လိုအပ်ချက်နှင့် မျှောလင့်ချက်များ ပြည့်မီစေရေး ကောင်းစွာ စီမံခန့်ခွဲရန် လိုအပ်ပါတယ်။ Stakeholder လို့ပြောရင် ဥပမာအားဖြင့် Stakeholder (ပါဝင်ပတ်သက်သူများ) နဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို စီမံခန့်ခွဲခြင်းဆိုတာဘာလဲ။ Stakeholder Relationship Management ဆိုတာကတော့ မတူညီတဲ့ Stakeholderတွေ မတူညီတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့

Stakeholder Relationship Management Read More »

Case Study for Organization

ကျွန်ုပ်တို့အားလုံးက လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာပဲ မွေးဖွားရှင်သန်လာရင်း အသိပညာ အတတ်ပညာတွေကို လေ့လာသင်ယူရင်း ဘဝသက်တမ်းအချိန်များစွာကို လူ့ဘောင်အဖွဲ့အစည်း အတွင်းမှာပင် အလုပ်လုပ်ရင်းကုန်ဆုံးလာစေခဲ့ပါတယ်။ အဖွဲ့အစည်း (Organization) ဆိုတာဘာလဲ။ အဖွဲ့အစည်းဆိုတာက တူညီတဲ့ဘုံရည်မှန်းချက်တွေကို ရရှိအောင်မြင်ဖို့ အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက တာဝန် ကိုယ်စီယူပြီး အပြန်အလှန် ဆက်သွယ်ပူးပေါင်းဆောင်ရွက်သည့် အစုအဝေးကို အဖွဲ့အစည်းလို့ ခေါ်ပါတယ်။ အဖွဲ့အစည်းတစ်ခုစီက ဆောင်ရွက်လုပ်ကိုင်တဲ့ သဘောသဘာဝ၊ ဖွဲ့စည်းပုံ အရွယ်အစား၊ လုပ်ဆောင်တဲ့နယ်ပယ်၊ လူဦးရေနဲ့ ရည်ရွယ်ချက်မျိုးစုံရှိနိုင်ပါတယ်။ အဖွဲ့အစည်းမှာ ပုံစံတကျဖွဲ့စည်း ထားတဲ့အဖွဲ့အစည်း (formal organization)၊ ဖွဲ့စည်းပုံနှင့် စနစ်တကျဖွဲ့စည်းထားခြင်းမရှိသော်လည်း ခင်ရာမင်ရာ တန်ဖိုးထားမှု တူညီရာလူများစုစည်းဆောင်ရွက်တဲ့အဖွဲ့အစည်း (informal organization)၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးစသည်ဖြင့် အဖွဲ့အစည်းပုံစံမျိုးစုံ၊ နယ်ပယ်မျိုးစုံရှိနိုင်ပါတယ်။ Characteristics of Organization ( အဖွဲ့အစည်း၏

Case Study for Organization Read More »

Interactive activities for facilitation

အပြန်အလှန် ပူးပေါင်းပါဝင်မှုရှိသည့် ပံ့ပိုးကူညီမှုနှင့် သင်ကြားသင်ယူမှု  လုပ်ငန်းများ/နည်းလမ်းများ သင်ကြားသင်ယူသူနဲ့ ကူညီပံ့ပိုးသူတို့ကြားတွင် ပို၍ရင်းနှီးမှုရှိစေရန်နှင့် အုပ်စုတွင်း သက်တောင့်သက်သာ ဆွေးနွေးသင်ကြားနိုင်ရန် Ice-breaking Activities များကို အသုံးပြုနိုင်ပါတယ်။ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်သူ တစ်ဦးချင်းစီရဲ့ တက်ရောက်လာရတဲ့ (သို့မဟုတ်) သင်ယူလေ့လာရတဲ့ အကြောင်းအရင်းတွေနဲ့ ၎င်းတို့ရဲ့ သင်တန်းနဲ့ဆွေးနွေးပွဲအပေါ်ထားရှိတဲ့ မျှော်မှန်းချက်တွေကို သိရှိနိုင်ဖို့ သင်တန်းပေးသူနဲ့ ပံ့ပိုးကူညီသူတွေက ထုတ်ဖော်ပြောဆိုခွင့်ပေးဖို့လိုအပ်ပါသည်။ ဒါမှသာ တက်ရောက်လာတဲ့ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ပံ့ပိုးကူညီသူတွေက အကောင်းဆုံးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ တက်ရောက်လာသူအားလုံး ပါဝင်ဆွေးနွေးနိုင်ဖို့အတွက် ကူညီပံ့ပိုးသူက အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ တက်ရောက်သူ တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေကို တလေးတစား နားထောင်ပေးတာ၊ လုံခြုံစိတ်ချရတဲ့ သင်ယူမှု ပတ်ဝန်းကျင်ကို

Interactive activities for facilitation Read More »

CV Writing

CV ဆိုတာဘာလဲ။ CV ဆိုသည်မှာ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို ကိုယ်စားပြုပြီး အလုပ်လျှောက်ထားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းဖြစ်ပါတယ်။ CV ကိုအသုံးပြု၍ အလားအလာရှိသော အလုပ်ရှင်များထံ မိမိရဲ့ပညာရေး၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအကျဉ်းချုပ်ကို အောင်မြင်စွာဖော်ပြနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာတော့ CV ကို ကိုယ်ရေးရာဇဝင်လို့ ခေါ်ပါတယ်။ CV က ဘယ်လောက်ရှိသင့်ပါသလဲ။ ဗြိတိန်နိုင်ငံရဲ့ စံသတ်မှတ်ချက်အရ CV တစ်ခုဟာ A4 နှစ်မျက်နှာထက် မပိုသင့်ပါဘူး။ ကျွန်တော်တို့စီစဉ်ပေးထားတဲ့  CVကို မူနာပုံစံအနေနဲ့  လေ့လာကြည့်နိုင်ပါတယ်။   ဆိုဒ်သတ်မှတ်ချက်တစ်ခုဟာ အားလုံးနဲ့တော့ အဆင်မပြေနိုင်ဘူး လို့ ဆိုပါတယ်။  ဥပမာအားဖြင့်၊ ကျောင်းထွက်ထားသူ သို့မဟုတ် အတွေ့အကြုံနည်းပါးသော ဘွဲ့ရပြီးခါစ သူသည် A4 ၏ တစ်မျက်နှာကိုသာ အသုံးပြုရန် လိုအပ်ပါတယ်။  မကြာခဏ

CV Writing Read More »

SWOT Analysis (Analytical Skill)

💠SWOT Analysis ဆိုတာဘာလဲ။ SWOT ဆိုတာ Strength အားသာချက်များ၊ Weakness အားနည်းချက်များ၊ Opportunities အခွင့်အလမ်းများနှင့် Threads ခြိမ်းခြောက်မှုများကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိက ရပ်ရွာမှာ သက်ကြီးစာတတ်မြောက်ရေး အစီအစဉ်တစ်ခုကို ဦးဆောင်ရမယ်ဆိုပါစို့ Strength အနေနဲ့ဘာတွေရှိနိုင်လဲ Weankness အနေနဲ့ဘာတွေရှိနိုင်လဲ Opportunities အနေနဲ့ဘာတွေရှိနိုင်လဲ Threads အနေနဲ့ဘာတွေရှိနိုင်လဲ စတာတွေဖော်ထုတ်ပြီး Weakness ထဲက အချက်တွေ ကောင်းအောင်ပြင်မယ်၊ Thread ထဲက ခြိမ်ခြောက်မှုတွေကို ကျော်လွှားနိုင်မည့် အစီအစဉ်တွေ ဖော်ထုတ်ခြင်းအားဖြင့် မိမိကို ပေးအပ်တဲ့တာဝန် နဲ့ လုပ်ငန်းများကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုအသုံးချနိုင်မည်ဖြစ်ပါတယ်။  အားသာချက်များက စီမံကိန်းအောင်မြင်စေမဲ့ အထောက်အပံ့တွေဖြစ်ပြီး၊ အားနည်းချက်တွေက မိမိ နဲ့ သက်ဆိုင်သူတွေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိန်းချုပ်ခြင်း

SWOT Analysis (Analytical Skill) Read More »

အချိန် စီမံခန့် ခွဲမှု (Time Management)

အချိန်စီမံခန့် ခွဲမှုဆိုတာဘာလဲ “အချိန် စီမံခန့်ခွဲမှု” ဆိုတာဟာ သင့်ရဲ့ အချိန်ကို တနေ့တာ ဆောင်ရွက်ရန်ရှိတဲ့ သင်ယူခြင်းလုပ်ငန်းများ၊ အလုပ်တာဝန်များ၊ လူမှုရေးလုပ်ငန်းများနှင့် မိသာစုတာဝန်များကို အံဝင်ခွင်ကျဖြစ်အောင် ပြီးမြောက်အောင် စနစ်တကျ စီစဉ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်တဲ့အခါ အဓိကအားဖြင့် လုပ်ဆောင်မှု (action) အဆင့်မှ ရလဒ် (Result) အဆင့်သို့ ရောက်ဖို့လိုပါတယ်။ အလုပ်များ ခြင်းဟာ အချိန်ကို စနစ်တကျ စီမံခန့်ခွဲမှု မဟုတ်ပါ။ တိုးတက်လိုသူတစ်ဦးအနေနဲ့ ရှိသင့်တဲ့ အရေးကြီးတဲ့ အရည်အချင်းတစ်ခုကတော့ အချိန်စီမံခန်ခွဲမှုပဲဖြစ်ပါတယ်။ အချိန်စီမံခန်ခွဲမှုဆိုတာ တစ်ရက်တာအချိန် ၂၄ နာရီကို အကျိုးရှိစွာ အသုံးပြုခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ပထမဦးစွာ အောက်ပါမေးခွန်းများဖြင့်  မိမိရဲ့ အချိန်စီမံခန့်ခွဲမှု အလေ့အထကို ပြန်လည်စဉ်းစား သုံးသပ်ကြည့်ပါ။ ကောင်းမွန်သော

အချိန် စီမံခန့် ခွဲမှု (Time Management) Read More »

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills)

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ဆိုတာဘာလဲ။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းသည် ပြဿနာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို စေ့စေ့စပ်စပ်နားလည်ဖို့အတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ရပ်တစ်ခုဖြစ်သည်။ ယူဆချက် နှင့် အချက်အလက်များရှိ ဆက်သွယ်ချက်များကို နားလည်စေရန် ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်သည်။ ကောင်းစွာ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိသူသည် အခက်အခဲပြဿနာများ၏ ရင်းမြစ်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ယုတ္တိရှိရှိ စနစ်တကျ ဝေဖန်ဆန်းစစ်၍ အသင့်တော်ဆုံး နည်းလမ်းကို မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်သည်။ အချက်အလက်များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာခြင်းနှင့်  ရွေးချယ် ဆုံးဖြတ်ခြင်း ပြုလုပ်ရာတွင် မိမိ၏ ပုဂ္ဂလိကအမြင်၊ ကိုယ်ရေးကိုယ်တာ ခံစားချက်တို့မှ မလွှမ်းမိုးဘဲ ဓမ္မဓိဋ္ဌာန် ကျကျ ဆုံးဖြတ်နိုင်ခြင်း က အရေးကြီးပါသည်။   ဥပမာအားဖြင့်၊ သင်သည် လူ့စွမ်းအားအရင်းအမြစ်ဌာန( Human

ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) Read More »