Interactive activities for facilitation

အပြန်အလှန် ပူးပေါင်းပါဝင်မှုရှိသည့် ပံ့ပိုးကူညီမှုနှင့် သင်ကြားသင်ယူမှု  လုပ်ငန်းများ/နည်းလမ်းများ

  1. Energizers and ice-breakers 

သင်ကြားသင်ယူသူနဲ့ ကူညီပံ့ပိုးသူတို့ကြားတွင် ပို၍ရင်းနှီးမှုရှိစေရန်နှင့် အုပ်စုတွင်း သက်တောင့်သက်သာ ဆွေးနွေးသင်ကြားနိုင်ရန် Ice-breaking Activities များကို အသုံးပြုနိုင်ပါတယ်။

  1. Sharing  participant  expectations and goals 

သင်ကြားသင်ယူမှု လုပ်ငန်းစဉ်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်သူ တစ်ဦးချင်းစီရဲ့ တက်ရောက်လာရတဲ့ (သို့မဟုတ်) သင်ယူလေ့လာရတဲ့ အကြောင်းအရင်းတွေနဲ့ ၎င်းတို့ရဲ့ သင်တန်းနဲ့ဆွေးနွေးပွဲအပေါ်ထားရှိတဲ့ မျှော်မှန်းချက်တွေကို သိရှိနိုင်ဖို့ သင်တန်းပေးသူနဲ့ ပံ့ပိုးကူညီသူတွေက ထုတ်ဖော်ပြောဆိုခွင့်ပေးဖို့လိုအပ်ပါသည်။ ဒါမှသာ တက်ရောက်လာတဲ့ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို ပံ့ပိုးကူညီသူတွေက အကောင်းဆုံးပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

  1. Stimulating discussion

အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ တက်ရောက်လာသူအားလုံး ပါဝင်ဆွေးနွေးနိုင်ဖို့အတွက် ကူညီပံ့ပိုးသူက အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ တက်ရောက်သူ တစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေကို တလေးတစား နားထောင်ပေးတာ၊ လုံခြုံစိတ်ချရတဲ့ သင်ယူမှု ပတ်ဝန်းကျင်ကို ဖန်းတီးပေးတာ၊ မတူကွဲပြားတဲ့ တုံ့ပြန်မှု အမျိုးမျိုးကို လက်ခံပေးတာ၊စတာတွေ ဆောင်ရွက်ပေးခြင်းအားဖြင့် သင်တန်းသားတွေအားလုံး တက်ကြွစွာ ပါဝင်ဆွေးနွေးလာနိုင်ပါတယ်။

  1. Encouraging participative listening

အလုပ်ရုံဆွေးနွေးပွဲတွေ သင်တန်းတွေမှာ တက်ရောက်လာသူတစ်ဦးချင်းစီကို နားထောင်သူကောင်းတစ်ယောက်ဖြစ်လာစေဖို့လည်းပံ့ပိုးပေးနိုင်ပါတယ်။ တစ်ဦးရဲ့ဆွေးနွေးချက်တွေကို အခြားသူတွေက ဂရုတစိုက် နားထောင်ပေးတာ၊ လိုအပ်ချက်တွေကို ပြန်လည်ဆွေးနွေးမေးမြန်းတာ စတာတွေပြုလုပ်ပေးခြင်းအားဖြင့် တက်ရောက်သူတွေကြားမှာ အပြန်အလှန် နားလည်မှု၊ ပံ့ပိုးပေးနိုင်မှုတွေ တိုးတက်လာစေမှာဖြစ်ပါတယ်။

  1. Working in small team

အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေမှာ တက်ရောက်လာတဲ့သူတွေကို အုပ်စုငယ်တွေဖွဲ့ပြီး အုပ်စုအလိုက်ဆွေးနွေးရမယ့် ခေါင်းစဉ်တွေ သတ်မှတ်ပေးတာ၊ ခေါင်းစဉ်တွေကို အတွင်းကျကျ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေပြီးမှ တက်ရောက်သူအားလုံးကို ပြန်လည်ဝေမျှ‌တာ၊ စတာတွေလုပ်ဆောင်နိုင်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ပါဝင်သူတစ်ဦးချင်းစီဟာ မိမိရဲ့ အုပ်စုငယ်အတွင်းမှာ တက်တက်ကြွကြွပါဝင်ဆွေးနွေးလာနိုင်မှာဖြစ်ပါတယ်။

  1. Team reports

အုပ်စုအလိုက် တာဝန်တွေ ခွဲဝေပေးပြီး ပြီးမြောက်မှုရလဒ်များ ကို အုပ်စုအလိုက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်အသီးသီးက ပြန်လည်တင်ပြဆွေးနွေးတင်ပြရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့်အဖွဲ့သားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသပေးနိုင်ပါတယ်။

  1. Avoiding power spots

အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများတွင် နေရာထိုင်ခင်း အစီအစဉ်များကို မကြာခဏ ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲပေးခြင်းအားဖြင့် တက်ရောက်သူအားလုံး ညီတူညီမျှ ပါဝင်လာစေနိုင်သလို၊ ဦးဆောင်သူအခန်းကဏ္ဍကို အလှည့်ကျတာဝန်ယူ​ဆောင်ရွက်စေခြင်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

  1. Sharing responsibility 

အဖွဲ့လိုက် လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အဖွင့်ဝင်တစ်ဦးချင်းစီဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တွေကို အလှည့်ကျတာဝန်ယူစေခြင်းအားဖြင့် တစ်ဦးချင်းစီရဲ့ ကျွမ်းကျင်မှုနယ်ပယ်ကို ကျယ်ပြန့်လာစေပါတယ်။ ဥပမာ အုပ်စုမှတ်တမ်းရေးသူ၊ ဦးဆောင်သူ၊ ပံ့ပိုးကူညီသူ၊ မိတ်ဖက်များနှင့် ဆက်သွယ်ဆောင်ရွက်သူ စတဲ့ အခန်းကဏ္ဍ အမျိုးမျိုးကို တစ်ဦးချင်းစီက အလှည့်ကျ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပါတယ်။

  1. Participant evaluation

အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်ရတဲ့ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များနဲ့ ပါဝင်တက်ရောက်သူ တစ်ဦးချင်းစီရဲ့ မျှော်မှန်းချက်များ ဘယ်အတိုင်းအတာထိ ထိရောက်အောင်မြင်မှု ရှိသလဲဆိုတာကို ပံ့ပိုးကူညီသူ(Facilitator) သာမက ပါဝင်တက်ရောက်သူအားလုံးကပါ စစ်ဆေး အကဲဖြတ်နိုင်မယ့် အခွင့်အလမ်းမျိုး ရရှိဖို့လိုအပ်ပါတယ်။

ထိရောက်သော အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲများအတွက် နည်းလမ်းကောင်းများ။

  1. အုပ်စုအလိုက် Mind Mapping ရေးဆွဲခြင်းများကို လုပ်ဆောင်ခြင်း။
  2. အွန်လိုင်းသင်တန်းများတွင် Online Ice-breaking အစီအစဉ်များထည့်သွင်းခြင်း။
  3. Break Room များခွဲ၍ အုပ်စုအလိုက်ဆွေးနွေးစေခြင်း။
  4. တစ်ဦးချင်းစီ၏ အကြံဉာဏ်များ အတွေးခေါ်များကို ဒီဇိုင်းဆွဲစေပြီး ပြန်လည်ဆွေးနွေးတင်ပြစေခြင်း။
  5. Design Thinking အစီအစဉ်များထည့်သွင်းခြင်း။
  6. ပါဝင်သူများ၏ စိတ်ခံစားချက်အခြေအနေများကို စစ်ဆေးသည့် Color Cardsများအသုံးပြုခြင်း။
  7. အွန်လိုင်းတင်ဆက်မှုတွင် ထင်သာမြင်သာရှိပြီး ဆွဲဆောင်မှုရှိသော Visuals, Pictures, Bar chart, Graphsများအသုံးပြုပြီး တင်ပြဆွေးနွေးခြင်း။
  8. Online Video-Conferencing toolsများတွင်ပါရှိသော polls, chat, Voting, Reactions စသည်တို့ကို အသုံးပြုခြင်း။
  9. Quizဖြေသည့် အစီအစဉ်များ ထည့်သွင်းခြင်း။

Reference

https://learningpartnership.org/sites/default/files/resources/pdfs/Guide_LearningToFacilitateInteractively.pdf

https://blog.toasty.ai/ten-creative-ideas-for-virtual-workshops/

Video Link – https://www.youtube.com/watch?v=gcy-pkwLjXE