Google က ထုတ်လုပ်ထားတဲ့ NotebookLM ဆိုတာ ကိုယ်ပိုင်စာရွက်စာတမ်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ AI-powered research and note-taking assistant (AI စွမ်းအင်သုံး သုတေသနနဲ့ မှတ်စုစာအုပ် အထောက်အကူပြုကိရိယာ) တစ်ခု ဖြစ်ပါတယ်။ PDF files တွေကို ကိုယ်တိုင် အချိန်ပေးဖတ်တာ၊ စာသားတွေ လိုက်ကူးတာ (copying text)၊ မှတ်စုတွေကို အကျဉ်းချုပ်တာ (summarizing notes) ဒါမှမဟုတ် အချက်အလက်တွေကို ထပ်ခါတလဲလဲ ပြန်ရေးနေရတာမျိုး တွေအစား NotebookLM ကို သုံးပြီး စာရွက်စာတမ်းတွေနဲ့ တိုက်ရိုက် “စကားပြော” လိုက်ရုံပါပဲ။ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း စက္ကန့်ပိုင်းအတွင်း ချက်ချင်း ကောက်နုတ်ရယူနိုင်မှာ ဖြစ်ပါတယ်။ သုတေသနလုပ်တာ၊ စာတမ်းပြုစုတာ၊ နှိုင်းယှဉ်တာ၊