လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေတဲ့ အရာများ🤔
တရားသေအစွဲ/ တရားသေ သတ်မှတ်ထားခြင်း (Stereotype) လူတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်ခုနဲ့ပတ်သက်လို့ တရားသေ စွဲမှတ်ထားတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ Stereotypeလို့ ပြောလိုက်တာနဲ့ အနုတ်သဘောဆောင်တဲ့ အစွဲတွေချည်း ရှိတာတော့မဟုတ်ပါဘူး။ ဥပမာ မြန်မာလူမျိုးတွေက ဖော်ရွေတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် များသောအားဖြင့် အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေက လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။ ယောက်ျားလေးဖြစ်လို့ မျက်ရည်မကျရဘူးတို့၊ မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကျက်သရေရှိတာတို့ဆိုတာတွေက အချိန်တိုင်းတော့ မှန်မနေဘူးမဟုတ်လား။ မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချခြင်း (Prejudice) မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချတယ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့အတွေးအမြင်တွေ၊ အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ လုံလောက်တဲ့ ဗဟုသုတမရှိဘဲ ကြိုတင်ဆုံးဖြတ်သတ်မှတ်လိုက်တာမျိုးပါ။ဥပမာ – ယောက်ျားနဲ့မိန်းမအချစ်ကမှ သဘာဝဖြစ်ပြီး လိင်တူကြိုက်နှစ်သက်တာဟာ သဘာဝကို ဆန့်ကျင်နေတယ်ဆိုတဲ့ အယူအဆမျိုးပေါ့ ။ လူမှုအသိုင်းအဝိုင်းမှ […]
လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေတဲ့ အရာများ🤔 Read More »









