Multiple Intelligences

Multiple Intelligences အကြောင်းကို လေ့လာဖို့အတွက်ဆိုရင် အရင်ဆုံး “Learning Styles (သင်ယူမှု ပုံစံများ)”အကြောင်းကို လေ့လာဖို့ လိုအပ်ပါတယ်

သင်ယူမှုပုံစံဆိုတာ ဘာလဲ။

Brown ရဲ့ အဆိုအရ သင်ယူမှုပုံစံဆိုတာ သင်ယူမှုအခြေအနေတစ်ခုမှာ ရှိနေတဲ့ အချက်အလက်တွေကို သင်ယူသူတစ်ဦးချင်းစီက ဘယ်လိုသင်ယူပြီး ဘယ်လိုနားလည် သွားသလဲကို ဆိုလိုပါတယ်။ သင်ယူမှုအပိုင်းမှာတော့ စဉ်းစားတွေးခေါ်တာ၊ ချိတ်ဆက်ဆောင်ရွက်တာ၊ တုန့်ပြန်တာ တွေပါဝင်ပြီး နားလည်လက်ခံတဲ့အပိုင်းမှာတော့ အသိဉာဏ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအမူအကျင့်တစ်ခုခု ပြောင်းလဲတိုးတက်သွားတာကို ဖြစ်ပေါ်စေတာတွေကိုဆိုလိုပါတယ်။”

သင်ယူမှု ပုံစံအသီးသီးက သင်ယူသူ တစ်ဦးချင်းရဲ့ နှစ်သက်တဲ့ သင်ယူမှု ပုံစံအပေါ် မူတည်ပြီး ဖြစ်ပေါ်လာပါတယ်။ ဒါမှမဟုတ် ကျောင်းသားများ လုပ်ငန်းတစ်ခုအပေါ် ချဉ်းကပ်ပုံနဲ့ သက်ဆိုင်တယ်လို့ “Gardner” က သတ်မှတ်ထားပါတယ်။

ဒါကြောင့် သင်ယူမှုပုံစံ (၆) မျိုးများကို ခွဲခြမ်းစိတ်ဖြာထားပါတယ်

၁။ အမြင်အာရုံနဲ့ သင်ကြားခြင်း (Visual Learning)

သင်ယူသူတစ်ဦးချင်းစီ၏ အမြင်အာရုံခံစာချက်ကို အခြေခံကာ သင်ခန်းစာ နဲ့ သတင်းအချက်အလက်များကို ကျောင်းသားများ နားလည်အောင် မြေပုံများ၊ ရုပ်ပုံများ၊ ကားချပ်များ နှင့် ဗွီဒီယိုများကို အသုံးပြုပြီး သင်ကြားနည်းကို ဆိုလိုခြင်းဖြစ်ပါတယိ။

၂။ အဖွဲ့လိုက် သင်ကြားခြင်း (Group Learning)

ပူးပေါင်းဆောင်ရွက်တတ်မှု နှင့် အသင်းအဖွဲ့စုစည်းလုပ်ဆောင်တတ်မှုအားကောင်းအောင် ပံ့ပိုးပေးနိုင်သည့် social settings  ကောင်းများဖြင့်  သင်ခန်းစာအပေါ် ဆွေးနွေးစေခြင်း၊ အစုအဖွဲ့အခြေပြုပရောဂျက်များလုပ်ဆောင်စေခြင်း နှင့် အစုအဖွဲ့အလိုက် ပြန်လည်တင်ပြဆွေးနွေးစေခြင်းတို့ကို အခြေခံတဲ့ သင်ကြားနည်းစနစ်ဖြစ်ပါတယ်။

၃။ကိုယ်လက်လူပ်ရှားမူဖြင့် သင်ကြားခြင်း (Kinesthetic learning)

ဒီသင်ကြားမှုမှာတော့ လူ့ခန္ဓာကိုယ် ရွေ့လျား လှုပ်ရှားမှုကို အခြေခံတဲ့ သင်ကြားမှု နည်းစနစ်တွေဖြစ်တဲ့ ဥပမာ စကိတ်စီးသင်ရာမှာ စကိတ်စီးပုံကို ဗီဒီယိုမှာလေ့လာခြင်း၊ စကိတ်စီးခြင်းဆိုင်ရာ ညွှန်ကြားချက်တွေကို အသံဖြင့်နားထောင်ခြင်း နဲ့ မိမိကိုယ်တိုင် လေ့ကျင့်စီးခြင်း လိုများ အမြင်၊ အကြား၊ ခန္ဓာကိုယ် လှုပ်ရှားမှု သုံးမျိုးပေါင်းစပ်ထားတဲ့ သင်ကြားနည်းဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်ရာမှာ လက်တွေ့လုပ်ဆောင်မှု သရုပ်ပြမှုကို အမြင်ဖြင့်သင်ယူခြင်း၊ လက်တွေ့လုပ်ဆောင်ရန်ညွှန်ကြားချက်များဖတ်ခြင်း နဲ့ မိမိကိုယ်တိုင် ထိတွေ့လုပ်ဆောင်ခြင်းများ စတဲ့ ခန္ဓာကိုယ်ရဲ့ အမြင် အကြား ထိတွေခံစားမှုတွေပါတဲ့ သင်ကြားမှုဖြစ်တာကြောင့် လက်တွေ့လုပ်ဆောင်ခြင်းကလည်း Kinesthetic learning တစ်မျိုးဘဲဖြစ်ပါတယ်။

၄။ တစ်ဦးချင်း သင်ယူမှု (Individual Learning)

အုပ်စုဖွဲ့ သင်ယူမှုရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တစ်ဦးချင်း သင်ယူခြင်းမှာတော့ သင်ယူသူတစ်ဦးချင်းစီရဲ့  သင်ယူမှုအခြေအနေတွဖြစ်တဲ့ သင်ယူနိုင်မှု၊ သင်ယူမှုပုံစံ၊ ခံယူချက်၊ ရင့်ကျက်မှု၊ စိတ်ပါဝင်စားမှု၊ ဆေ့စော်အားကောင်းမှု နဲ့ သင်ယူမှုပတ်ဝန်ကျင်တွေကို တစ်ဦးချင်းအလိုက် ကိုက်ညီအောင် စီမံကာ သင်ကြားပေးတဲ့ စနစ် နဲ့ တစ်ဦးချင်းအကြိုက်ရွေးချယ် သင်ယူတဲ့ နည်းစနစ် ဖြစ်ပါတယ်။ ဥပမာ- အဝေးသင်ပညာရေးစနစ်၊ အရင်းအမြစ်အခြေခံတဲ့သင်ယူမှုစနစ်၊ ကွန်ပျူတာ အခြေပြု သင်တန်းတွေနဲ့ ကြိုတင်သတ်မှတ်ချက်များနှင့်တစ်ဦးချင်းလေ့လာခြင်းတွေ ပါဝင်ပါတယ်။

၅။ ထိတွေ့ခံစားမှုအခြေပြု သင်ယူမှု (Tactile Learning)

Tactile Learning က Kinesthetic learning တစ်မျိုးပါဘဲ။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ရတဲ့ နည်းစနစ်တွေဖြစ်တဲ့ လက်တွေ့လုပ်ဆောင်ရခြင်း၊ ရုပ်ပုံဗီဒီယိုများကြည့်ပြီး ပုံတူချိုးခြင်း၊ ပုံတူဆွဲခြင်း၊ ပုံပြင်ပြဇာတ်များပုံဖော်ရေးဆွဲခြင်း၊ ပစ္စည်းအစိတ်အပိုင်းများဖြုတ်ခြင်းနှင့် ပြန်လည် တပ်ဆင်ခြင်း စတဲ့ သင်ယူမှု နည်းစနစ်တွေပါဝင်ပါတယ်။ 

၆။ အကြားအာရုံအခြေပြုသင်ကြားခြင်း (Auditory Learning)

ဒီ သင်ယူမှုနည်းစနစ်မှာတော့ သင်ယူသူတွေဟာ အကြားအာရုံကို အခြေခံကာ သင်ယူလိုတဲ့ အကြောင်းအရာအပေါ် ပိုမိုထိရောက်စွာ သင်ယူတဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ အကြားအာရုံကို အားကိုးပြီး သင်ယူတဲ့ ကျောင်းသားတွေဟာ သင်ခန်းစာကို ဖတ်တာထက် နားထောင်ရတာကို ပိုအားကိုးတာ၊ လက်တွေ့တစ်ခုကို ကိုယ်တိုင်ကိုင်တွယ်လုပ်ဆောင်ရတာထက် လက်တွေ့လုပ်ဆောင်ရမဲ့ ညွှန်ကြားချက်တွေကို နားထောင်ရာတာကို ပိုမိုနှစ်သက်တာ စတဲ့ သင်ယူမှု ဝိသေသတွေ ပါဝင်ပါတယ်။

စာသင်ခန်းအတွင်း သင်ခန်းစာလေ့လာခြင်းအပေါ် သက်ရောက်မှုများ

ကျောင်းသားများက မတူညီတဲ့ လေ့လာမှု ပုံစံတွေ ရှိကြပြီး မတူညီတဲ့ သတင်းအချက်အလက်တွေကို တစ်ဦးချင်းလိုအပ်ချက်အပေါ်မူတည်ပြီး အာရုံစိုက်တတ်ကြပါတယ်။ ဒါ့အပြင် မတူညီတဲ့ နှုန်းတွေနဲ့ သင်ယူတတ်မြောက်တတ်ကြပြီး၊  ခြားနားတဲ့ သင်ယူမှု နည်းလမ်းတွေနဲ့ လေ့လာ မှတ်သားတတ်ကြပါတယ်။ ကျောင်းသားတွေရဲ့ သင်ယူမှုအပေါ် ကျေနပ်မှုနှုန်းက ပါမောက္ခတစ်ဦးရဲ့ စာသင်ကြားမှု ပုံစံနဲ့ ကျောင်းသားတွေရဲ့ သင်ယူလိုတဲ့ ပုံစံအကြား ကွဲပြားမှု/အံဝင်မှု အပေါ်မူတည်ပြီး များစွာ သက်ရောက်မှုရှိနိုင်ပါတယ်။

သင်တန်းဆရာတစ်ဦးဟာ ကျောင်းသားနဲ့ အံဝင်တဲ့ သင်ကြားရေးပုံစံအသုံးပြုခဲ့ရင် ကျောင်းသားဟာ အချက်အလက်တွေကို ကြာရှည်မှတ်မိနေမယ်၊ ပိုမိုထိရောက်စွာ အသုံးချနိုင်မယ်၊ ဘာသာရပ်နဲ့ သင်ကြားတဲ့အဖွဲ့အစည်းအပေါ်လည်း အပေါင်းလက္ခဏာဆောင်တဲ့ သဘောထားတွေ ကျောင်းသားထံက ပိုမိုရရှိနိုင်ပါတယ်။

ကျောင်းသားတစ်တယောက်အနေနဲ့ သင်ကြားမှု ပုံစံအမျိုးမျိုးကို ကြုံတွေရနိုင်ပါတယ်။ သင်ကြားမှုပုံစံတွေနဲ့ အံဝင်မဲ့ ကိုယ်ရဲ့သင်ယူမှုပုံစံတွေ ကျောင်းသားတစ်ယောက်အနေနဲ့ လိုက်မပြောင်းလဲနိုင်ရင်တောင် ကိုယ်လေ့လာနေတဲ့ ဘာသာရပ်အပေါ် အောင်မြင်မှုရအောင်တော့ တစ်ခြားနည်းလမ်းတွေနဲ့ တက်ကြွစွာ လုပ်ဆောင်နိုင်ပါသေးတယ်။ ဥပမာ ကိုယ့်သင်ယူမှုပုံစံနဲ့ကိုက်ညီတဲ့ တစ်ခြားအရင်းအမြစ်တွေကို ထပ်ဆောင်းလေ့လာတာမျိုးပေါ့။

Multiple Intelligences သီအိုရီ

စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Haward Gargက  Multiple Intelligences သီအိုရိကို 1983 မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ Multiple Intelligences သီအိုရိက လူတွေရဲ့ ဉာဏ်ရည်ကို တစ်မျိုးတည်း မသတ်မှတ်ဘဲ မတူညီတဲ့ ဉာဏ်ရည်အမျိုးအစား (၈)ခုအထိ ခွဲခြမ်းပြခဲ့ပါတယ်။ အဲဒါတွေကတော့

၁။ Verbal Linguistic Intelligences – (စကားလုံးနှင့်ဘာသာစကားဆိုင်ရာဉာဏ်ရည်)

စကားလုံးနဲ့ဘာသာစကားဆိုင်ရာ printmakersဉာဏ်ရည်ဆိုတာကတော့ လူတစ်ဦးက မိမိထင်မြင်ယူဆချက်တွေကို ရေးသားရာမှာဖြစ်စေ၊ ပြောဆိုရာမှာဖြစ်စေ၊ ပုံဖော်ရာမှာဖြစ်စေ မှန်ကန်တဲ့ စာကားလုံးတွေရွေးချယ်အသုံးပြုတတ်တာ၊ စာကြောင်းဖွဲ့စည်းပုံကောင်းစွာ ရေးတတ် ပြောတတ်တာ၊ စကားပြောစွမ်းရည်နဲ့ အစုအဖွဲ့ကိုစည်းရုံးနိုင်တာ၊ ဘာသာပြန်တဲ့အလုပ်ကိုခုံမင်တာ၊ စကားလုံးပဟေဠိ တွေကိုဖြေရတာကြိုက်တာ အလေ့အထတွေကို နှစ်သက်ခုံမင်စွာလုပ်နေပြီ ဆိုရင်တော့ ဒီလူဟာ စကားလုံးနဲ့ ဘာသာစကားဆိုင်ရာ ဉာဏ်ရည် ထူးကဲသူလို့ဆိုလို့ရပါတယ်။ဥပမာ ကဗျာဆရာ၊စာရေးဆရာ၊ဂျာနယ်လစ်၊ဆရာ/ဆရာမ၊ရှေ့နေ၊ဘာသာပြန်တွေဟာဒီလို

ဉာဏ်ရည်အားကောင်းသူတွေဖြစ်ပါတယ်။

၂။  Logical-mathematical: (သင်္ချာနှင့်တွေးခေါ်ယူဆချက်ဆိုင်ရာဉာဏ်ရည်)

သင်္ချာနှင့်တွေးခေါ် ယူဆမှုဆိုင်ရာဉာဏ်ရည်ဆိုတာကတော့ လူတစ်ဦးက တစ်စုံတစ်ခုတီထွင်ရာမှာ၊ တစ်စုံတစ်ခုလုပ်ဆောင်ပုံကိုရှင်းပြရာမှာ၊ တစ်စုံတစ်ခုကိုအဖြေရှာရာမှာ အယူအဆ၊ အတွေးအခေါ်၊ သင်္ချာပုံစံတွေနဲ့ ကျိုးကြောင်းဆက်စပ်ချက်တွေကို နားလည်နိုင်စွမ်း၊ အသုံးချနိုင်စွမ်း၊ အဖြေရှာနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်း ထူးကဲစွာရှိတာကို ဆိုလိုပါတယ်။

ဥပမာ အင်ဂျင်နီယာ၊စာရင်းကိုင်၊သိပ္ပံပညာရှင်

သင်္ချာပညာရှင်၊စာရင်းအင်းပညာရှင်၊

ဒေတာတူးဖော်လေ့လာသူတွေဟာဒီလို

ဉာဏ်ရည်အားကောင်းသူတွေဖြစ်ပါတယ်။

၃။ Visual-spatial: (ရုပ်ပုံကားချပ်များကိုကြည့်ပြီးအမြင်အာရုံမှ‌

တစ်ဆင့်လေ့လာနိုင်သောဉာဏ်ရည်) 

 ဒီလိုဉာဏ်ရည် ရှိတဲ့ ကျောင်းသားတွေဟာ မျက်လုံးဖြင့် မြင်နိုင်တဲ့ အရာများအပေါ် ထူးခြားစွာ မှတ်ယူနိုင်တဲ့ စွမ်းရည်များ ရှိကြပါတယ်။ 3D အရာဝတ္ထုများအပေါ် ကိုင်တွယ်ကြည့်ခြင်း၊ လမ်းပြမြေပုံ ဒါမှမဟုတ် ကမ္ဘာမြေပုံများပေါ်မှာ လမ်းကြောင်းများ၊ နိုင်ငံများကို အလျင်မြန်ရှာဖွေနိုင်ခြင်း စသည် ဉာဏ်ရည်ဉာဏ်သွေးများက သင်ယူမှု ပုံစံနဲ့ တွဲလျက်တည်ရှိကြပါတယ်။ ကျောင်းသားများရဲ့ မှတ်ဉာဏ်ထဲမှာ အမြင်အာရုံကတစ်ဆင့် ရရှိတဲ့ အချက်အလက်များကို သိမ်းဆည်းထားနိုင်ကြပါတယ်။ ဥပမာ ပန်းချီဆရာတွေ၊ဓာတ်ပုံဆရာတွေ၊ ဂရပ်ဖစ်ဒီဇိုင်နာ ၊သရုပ်ဖော်သူ‌တွေ

၊ပန်းပုဆရာ ၊ပုံနှိပ်သူ တွေဟာ ဒီလိုဉာဏ်ရည်ဉာဏ်သွေးရှိသူတွေ

ဖြစ်ကြပါတယ်။

၄။ Auditory-musical: (ဂီတနှင့်အသံပိုင်းဆိုင်ရာ ဉာဏ်ရည်) 

ဂီတဉာဏ်ရည်ဉာဏ်သွေး ရှိသူတွေက အကြားအာရုံနဲ့ သင်ယူနိုင်ပြီး သံဇဥ်များနဲ့ စည်းချက်များကို နားထောင်နိုင်စွမ်းရှိကြပါတယ်။ စကားလုံး နဲ့ရုပ်ပုံများကို သင်ယူကြတဲ့အစား ဂီတကို လေ့လာခြင်းကတစ်ဆင့် အသံများနားထောင်ရတာကို နှစ်သက်ကြပါတယ်။

၅။ Bodily-kinesthetic: (ခန္ဓာကိုယ်လူပ်ရှားမူပိုင်းဆိုင်ရာဉာဏ်ရည်)

ခန္ဓာကိုယ် ‌ရွေ့လျားခြင်း၊ လည်ပတ် လှုပ်ရှားနေတဲ့ စိတ်ပစ္စည်းများအပေါ် ထိန်းချုပ်ခြင်းတို့ကတစ်ဆင့် သင်ခန်းစာ၊ သတင်းအချက်အလက်များကို လေ့လာမှတ်သားနိုင်ကြပါတယ်။ အချုပ်အနေနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု ကိုယ်ရည်ကိုယ်သွေးကို လှုပ်ရှားသင်ယူခြင်းနဲ့ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာလှုပ်ရှားမှု နဲ့ စိတ်ရဲ့ ထိန်းချုပ်မှု ဟန်ချက်ကောင်းမှုကလည်း ဒီလို ဉာဏ်ရည်ရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ဥပမာ ပြေးခုန်ပစ်အားကစားသမားတွေ၊ ကချေသည်တွေ၊ ခွဲစိတ်အထူးကုတွေနဲ့ ပန်းပုပညာရှင်တွေဟာ ဒီလိုဉာဏ်ရည် အားကောင်းသူတွေဖြစ်ပါတယ်။

၆။ Interpersonal: (လူအများအပေါ်အခြေအနေအရသုံးသပ်နိုင်သောဉာဏ်ရည်ဉာဏ်သွေး)

ဒီဉာဏ်ရည်အမျိုးအစားရှိတဲ့ သူတွေက လူမှုဆက်ဆံ‌ရေးကောင်းမွန်ကြပြီး စာနာတတ်ကြတဲ့ အပြင် တစ်ပါးသူရဲ့ လိုအပ်ချက်များကိုလည်း အလိုလို သိမြင်နိုင်သည်။ ဒါ့အပြင် တခြားသူများရဲ့ စိတ်ခံစားချက်ကို ဖတ်ရှုနိုင်ကြပြီး ၄င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့လည်း ကောင်းစွာ ချိတ်ဆက်နိုင်ကြတဲ့အပြင် စကားပြောဆိုတဲ့အခါ ခိုင်မာတဲ့ ဆက်သွယ်ချက်တို့နဲ့ ပြောဆိုနိုင်ကြသည်။ လူပုဂ္ဂိုလ်များအကြား သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များအကြား ဖြစ်ပျက်နေသော ဉာဏ်ရည်ဉာဏ်သွေးကို

Interpersonal ဟုခေါ်ပါသည်။

၇။ Intrapersonal: (မိမိကိုယ်ကိုယ်လေ့လာမြှင့်တင်နိုင်သော

ဉာဏ်ရည်ဉာဏ်သွေး

ဉာဏ်ရည်ဉာဏ်သွေးဆိုတာ ပြင်ပိုင်းကာယပိုင်းထက် အတွင်းပိုင်းရှိ ဉာဏ်ဏပိုင်းကို ပိုမိုအာရုံစိုက်စေပါတယ်။ အဲ့ဒီစွမ်းရည်ရှိတဲ့ သင်ယူသူတွေက စိတ်ထဲမှာ အလွန်ရောင်ပြန်ဟပ်တဲ့ အတွေးအခေါ်များလည်း ရှိပါတယ်။ ဒါ့အပြင် အားသာချက်က အလွန်လိုက်လျောညီထွေ နေနိုင်တဲ့ အရည်အချင်းများရှိသည်။

ဥပမာ စာကြည့်တိုက်မှူး၊ပရောဂျက်မန်နေဂျာ၊ ခရီးသွားအေးဂျင့်၊ ပွဲစီစဉ်သူတွေဟာ ဒီလိုဉာဏ်ရည်အားကောင်းသူတွေ ဖြစ်ကြပါတယ်။

၈။ Naturalistic: (သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်၍စူးစမ်း‌သင်ယူနိုင်‌သောဉာဏ်ရည်ဉာဏ်သွေး)

အပြင်လောကနဲ့အတူ ယှဉ်တွဲပြီး အကောင်းဆုံး သင်ယူနိုင်တဲ့ စွမ်းရည်ရှိသူတွေဟာ ကမ္ဘာပေါ်ရှိ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အရာများ၊ တိရစ္ဆာန်များနှင့် အပင်များကို စူးစမ်းလိုသူများဖြစ်ကြပြီး သဘာဝဆန်တဲ့ ဉာဏ်ရည်များကို ပိုင်ဆိုင်ထားကြပါတယ်။

ဥပမာ ပတ်ဝန်းကျင် စကားပြန်တွေ၊တောရိုင်းတိရစ္ဆာန်မန်နေဂျာ၊ ငါးနှင့်တောရိုင်းတိရစ္ဆာန်အရာရှိ

၊မြေယာဘဏ္ဍာစိုးတွေဟာဒီလိုဉာဏ်ရည်အားကောင်းသူတွေဖြစ်ပါတယ်။

၉။Spiritual Existential-moral intelligence:(ဝိဉာဏ်ဖြစ်တည်မှုနှင့်လူသားဖြစ်တည်မူဉာဏ်ရည်ဉာဏ်သွေး)

တည်ရှိနေတဲ့ လူ့ဘဝရဲ့ ရှင်သန်ခြင်း အဓိပ္ပါယ်ကို ရှာဖွေပြီး ရှင်သန်ခြင်း နဲ့ သေဆုံးခြင်းကြားရှိ ဖြစ်စဉ်ကိစ္စရပ်များအပေါ်  ရှူ့မြင်သုံးသပ်ပြီး စနစ်တကျနေထိုင်ကြသည်။

Multiple Intelligence သီအိုရီကို ဘယ်လို အသုံးပြုမလဲ 

Multiple Intelligence ကို အွန်လိုင်းစာသင်ခန်းမှာ ရော ကျောင်းစာသင်ခန်းမှာ

အသုံးပြုဖို့ဆိုရင် ဆရာ/မ များနေနဲ့ ကျောင်းသားများရဲ့ သင်ယူမှု အားကောင်းစေဖို့ ဉာဏ်ရည်ဉာဏ်သွေးကိုအခြေခံတဲ့ လှုပ်ရှားမှုများ ပြုလုပ်နိုင်ပါတယ်။ တချို့လှုပ်ရှားမှုရဲ့ လုပ်ဆောင်ချက်တွေက တစ်ကြိမ်ဆိုရင် ဆိုသလို သင်ယူသူများအတွက် ခွန်အားတစ်ခု ပိုပြီးရနိုင်ပါတယ်။ ဒါကြောင့် အမျိုးအစားများ အားလုံးစုံအောင် အသုံးပြုနိုင်ရင် ကောင်းတဲ့ အကျိုးရလဒ်များက သင်ယူသူများရဲ့ စိတ်ထဲမှာ  ဆက်ပြီးသင်ကြားနိုင်ဖို့ လှုံဆော်ပေးနိုင်ပါတယ်။ 

  • “ရုပ်ပုံနဲ့ သင်ယူနိုင်တဲ့ စွမ်းရည်”ကို ဖြည့်ဆည်းနိုင်ဖို့ ရုပ်ပုံများကို အသုံးပြုပြီး သင်ကြားခြင်း
  • သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်၍စူးစမ်း‌သင်ယူနိုင်‌သောသူများအတွက် သဘာဝ ပတ်ဝန်းကျင် နဲ့အတူ လေ့လာသော သင်ခန်းစာများဖန်တီးခြင်း
  • “ကျိုးကြောင်းဆီလျော်စွာ အဖြေရှာတတ်တဲ့ ဉာဏ်ရည်” ရှိသူများ နဲ့ “ရုပ်ပုံဖြင့် သင်ယူနိုင်တဲ့ ဉာဏ်ရည်” ရှိသူတွေအတွက် မြေပုံများ ရှာဖွေ ရေးဆွဲခြင်း လေ့ကျင့်ခန်းများအပြင်
  • “စကားလုံးများကို သင်ယူနိုင်တဲ့ ဉာဏ်ရည်ရှိသူ” နဲ့ “လူရည်ပါးနပ်စွာ အခြေအနေပေါ် သုံးသပ်ပြီး သင်ယူနိုင်တဲ့ ထူးချွန်သူ” များအတွက် အကောင်းဆုံး အရည်အချင်းကို ပေါင်းစပ်အသုံးချနိုင်စေဖို့ (၁၀) မိနစ်စာ အကြောင်းအရာတစ်ပေါ် စားရေးခြင်းဖြင့် အချိန်များကို အသုံးချနိုင်ပါတယ်။ 

ဒါဆို သင်ခန်းစာ အကြောင်းအရာတွေကို video နဲ့ လေ့လာလိုက်ရအောင်