Emotional Safe Place (ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခုကို ရှာ​ဖွေခြင်း)

ကိုယ့်အတွက် လုံခြုံတဲ့​နေရာတစ်ခု (Emotional Safe Place) ကို ရှာ​ဖွေရန်နည်းလမ်းအဆင့်များ

  • အရင်ဆုံး တိတ်ဆိတ်ငြိမ်သက်တဲ့ ​နေရာတစ်ခုမှာ သက်​တောင့်သက်သာ ထိုင်လိုက်ပါ။ ဒါမှမဟုတ် စိတ်ကို ငြိမ်သက်စေတဲ့ relaxation music https://youtu.be/OZNmAiTuBPg သီချင်းများ နားထောင်ပြီး စတင်လို့ရပါသည်။   (လဲ​လျောင်းပြီး​တော့ လုပ်မယ်ဆိုရင်လည်း အဆင်​ပြေပါတယ်။)
  • ကိုယ့်အတွက် စိတ်ခံစားချက်အရ အဆင်​ပြေမယ်ဆိုတဲ့ ​နေရာ​လေးတစ်ခုကို စိတ်ကူးထဲမှာ ရှာကြည့်ပါ။ (ကိုယ်အရင်သွားဖူးတဲ့​နေရာ ဖြစ်နိုင်သလို၊ ကိုယ့်စိတ်ကူးထဲက၊ အိမ်မက်ထဲက စိတ်ကူးရင် ​​နေရာ​​လေးတစ်ခု ဖြစ်နိုင်ပါတယ်။ ရုပ်ပုံ၊ ပန်းချီကား၊ ဓါတ်ပုံ​တွေထဲမှာ မြင်ခဲ့ဖူးတဲ့ ကိုယ်သွားချင်တဲ့​နေရာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။)
  • အဲဒီ​နေ​ရာကို စိတ်ကူးကြည့်ပြီးရင် စိတ်ထဲက​နေ သွားကြည့်ရ​အောင်။

(ဖြည်းဖြည်းချင်းသွားကြည့်ပါ။ ​လောစရာမလိုပါဘူး။ တကယ်လို့ အဲ့​နေရာကို ​ရောက်ပြီဆိုရင် ဘယ်လို​နေရာမျိုးလဲလို့ ပုံ​ဖော်ကြည့်ရ​အောင်။)

  • မြင်ကွင်းထဲမှာ ဘာ​တွေမြင်ရသလဲ။

(စိမ်းစို​​နေတဲ့ သစ်ပင်​တွေလား။ အပြာ​ရောင်တန်း​နေတဲ့ ​တောင်တန်း​တွေလား။ ပင်လယ်ပြာပြာလား။ သဲ​သောင်ပြင်​ပေါ်မှာလား။ မြက်ပြင်စိမ်းစိမ်း​တွေကြားထဲမှာလား။ ​​နောက်ထပ်​ကော ဘာ​တွေမြင်ရသလဲ။ ခု​ရောက်​​နေတဲ့ ​နေရာမှာ ဘာအ​ရောင်​တွေ လွမ်းမိုး​နေသလဲ။ အဝါ​ရောင်လား၊ အစိမ်း​ရောင်လား၊ အပြာ​ရောင်လား။)

  • ဘာအသံ​တွေ​​ရော ကြားရပါသလဲ။

(ရေစီးသံ​လေး တသွင်သွင် ကြား​နေရလား။ ​လေတိုးလို့ သစ်ရွက်က​လေး​တွေ လှုပ်​နေတဲ့အသံလား။ ဘာအသံမှ မကြားရလို့ တိတ်ဆိတ်ငြိမ်သက်​​နေတာလဲ ဖြစ်နိုင်ပါတယ်။ ကြားရတဲ့အသံ​လေးကို မှတ်ထားလိုက်ပါ။ 

  • ပြီးရင် အသက်ကို တဝကြီး ပြင်းပြင်းရှူသွင်းလိုက်ပါ။ ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပါ။ ဘယ်လိုမျိုး ရနံ့ရလိုက်ပါသလဲ။ အဲဒီရနံ့​လေးကိုလည်း မှတ်ထားလိုက်ပါ။ 
  • အခု​ရောက်​နေတဲ့​နေရာမှာ အပူအ​အေးရာသီဥတု၊ အထိအ​တွေ့​ရော ဘယ်လိုရှိပါသလဲ။ ​(အေးမြတဲ့ ​လေညင်း​လေး​တွေ တိုက်ခတ်​နေသလား။ ​နွေး​နွေး​ထွေး​ထွေးရှိ​​နေသလား။ အဲဒီ ထိ​တွေ့မှု​လေး​တွေကို မှတ်ထားလိုက်ပါ။)
  • တကယ်လို့ ကိုယ့်စိတ်ကူး​လေးထဲမှာ ​ရောက်​နေတဲ့​နေရာဟာ ကိုယ်သ​​ဘောကျတဲ့​နေရာ​​လေး၊ ကိုယ့်စိတ်ထဲမှာ ​နွေး​ထွေးလုံခြုံမှု​ပေးနိုင်တဲ့ ​နေရာ​လေးလို့ ခံစားရရင် အဲဒီ​နေရာကိုကိုယ့်ရဲ့ Safe Place ​နေရာအဖြစ် သတ်မှတ်​ပေးပါ။
  • ပြီးရင် အဲ့​နေရာကို နာမည်​ပေးချင်ပါသလား။​ပေးချင်တယ်ဆိုရင် နာမည်တစ်ခုခု ​ပေးလိုက်ပါ။

(ကိုယ့်ကိုယ်ပိုင် စိတ်ကူးထဲက ဘယ်လို​နေရာမျိုးမဆို ​ပေးနိုင်ပါတယ်။)

  • ဒီ​နေရာ​လေးကို ​နောက်တစ်ခါ ပြန်လာချင်စိတ်ရှိလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ​မေးခွန်းထုတ်လိုက်ပါ။ စိတ်တိုင်းမကျဘူးဆိုရင် ​နောက်တစ်​နေရာ ပြန်သွားကြည့်လို့ရပါတယ်။
  • ဒါ​ပေမဲ့ ​ရောက်သွားတဲ့​​နေရာတိုင်းမှာ ​စော​စောက ​ပြောသွားတဲ့ဟာ​လေး​တွေကို ပြန်ပြီး​လေ့ကျင့်ကြည့်ပါ။ (ဘာ​တွေမြင်လဲ။ ဘာ​တွေကြားလဲ။ ဘယ်လိုရနံ့တွေ ရသလဲ။ ဘယ်လိုအထိအ​တွေ့ ရာသီဥတုမျိုးကို ခံစားရသလဲ။)
  • အဲ့ဒီလိုမျိုး လုပ်ရင်း ကိုယ့်ရဲ့ စိတ်အ​ခြေအ​နေ အဆင်​ပြေလာပြီဆိုရင် အဲ့​နေရာက​နေ ကိုယ့်ရဲ့နဂိုမူလရှိတဲ့​နေရာကို ဖြည်းဖြည်းချင်း ပြန်လာပါ။
  • ကိုယ့်ရဲ့​နေရာကို ပြန်​ရောက်ပြီဆိုရင် အသက်ပြင်းပြင်း​လေးတစ်ကြိမ် ရှူသွင်းရှူထုတ် လုပ်လိုက်ပါ။
  • အခုဆိုရင် ကိုယ့်ရဲ့ နဂိုမူလ​နေရာကို ပြန်​ရောက်ပါပြီ။ 

ဒီကိုယ့်ရဲ့ ကိုယ်ပိုင်လုံခြုံတဲ့​နေရာ​လေးကို ကိုယ့်စိတ်ထဲ စိတ်ဖိစီးမှု​တွေ ခံစားရတဲ့အခါ၊ စိတ်ခံစားချက်​တွေ ပြင်းထန်လာတဲ့ အခါမျိုးမှာ ဒီ​နေရာ​သွားလိုက်လို့ စိတ်ထဲအဆင်​ပြေမယ်ထင်ရင် အချိန်မ​ရွေးပြန်လာလို့ရပါတယ်။ 

Emotional Safe Placeကို ရှာ​ဖွေရန်နည်းလမ်းအဆင့်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။