HOC Self_Learning

1. Account Opening 

ဒီဗီဒီယိုထဲမှာတော့Code.org ဝဘ်ဆိုက်စာမျက်နှာပေါ်မှာကျောင်းသားအကောင့်ဖွင့်နည်းကိုလေ့လာရမှာပါ။

2. Explore Code.org

ဒီနေ့ လေ့လာရမယ့် ဗီဒီယိုထဲမှာတော့ Hour of code သင်ခန်းစာတွေထဲမှာ ဘယ်လိုဂိမ်း activities တွေပါမလဲ ၊ level အလိုက် grade အလိုက် ဘယ်လိုရှာလို့ရမလဲဆိုတာကိုလေ့လာနိုင်ပါတယ်။

3. Music Lab Jam Session 

ဒီနေ့ လေ့လာရမယ့် ဗီဒီယိုထဲမှာတော့ သီချင်းတွေနားထောင်ရတာ၊ သံစဉ်တွေကို ဆန်းသစ်တီထွင်ရတာကြိုက်တဲ့သူတွေအတွက် သံစဉ်တွေကို ဖန်တီးရင်း Coding တွေအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့သီချင်းတွေကို တီးလုံးဗားရှင်းတွေပြောင်းရင်း Activity အဆုံးမှာတော့ ကိုယ်ပိုင်သံစဉ်တွေကိုပါ ဖန်တီးနိုင်ဦးမှာဖြစ်ပါတယ်။ 

4. AI for Ocean 

ဒီနေ့လေ့လာရမဲ့ ဗီဒီယိုထဲမှာဆိုရင် Ai လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာအကြောင်းကိုalgorithm နဲ့ချိတ်ဆက်ပြီး Oceans ထဲမှာရှိတဲ့ creatures တွေအတွက်ဘယ်လိုအသုံးပြုမလဲဆိုတာကို ဥပမာတွေနဲ့သင်ရမှာပါ

5. Flappy Code

ဒီနေ့ လေ့လာရမယ့် ဗီဒီယိုထဲမှာဆိုရင် ဖုန်းဂိမ်းတွေထဲမှာ လူကြီးလူငယ်မရွေးကြိုက်ကြပြီး နာမည်ကြီးခဲ့တဲ့ Flappy game ကို ပြန်ဆော့ရင်း code တွေကို လေ့လာကြရမှာဖြစ်ပါတယ်။ အခက်အခဲမျိုးစုံကြား Level မြင့်အောင် ကြိုးစားဆော့ခဲ့ရတဲ့ဂိမ်းကို အစအဆုံး ကိုယ်တိုင်ဖန်တီးလို့ရဦးမှာဆိုတော့ ဂိမ်း Developer ဖြစ်ချင်တဲ့သူတွေအတွက် ကျော်သွားလို့မဖြစ်ဘူးနော်။ 

6. Minecraft Adventures 

ဒီနေ့ လေ့လာရမယ့် ဗီဒီယိုထဲမှာဆိုရင် ငယ်ငယ်တုန်းက (အများစု) ဆော့ဖူးကြတဲ့ Minecraft ကို screen ပေါ်မှာ ပြန်တွေ့ရမှာဖြစ်ပြီး ကိုယ်တိုင်ဝင်ဆော့ရင်း code တွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒါ့အပြင် Engineering ကို စိတ်ဝင်စားသူတွေအတွက်ကတော့ အထူး bonus အနေနဲ့ activity အဆုံးမှာ ကိုယ်တိုင် အင်ဂျင်နီယာအနေနဲ့ တည်ဆောက်ရမယ့်အပိုင်းတွေလည်း ပါဦးမှာဖြစ်ပါတယ်။ 

7. Choose your team and make a basketball game

ဒီနေ့ လေ့လာရမယ့် ဗီဒီယိုထဲမှာဆိုရင် ကျောင်းသားတွေက ကိုယ်ပိုင် Basketball Game တစ်ခုကို ဖန်တီးရင်း Computer Science ရဲ့ အရေးကြီးဆုံး Concepts တစ်ခုဖြစ်တဲ့ Events ကို လေ့လာနိုင်ပါမယ်။

Events ဆိုတာ ကွန်ပျူတာပရိုဂရမ်တစ်ခုက အသုံးပြုသူရဲ့ လုပ်ဆောင်ချက်တွေကို (ဥပမာ– key နှိပ်ခြင်း၊ click လုပ်ခြင်း၊ ဂိမ်းထဲမှာ ပစ္စည်းတွေ တိုက်မိခြင်း) တုံ့ပြန်လုပ်ဆောင်ပေးတဲ့ အရာတွေကို ဆိုလိုပါတယ်။

ဒီသင်ခန်းစာအတွင်းမှာ ကျောင်းသားတွေဟာ Block Coding ကို အသုံးပြုပြီး Puzzle တွေကို ဖြေရှင်းသွားရင်း—

  • Arrow Key တွေဖြင့် လက်ကို ရွှေ့နိုင်အောင် Program ရေးခြင်း
  • Object တွေ တိုက်မိတဲ့အခါ အသံထွက်အောင် ထည့်သွင်းခြင်း
  • ဂိမ်းလုပ်ဆောင်ပုံကို စမ်းသပ်ပြီး ပြင်ဆင်ခြင်း (Debugging)

စတဲ့ အခြေခံ Coding နည်းလမ်းတွေကို လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာအဆုံးမှာတော့ ကျောင်းသားတွေက ဂိမ်းရဲ့ Speed ကိုပြောင်းခြင်း၊ Sound Effect တွေထည့်ခြင်း စတဲ့ Customization များဖြင့် ကိုယ့်ဂိမ်းကို ပိုမိုထူးခြားအောင် ဖန်တီးနိုင်ပါမယ်။